Wednesday, September 21, 2016

သင့်ဖုန်းမှာ Facebook Messenger အကောင့်များစွာကို အသုံးပြုနည်း



1
သင့်မှာ Facebook အကောင့်များစွာ ရှိရင်ပဲဖြစ်ဖြစ်၊ Android Phone or Tablet တစ်လုံးကို မိသားစုဝင်များ မျှဝေ အသုံးပြုရင်ပဲဖြစ်ဖြစ် ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ Facebook က Messenger Version အသစ်မှာ အကောင့်များစွာကို အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ သင့် အကောင့်များစွာ ဒါမှမဟုတ် မိသားစုဝင်များရဲ့ အကောင့်များစွာကို Messenger မှာ Add လုပ်နိုင်ပါတယ်။ အဲဒီအတွက် သင့်အကောင့်နောက်တစ်ခုကို အသုံးပြုချင်ရင်ဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်က အသုံးပြုချင်ရင် ဖြစ်ဖြစ် Login , Logout လုပ်ရတဲ့ အလုပ်ရှုပ်မှုများ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အကောင့်များစွာကို အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်ကို Android Device များမှာသာ အသုံးပြုနိုင်ပါသေးတယ်။
အကောင့်များစွာကို သင့်ရဲ့ Android မှာ ထည့်သွင်းနိုင်ဖို့အတွက် သင့်ဖုန်းမှာ Messenger Version အသစ်ကို Install လုပ်ထားပါ။ Version Number 59.0.0.27.79 အောက်မှာတော့ အလုပ်မလုပ်ပါဘူး။
သင့်ဖုန်း ၊ တက်ဘလက်မှ Facebook Messenger ကို ဖွင့်ပါ။
Settings Tab ကို နှိပ်ပါ။
အောက်ခြေကို ဆင်းပြီး Accounts ထဲကို သွားပါ။
2
Accounts ကဏ္ဍထဲမှ Plus Button ကို နှိပ်ပါ။
အီးမေး သို့မဟုတ် ဖုန်းနံပါတ်နဲ့ အတူ Password ထည့်ပေးပါ။ “ Require a password when switching to this account.” မှာ အမှန်ခြစ်ပေးသင့်ပါတယ်။ အဲဒါမှသာ သင့်အကောင့်ကို အခြား လူများက အသုံးမပြုနိုင်မှာ ဖြစ်ပါတယ်။ အလားတူပဲ အခြားလူများအကောင့်ကိုလည်း ကာကွယ်ပေးထားပြီးသား ဖြစ်မှာပါ။
3
အကောင့်အသစ်တစ်ခုကို ထည့်သွင်းပြီးတာနဲ့ အဲဒီအကောင့်ကို အလိုအလျှောက် ပြောင်းပေးမှာပါ။ အဲဒီအကောင့်ရဲ့ Conversations များကိုသာ ပြသပေးမှာဖြစ်ပြီး အခြားအကောင့်များရဲ့ Conversations များကို ဖွက်ထားပေးမှာဖြစ်ပါတယ်။
အကောင့်တစ်ခုကို ဖယ်ရှားချင်ရင် Settings> Accounts ထဲသွားပါ။ ဖယ်ရှားချင်တဲ့ အကောင့်ရဲ့ ညာဘက်ဘေးမှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပါ။ Remove account ကို နှိပ်ပါ။
4
အကောင့်များကို ပြောင်းလဲ အသုံးပြုချင်ရင် Settings> Accounts ထဲသွားပါ။ အသုံးပြုချင်တဲ့ အကောင့်ကို တစ်ချက်နှိပ်ပါ။ Continue ကို နှိပ်ပြီး Password ကို ထည့်ပေးပါ။
Messenger မှာ နှစ်သက်သလောက် အကောင့်များစွာကို ထည့်သွင်းနိုင်ပါတယ်။
Ref: Myanmardigitallife.com

No comments:

Post a Comment