Saturday, September 24, 2016

♪ MCPA ၏ “Hardware (A+) and System Troubleshooting” အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်မည် ♫


ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (MCPA) မှ Hardware (A+) and System Troubleshooting အမှတ်စဉ် (၂) သင်တန်းကို (၂၀၁၆) ခုနှစ် ၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားမယ်လို့သိရပါတယ် ။

ဒီနေ့ခေတ် IT Environment မှာ ကျွမ်းကျင်တဲ့ Hardware Engineer တွေ ပေါ်ထွက်လာဖို့နဲ့ System ပိုင်းကို ထဲထဲဝင်ဝင် ကျွမ်းကျင်ပိုင်နိုင်တဲ့ IT Technician များ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ် ပြီး သင်တန်းပြီးဆုံးပါက Hardware Engineer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ် ။ အတန်းတက်ချိန် ၇၅ % မပြည့်မီသူများကိုတော့သင်တန်းဆင်းလက်မှတ်ပေးအပ်မှာမဟုတ်ဘူး လို့ သိရပါတယ် ။

ပို့ချမယ့်ဘာသာရပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။
Content Overview – “ံHardware (A+) and System Troubleshooting”
• Introduction to Computer System
• Essential Hardware Components
• Operating System Technologies
• Installation and Configuration Microsoft Windows OS
• Device Drivers & Third party application
• System Maintenance
• System Tweaking with Group Policy
• Mastering System with Registry
• Command Line Usage
• Data Recovery
• Linux OS Installation
• Linux application package management
• System Security
• Fundamental Reverse Engineering
• Workgroup Level Setup
• Troubleshooting
• Bonus အနေဖြင့် Keylogger (Hardware) & Wi-Fi Hacking

သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် မှ နိုဝင်ဘာလ (၂၇) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ၀၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
သင်တန်းကြေး – ၂၀၀,၀၀၀ိ/ ( နှစ်သိန်းကျပ်တိတိ)
MCPA Member (50%) – ၁၀၀,၀၀၀ (တစ်သိန်းကျပ်တိတိ)
သင်တန်းသားဦးရေ – (၂၀) ဦး
သင်တန်းနေရာ – အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထားပြီး MCPA ရုံးခန်းသို့ သွားရောက်စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့သိရပါတယ် ။

Credit to ==> Digital Times

No comments:

Post a Comment