လူကြိုက်များ၍ ရောင်းအားကောင်းသော တက်ဘလက်များ ရောင်းချမှုတွင် အောင်မြင်လျက်ရှိသည့် Samsung Electronics Co., Ltd သည် Galaxy တက်ဘလက်မျိုးဆက်သစ်ဖြစ်သော Galaxy Tab J အား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခုမိတ်ဆက်လိုက်သော Samsung Galaxy Tab J ၏ အသုံးဝင်ပုံများကို ရွေးချယ် ဖေါ်ပြပေးသွားမည်ဖြစ်သည်။

ကိုယ်ထည်တည်ဆောက်မှု
တက်ဘလက်အမျိုးအစားဆိုပေမယ့်သုံးစွဲသူကိုပေါ့ပါးပြီးသယ်ဆောင်ရလွယ်ကူစေဖို့လည်းအရေးပါတဲ့အချက် ပါပဲ။ဒီတက်ဘလက်မှာ သုံးစွဲသူများလက်ထဲကိုင်ဆောင်ထားစဉ်မှာ စမတ်လည်းကျ ၊သယ်ဆောင်ရလည်းပေါ့ပါး၊စေနိုင်တဲ့ဒီဇိုင်းနဲ့ပြုလုပ်ထားပါတယ်။တက်ဘလက်ဆိုသော်လည်း ပါး လွှာတဲ့ဒီဇိုင်းမျိုးဖြစ်အောင် ဖုန်းရဲ့ အလျား×အနံ×အမြင့် ကို 186.9 x 108.8 x 8.7 mm နဲ့တည် ဆောက်ထားပါတယ်။လက်မအနေနဲ့တိုင်းထွာမယ်ဆိုရင်တော့7.36 x 4.28 x 0.34 in ပဲ၇ှိပါတယ်။ သယ်ဆောင်ရာ မှာလည်းလွယ်ကူပေါ့ပါးအောင် အလေးချိန်ကို 289 g အထိ ပြု လုပ်ပေးထားပါတယ်။

မျက်နှာပြင်နှင့်ဖျော်ဖြေရေး
Samsung Galaxy Tab J ၏ မျက်နှာပြင်မှာ ၇ လက်မရှိပြီး ထိတွေ့မျက်နှာပြင်ကို PLS capacitive touchscreen, 16M colors ကိုတပ်ဆင်ပေးထားပါတယ်။ကြည့်ရှုခံစားနိုင်တဲ့ ရုပ်ထွက်အရည်အသွေး ပိုင်းကတော့ 800 x 1280 pixels ရှိပါတယ်။ဒါကြောင့်အရည်အသွေးမြင့်တဲ့ HD ဗီဒီယိုတွေကိုအ ရည်အသွေးပြည့်မှီစွာနဲ့ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Multitouch ကိုသုံးစွဲနေကြဖြစ်လို့ ဒီ တက်ဘလက်မှာလည်း Multitouch ကိုပဲသုံးစွဲပေးထားပါတယ်။ဖျော်ဖြေရေးအပိုင်းတွေအတွက် Android OS ကိုသုံးစွဲပေးထားပြီး v5.1 (Lollipop) နဲ့မောင်းနှင်ပေးမှာဖြစ်ပါတယ်။ဂိမ်းအကြီးတွေ၊ဂိမ်း အမြင့်တွေကို အထစ်အငေါ့မရှိကစားနိုင်စေဖို့အတွက် CPU Quad-core 1.5 GHz Cortex-A7 နဲ့ထောက်ပံ့ပေးထားပြီး CPU ကိုအချိန်ကြာမြင့်စွာလည်ပတ်စေဖို့အတွက် GPU Mali-400MP2 က အားဖြည့်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။Chipset ကို Spreadtrum SC8830 အသုံးပြုထားတဲ့အ တွက်လည်း Function တစ်ခုမှတစ်ခုသို့ရွှေ့ပြောင်းရာမှာ လေးဖင့်နှေးကွေးမနေစေတော့ပါဘူး

ကင်မရာနဲ့မှတ်ဥာဏ်
Samsung Galaxy Tab J ၏ ကင်မရာပိုင်းတည်ဆောက်မှုမှာ အားနည်းတာတော့တွေ့ရပါတယ်။ ကင်မရာပိုင်းကို ရှေ့ကင်မရာ 2MP နဲ့၊ကျော်ဘက်ကင်မရာ 8MP ဖြင့်တည်ဆောက်ထားတဲ့အတွက် ရုပ်ပုံတွေရိုက်ကူးရာမှာ ကြည်လင်ပြတ်သားမှု၇ှိစေတယ်ဆိုပေမယ့်လည်း အရည်အသွေးအနည်းငယ် နိမ့်တာကိုတော့တွေ့ရပါတယ်။ရုပ်ပုံတွေကိုတော့ Autofocus နဲ့ဖမ်းယူပေးမှာဖြစ်ပြီး 1.9 စက္ကန့် လျှက်တစ်ပုံနှုန်းဖြင့် ရုပ်ပုံတွေကိုဖမ်ယူးသိမ်းဆည်းပေးမှာဖြစ်ပါတယ်။တက်ဘလက်အတွင်းပါမှတ် ဥာဏ်ပမာဏမှာ Internal 8GB နှင့် RAM 1.5 GB ရှိပါတယ်။အပိုထပ်တိုးမှတ်ဥာဏ်ပမာဏကို 256 GBအထိတိုးမြှင့်နိုင်တဲ့အတွက် Data တွေကိုလုံလုံလောက်လောက်သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

အသံပိုင်းနှင့်ကွန်ယက်ချိတ်ဆက်မှု
အသံပိုင်းကြည်လင်ပြတ်သားပြီး နားဆင်သူစိတ်ကျေနပ်စေရန်အတွက် Speaker ကို Loudspeaker သုံးစွပြေးထားပါတယ်။မည်သည့်နားကြပ်နှင့်မဆိုနားဆင်နိုင်ရန်အတွက် Jack Port  3.5mm သုံး စွပြေးထားပါတယ်။အခြားကွန်ယက်ချိတ်ဆက်မှုတွေအနေနဲ့ Wi-Fi ,Bluetooth ,GPS စတာတွေ အသုံးပြုနိုင်ပါမယ်။

ဖုန်းပြောနိုင်တဲ့တက်ဘလက်
အချို့တက်ဘလက်တွေမှာတော့ ဆင်းမ်ကတ်ကိုထည့်သွင်းအသုံးပြုရသော်လည်း ဖုန်းပြောဆိုနိုင် ခြင်းမ၇ှိပါဘူး။အင်တာနက်သီးသန့်သုံးစွဲရုံ၊စာတိုလက်ခံရုံလောက်ပဲ အသုံးပြုနိုင်တာပါ။ဒီ တက်ဘ လက်မှာတော့ ဖုန်းတစ်လုံးကဲ့သို့ ဖုန်းပြောဆိုခြင်း၊စာတိုပို့ခြင်း၊အင်တာနက်သုံးစွဲခြင်းတွေကို ပြုလုပ် နိုင်တဲ့အတွက် လက်ရှိသုံစွဲနေတဲ့ဆင်းမ်ကတ်ကိုပဲထည်းသွင်းအသုံးပြုနိုင်ပြီး E-Book ဖတ်တာ၊ဂိမ်း ကစားတာ၊အင်တာနက်သုံးနေတာပဲဖြစ်ဖြစ်အ၀င်လက်ခံဖုန်းတွေကို လက်မလွှတ်တမ်းပြန်လည်ပြော ဆိုနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ၊အားသာချက် နှင့်တန်ဖိုး
အချိန်ကြာကြာ ဗီဒီယိုကြည့်ရှုတာ၊ဂိမ်းကစားတာ၊ဖုန်းပြောဆိုတာ၊အင်တာနက်သုံးစွဲတာတွေ ပြုလုပ် နိုင်စေဖို့အတွက် Non-removable Li-Ion 4000 mAh battery ကိုသုံးစွဲပေးထားပါတယ်။ဒီတက်ဘ လက်မှာ အခြား တက်ဘလက်တွေနဲ့မတူညီတဲ့အချက်ကတော့ ဖုန်းပြောဆိုနိုင်ခြင်းပါပဲ၊အားနည်းချက် ကတော့ ကင်မရာပိုင်းအရည်အသွေးအနည်းငယ်နိမ့်ကျနေတဲ့အတွက် ပြည်တွင်းသုံးစွဲသူအများစုဟာ လက်ရှိအချိန်မှာ ကင်မရာပိုင်းကိုစိတ်ဝင်စားနေတဲ့အတွက် အနည်းငယ်တော့ စိတ်ဝင်စားမှုကို လျှော့ ကျစေနိုင်ပါတယ်။ဒါပေမယ့် Samsung Brand ကိုယုံကြည်စွာသုံးစွဲလာကြတဲ့ သူတွေကလည်း ထုနှင့်ဒေး ရှိနေပြီဖြစ်တဲ့အတွက် သုံးစွဲမှုနှုန်းလျှော့ကျမှာတော့မဟုတ်ပါဘူး။တန်ဖိုးကလည်း မျက်နှာပြင်ကြီးပြီး စမတ်ကျတဲ့ တက်ဘလက်တစ်လုံးကို ၁၉၅၀၀၀ ကျပ်ဖြင့်ရောင်းချပေးမှာဆို တော့ အလွန်တန်တဲ့စမတ်တက်ဘလက်တစ်လုံးလို့ဆိုရတော့မှာဖြစ်ပါတယ်။