Wednesday, September 21, 2016

Android ဖုန်းကို အဝေးတစ်နေရာကနေထိန်းချုပ်နည်း



Android OS မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာနဲ့ ထိန်းချူပ်ပြီး အသုံးပြုတဲ့နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
ကိုယ့်ဖုန်းကို ကွန်ပျူတာထဲကနေ မြန်မြန်ဆန်ဆန်အသုံးပြုလိုသူများတွက်အဆင်ပြေသလို  ကိုယ့်မိတ်ဆွေသူငယ်ချင်းများရဲ့ ဖုန်းက error တစ်ခုခုဖြစ်လို့ အကူအညီတောင်းတဲ့အခါ အိမ်သွားပြီးလုပ်ပေးစရာမလိုဘဲ ကိုယ့်ကွန်ပျူတာနဲ့ အဝေးကနေ သူ့ ဖုန်းကိုဝင်ကြည့်ပေးလို့ ရတဲ့အတွက် အရမ်းကောင်းတဲ့ နည်းပညာလေးတစ်ခုလည်းဖြစ်ပါတယ်။  ပညာရအောင် အားလုံးလေ့လာထားသင့်ပါတယ်။
အသုံးပြုရန် ကွန်ပျူတာအတွက် ဆော့ဝဲလ်တစ်ခုနဲ့  ဖုန်းအတွက် Apk နှစ်ခုကိုဒေါင်းထားရပါတယ်။
ကွန်ပျူတာမှာတော့ ကွန်ပျူတာဆော့ဝဲလ်ကို Run ပြီးဖွင့်ထားပါ။
ဖုန်းအတွက် Apk နှစ်ခုကိုလည်း ဒေါင်းပြီး Install လုပ်ထားပါ။
ပြီးရင်တော့ အောက်ကအသုံးပြုနည်းတွေအတိုင်း လုပ်ဆောင်နိုင်ပါပြီ။ ဖုန်းရော ကွန်ပျူတာမှာပါ Internet ရှိထားဖို့ လိုပါတယ်...လွယ်ကူပြီးသုံးလို့ အရမ်းကောင်းပါတယ်။
လိုအပ်တဲ့ဆော့ဝဲလ်ကိုတော့အောက်မှာဒေါင်းယူနိုင်ပါတယ်။
ကွန်ပျူတာအတွက် TeamViewer အားဒေါင်းယူရန်။
ဖုန်းအတွက် Apk ကိုဒေါင်းယူရန်
ဒီ Link ကတော့ ဖုန်းထဲကနေ ကွန်ပျူတာကိုထိန်းချူပ်နည်းပါ လေ့လာနိုင်ပါတယ်။





No comments:

Post a Comment