Friday, September 16, 2016

♪ လမ်းလျှောက်ရင် ပိုက်ဆံ ပေးမယ့် App ♫


ဒီနေ့ခေတ်မှာ ငွေရှာနိုင်တဲ့ နည်းလမ်း အသစ်များစွာ ပေါ်ထွက်လာနေပါပြီ။ အဲဒီအထဲက အလွယ်ကူဆုံး နည်းလမ်းတစ်ခုက လမ်းလျှောက်တာပါ။ Sweatcoin အမည်ရ App ကို သင့်ဖုန်းထဲမှာ ထည့်ထားရင် သင်လမ်းလျှောက်တဲ့ ခြေလှမ်းတိုင်းအတွက် ပိုက်ဆံ ရနေမှာပါ။

 ခြေလှမ်းပေါင်း ၁၀၀၀ လျှောက်ရင် 0.95 SWC or Sweatcoin ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးရရှိမှာဖြစ်ပြီး ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများနဲ့ လဲလှယ်နိုင်ပါတယ်။ လဲလှယ်နိုင်တဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုများထဲမှာ Yoga သင်တန်းများ၊ ရေလှိုင်းစီး ၀တ်စုံ၊ စားပွဲခုံတို့ ပါဝင်တဲ့အပြင် ကုသိုလ်ဖြစ် အဖွဲ့အစည်းများထံ လှူဒါန်းနိုင်တဲ့ ရွေးချယ်မှုလည်း ပါပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်က လူများအား ကျန်းမာရေးနဲ့ ညီညွတ်စေချင်လို့ ဖြစ်ပါတယ်။ လက်ရှိမှာ Sweatcoin ကို အမေရိကန်နဲ့ ဗြိတိန်မှာသာ အသုံးပြုနိုင်ပါသေးတယ်။ နိုင်ငံတကာမှာ သုံးနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။

No comments:

Post a Comment