Tuesday, September 27, 2016

Google က Trips App ကို မိတ်ဆက်


 
 
 
 
ခရီးသွားသူများအတွက် အသုံးဝင်မယ့် App တစ်ခုကို Google က မိတ်ဆက်လိုက်ပါတယ်။ Trips လို့ အမည်ပေးထားပြီး iOS နဲ့ Android ၂ မျိုးစလုံးအတွက် ဖြန့်ချီပေးလိုက်တာ ဖြစ်ပါတယ်။ Trips က သင့်ရဲ့ အတိတ်မှ ခရီးများနဲ့ နောက်သွားမယ့် ခရီးများ အားလုံးကို ခြေရာခံ မှတ်တမ်းတင်ပေးမှာ ဖြစ်ပြီး သင်လိုအပ်မယ့် သတင်းအချက်အလက်အားလုံးကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ လေယာဉ်နဲ့ ဟိုတယ် အခန်းများ ကြိုတင်မှာယူခြင်း၊ မြေပုံမှာ လမ်းညွှန်ပြခြင်း၊ စားသောက်ဆိုင်များကို အကြံပြုပေးခြင်း စတာတွေကို Offline ပံ့ပိုးပေးနိုင်ပါတယ်။
Trips ကို သင့်ရဲ့ အီးမေးအကောင့်ဖြင့် ချိတ်ဆက်ခြင်းဖြင့် သူက သင့် Email Inbox ရှိ သတင်းအချက်အလက်များထဲမှ သင့်ရဲ့ အတိတ်နဲ့ အနာဂတ် ခရီးစဉ် သတင်းအချက်အလက်အားလုံးကို ရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သူက သင့်ရဲ့ အတိတ်နဲ့ အနာဂတ် ခရီးတစ်ခုစီအတွက် ကဒ်များကို ဖန်တီးပေးမှာပါ။ ခရီးတစ်ခုအတွက် ကဒ်တစ်ခုစီမှာ သင့်ခရီးအတွက် လိုအပ်မယ်လို့ ထင်တဲ့ သတင်းအချက်အလက်များကို ပြသပေးဖို့ ကဏ္ဍခွဲများစွာ ပါရှိပါတယ်။ အဲဒီ ကဏ္ဍများထဲမှာ Booking ပြုလုပ်ခြင်း၊ လုပ်ရမယ့် အရာများအတွက် နည်းလမ်းပေးခြင်း၊ အစားအစာ၊ အရေးပေါ်ဖုန်းနံပါတ်၊ ဆေးရုံ စတာတွေ ပါဝင်ပါတယ်။
“ Things to do “ နဲ့ “ Day plans “ ကဏ္ဍများက လည်ပတ်ရမယ့် အစီအစဉ်များကို ပံ့ပိုးပေးထားတဲ့ အတွက် အလွန် အသုံးဝင်ပါတယ်။ “ Thing to do “ ထဲမှာ Google Destinations ကို အခြေခံ၍ အဲဒီနိုင်ငံရဲ့ အထင်ကရ နေရာများကို ပြသထားပါတယ်။ “ Day plans “ မှာ ခရီးစဉ် လမ်းကြောင်းများကို အသေးစိတ်ပြသထားပါတယ်။
Trips App ဒေါင်းယူရန်
Ref: Myanmardigitallife
 
 

No comments:

Post a Comment