Friday, September 30, 2016

♪ အူရီဒူးမြန်မာမှ ဆုမဲပေါင်းများစွာပါဝင်သည့် ရွှေအိပ်မက် ကံစမ်းမဲအစီအစဉ်ကို စတင်မိတ်ဆက် ♫


ooredoo shwe eain mat
အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူး၏ အင်တာနက်ကို အသုံးပြုပြီး ကျပ်သိန်း ၂၀၀၀ကျော်တန်ဖိုးရှိ နေ့စဉ်၊ အပတ်စဉ်နှင့် အထူးဆုကြီးများကို ကံထူးနိုင်ရန် အခမဲ့ပါဝင်ကံစမ်းနိုင်

မြန်မာနိုင်ငံတွင် အမြန်ဆန်ဆုံးနှင့် အတည်ငြိမ်ဆုံးမိုဘိုင်းကွန်ရက်ဖြင့် ဆက် သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်နေသည့် အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများ စိတ်ဝင် စားနှစ်သက်မည့် ရွှေအိမ်မက်အစီအစဉ်ကို ယနေ့ စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ ၄င်းအစီအစဉ်သည် အူရီဒူး 3G နှင့် 4G သုံးစွဲသူများအတွက် အင်တာနက် အသုံးပြု ရင်း နေ့စဉ်၊ အပတ်စဉ်နှင့် အထူးဆုကြီးများ ကံထူးနိုင်မည့် ရင်ခုန်စိတ်လှုပ်ရှားပျော်ရွှင် ဖွယ်ရာ အစီအစဉ်ဖြစ်ပါသည်။

ရွှေအိမ်မက်အစီအစဉ်အား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်မှ စတင်ကာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အူရီဒူး၏ မိုဘိုင်း ၀န်ဆောင်မှုကို ကြိုတင်ငွေပေးချေစနစ်ဖြင့် 3G(သို့)4G ကွန်ရက်ကို သုံးစွဲသူများအားလုံး အဆိုပါအစီအစဉ်တွင် ပါဝင်မည်ဖြစ်ပြီး၊ အစီအစဉ်ကာလအတွင်း အင်တာနက် 20 MB စီ အသုံးပြုပြီးတိုင်း အမှတ်များ ရရှိမည်ဖြစ်သည်။  အင်တာနက် 20 MB အသုံးပြုလိုက်တိုင်း 3G သုံးစွဲသူများအနေဖြင့် ၃ မှတ်စီရရှိမည်ဖြစ်ပြီး၊ 4G အသုံးပြုသူများအနေဖြင့် ရမှတ် ၄ မှတ်စီ ရရှိမည်ဖြစ်သည်။ အဆိုပါအစီအစဉ်အား အူရီဒူးကြိုတင်ငွေဖြည့်စနစ် အသုံးပြုသူများ အားလုံး အခမဲ့ပါဝင်နိုင်မည်ဖြစ်သည်။

နေ့စဉ်ဆုအတွက် တစ်ရက်လျင် ကံထူးဆုရှင် စုစုပေါင်း ၂၅ယောက်ကို ရွေးချယ် မှာဖြစ်ပြီး ဆုတစ်မျိုးခြင်းအတွက် ကံထူးဆုရှင် (၅) ဦး ရွေးချယ်ပေးသွားမည်ဖြစ်ပါ သည်။နေ့စဉ်ဆုများမှာ ငွေကျပ် ၂၅၀,၀၀၀၊  ဖုန်းဘီလ် ၁၅,၀၀၀ကျပ် ၊ 1.35 GB အင်တာ နက်အစီအစဉ်၊ 2.5 GB  အင်တာနက်အစီအစဉ် နှင့် 5.5 GB အင်တာနက်အစီအစဉ် တို့ဖြစ်ပါသည်။ အပတ်စဉ်ဆုအနေဖြင့် 4G အသုံးပြုနိုင်မည်ဖြစ်သော စမတ်ဖုန်း လက်ဆောင်ရရှိမည်ဖြစ်ပြီးတစ်ပတ်စီအတွက်အပတ်စဉ်ကံထူးဆုရှင် (၅) ယောက်ရွေးချယ် သွားမည် ဖြစ်ပါသည်။အထူးဆုကြီးများအတွက် ကံထူးရှင်နှစ်ယောက် ရွေးချယ်သွား မည်ဖြစ်ပြီး၊ ပထမအထူးဆုကြီးအနေဖြင့် ငွေသားဆု ကျပ်သိန်း၂၅၀ နှင့် အခြားဆုကြီး အနေဖြင့် အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုကို တစ်သက်တာသုံးစွဲခွင့် ရရှိမှု တို့ဖြစ်ပါသည်။

997 သို့ ’Lucky’ ဟုရိုက်၍ SMS ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ *997# ကို ဖုန်းခေါ် ဆို၍ဖြစ်စေ ရရှိထားသော ကံစမ်းမဲရမှတ် အရေအတွက်ကို အခမဲ့ စစ်ဆေးနိုင်မည်ဖြစ် သည်။  ကံထူးဆုရှင်များကိုကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး၊ ဆုရွေးချယ်မှုအား မြန်မာနိုင်ငံရှိ လွပ်လပ်သော ထိပ်တန်းစာရင်းစစ်အဖွဲ့ဖြစ်သည် Win Thin & Associates မှ စောင့်ကြည့် စိစစ်ကာ အတည်ပြုပေးသွားမည်ဖြစ်ပါသည်။ ကံထူးဆုရှင်များအား အူရီဒူးမြန်မာ၏ တရား ဝင်ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘုတ်စာမျက်နှာတို့တွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ အူရီဒူးသုံးစွဲသူတွေအနေနဲ့ အူရီဒူးရဲ့ တိကျမြန်ဆန်တဲ့ အင်တာနက်အသုံးပြုရတာကို အထူးကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ မြန်ဆန်တဲ့ အူရီဒူးအင်တာနက်ကို အသုံးပြုတဲ့ သုံးစွဲသူတွေကို ပြန်လည် အသိအမှတ်ပြုလိုပါတယ်။ ယခုအစီအစဉ်မှာ ပါဝင်ဖို့အတွက် မည်သည့်ဝန်ဆောင်ခမှ ထပ်မံပေးစရာ မလိုတဲ့အတွက် အူရီဒူးရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူတွေဟာ ပျော်ရွှင်စွာနဲ့ ကံထူးရှင်တွေဖြစ်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။

ဒါကြောင့် အူရီဒူး သုံးစွဲသူတွေအနေနဲ့ မြန်ဆန်လှတဲ့ အူရီဒူးရဲ့ 3G နဲ့ 4G အင်တာနက်တွေကို အသုံးပြုရင်း တန်ဖိုးကြီး ဆုလက်ဆောင်များကိုလည်း ပျော်ပျော် ပါးပါး ရယူနိုင်တော့မှာ ဖြစ်ပါတယ် “ ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment