Friday, September 23, 2016

♪ iOS 10 ကို update ပြုလုပ်သင့်တဲ့ အကြောင်းပြချက် (၉) ချက် ♫


Apple ရဲ့  Mobile Operating System ဖြစ်တဲ့ iOS Version အသစ်ထွက်တိုင်းထွက်တိုင်းမှာ Apple User တွေအနေနဲ့ ဘာတွေများ ပိုမိုထူးခြားလာမလဲ ၊ ပိုမိုကောင်းမွန်လာမလဲဆိုတဲ့ ပြောင်းလဲမှုတွေကို ရင်ခုန်စွာ စောင့်မျှော်နေကြရတာ ထုံးစံပါပဲ ။ မကြာခင်က ထွက်ရှိလာတဲ့ iOS 10 update မှာလည်း ထူးထူးခြားခြား ပြောင်းလည်းမှုတွေပါဝင်လာပြီး တိုးတက်ကောင်းမွန်တဲ့ Feature အသစ်တွေအများအပြား ပါဝင်လာတာ တွေ့မြင်ရပါတယ် ။ အားနည်းချက်အနည်းငယ်ကတော့ ရှိစမြဲဆိုပေမယ့် update ပြုလုပ် သင့်တဲ့ ကောင်းကွက်တွေကို စုစည်းတင်ပြလိုက်ပါတယ် ။

၁။ ဘယ်တော့မှ မသုံးတဲ့ stock app တွေကို ဖျက်နိုင်ပြီ
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210392%2fstockapps
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210396%2funnamed-1

နောက်ဆုံးတော့ Apple User တွေရဲ့မျှော်လင့်ချက်တစ်ခုပြည့်ဝလာပါပြီ ။ iOS မှာ Calculator, Calendar, Compass, iTunes Store, News, Stocks နဲ့Weather စတဲ့ Built-in ပါဝင်တဲ့ App တွေအများအပြားရှိနေပါတယ် ။ အဲ့ App တွေကို ယခင်က Folder တစ်ခုပြုလုပ်ပြီး သပ်သပ်ထားထားရပါတယ် ။ အခုတော့ iOS 10 မှာ အဲ့ App တွေထဲက မိမိအတွက် အသုံးမဝင်တဲ့ App တွေကို ဖျက်ပစ်နိုင်ပြီဖြစ်ပါတယ် ။

၂။ စာလုံးတွေကို Emoji အဖြစ်ပြောင်းနိုင်ပြီ
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210637%2f37ca181bd5f94f8bbaf2ed01833e9c31-1

Message ပို့ဖို့အတွက် စာရိုက်ရတာ ပိုမိုစိတ်ကျေနပ်စရာကောင်းလာပါပြီ ။ iOS 10 မှာအသစ်ပါဝင်လာတဲ့ Keyboard Function အသစ်က Emoji တွေနဲ့ စကားပြောနိုင်စေမှာပါ ။ ဥပမာ သင့်အနေနဲ့ book လို့ရိုက်လိုက်ပြီး select မှတ်လိုက်တာနဲ့ စာအုပ်ပုံ Emoji လေးပြပေးမှာဖြစ်ပြီး စာလုံးကို Emoji နဲ့ အလွယ်တကူ အစားထိုးအသုံးပြုနိုင်ပြီဖြစ်ပါတယ် ။ ဥပမာ – coffee, beach, basketball စသဖြင့်ပေါ့ ။ စာလုံးနဲ့ စကားပြောမလား၊ Emoji တွေနဲ့ပဲပြောမလား သင့်စိတ်တိုင်းကျပါပဲ ။

၃။ Sticker တွေကို bundle လိုက်ပို့နိုင်ပြီ
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210494%2f1e5347a2c5de41e4b01d6e2da5621246-1

iOS 10 ရဲ့Keyboard Function အသစ်မှာ Emoji Feature တင်မကဘဲ အလွယ်တကူ Download ပြုလုပ်နိုင်တဲ့ Sticker တွေကို အရင်လို တစ်ခုချင်းမဟုတ်ပဲ bundle လိုက်ပို့နိုင်ပြီဖြစ်ပြီး GIFs တွေပို့ဖို့လည်း ပိုမိုလွယ်ကူလာပါတယ် ။

၎။ Magnifier Tool အသစ်
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210695%2funnamed-4 https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210697%2funnamed-5

အမြင်အာရုံအာနည်းတဲ့သူတွေအတွက် သတင်းကောင်းပါ ။ မျက်မှန်မေ့ကျန်ခဲ့လို့ ဝါးတားတားဖြစ်နေတဲ့ သူတွေအတွက် မျက်မှန်လိုမျိုး အရာဝတ္ထုတွေကို ပုံကြီးချဲ့ပြီး ကြည့်မြင်နိုင်စေမယ့် Magnifier Tool အသစ်ပါဝင်လာတယ် ။ မိမိကြည့်လိုတဲ့ အရာဝတ္ထုကို မိမိ ဖုန်းရဲ့ ကင်မရာကတစ်ဆင့် ချဲ့ကြည့်နိုင်မယ့် Feature အသစ်တစ်ခုဖြစ်ပါတယ် ။

Settings > General > Accessibility > Magnifier (then click the Home button three times in your camera to use).

၅။ Typing & Locking Sounds အသစ်များ
စာရိုက်တဲ့အခါ နဲ့ Lock အပိတ်အဖွင့် ဖြစ်တဲ့အခါမျိုးမှာ ထွက်ပေါ်တတ်တဲ့ အသံတွေဟာ တခါတရံ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် User အတော်များများက ပိတ်ထားလေ့ရှိကြပါတယ် ။ သင်လည်း အဲလိုပိတ်ထားတတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ အခု iOS 10 ရဲ့ Keyboard & Lock Sounds အသစ် တွေကို ခံစားမိမှာမဟုတ်ပါဘူး ။ User အများစုကတော့ အဲ့ဒီ အသံတွေကို နှစ်ခြိုက်သဘောကျကြောင်း Feedback တွေပေးပြီး တစ်နေကုန် ထိုင်ပြီး Space ထိုင်ရိုက်ကာ နားထောင်နေမိတယ် ဆိုတဲ့ User တွေတောင် ပါဝင်ပါသတဲ့ ။

၆။ web links တွေ share ရတာ ပိုလွယ်ကူလာတယ်
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210715%2funnamed-6

iOS 10 မှာ web links တွေကို share ဖို့ copy/paste စရာမလိုဘဲ Link အပေါ်ကိုဖိနှိပ်ထားပြီး လွှတ်လိုက်တာနဲ့ Open နဲ့ Copy တို့အပြင် Share ဆိုတဲ့ အကွက်တစ်ကွက် အသစ်ပါဝင်လာ တာဖြစ်ပါတယ် ။

၇။ Music Preview ကို message ကနေ ပို့နိုင်ပြီ
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210740%2f078d8374175f4b5ca25bacd48a0d597f-1

သင်နှစ်သက်တဲ့ သီချင်းကောင်းတစ်ပုဒ် ကို သင့်သူငယ်ချင်း တွေလည်း ထပ်တူနားဆင်နိုင်စေဖို့ အလွယ်ကူဆုံး မိတ်ဆက်ပေးနိုင်မယ့် နည်းလမ်း iOS 10 မှာပါဝင်လာပါပြီ ။ Apple Music ထဲက သင်နားထောင်နေကျ သီချင်း တစ်ပုဒ်ကို Touch တစ်ချက်နှိပ်ရုံနဲ့ message ကနေ preview ပို့နိုင်ပြီဖြစ်ပါတယ် ။

၈။ အလွယ်ကူဆုံး Camera Access
https-%2f%2fblueprint-api-production-s3-amazonaws-com%2fuploads%2fcard%2fimage%2f210749%2funnamed-7-1

iOS 10 မှာ Camera ကိုဝင်ဖို့ အရမ်းကို လွယ်ကူရိုးရှင်းသွားပြီဖြစ်ပါတယ် ။ Lock Screen ရဲ့ ဘယ်ဘက်ကို Swipe လုပ်လိုက်ရုံပါပဲ ။

၉။ သီချင်းဖွင့်ထားရင်း Camera သုံးနိုင်ပြီ
iOS 10 မှာ Apple user တွေ သီချင်းနားထောင်ရင်း ဓာတ်ပုံရိုက်လို့ရပါပြီ ။ Video Mode မပြောင်းမချင်း Music Playback က အလုပ်လုပ်နေမှာဖြစ်ပါတယ် ။

Credit to ==> Digital Times




No comments:

Post a Comment