Wednesday, September 14, 2016

သင့်ကို အတွေ့အကြုံသစ်တွေပေးစွမ်းစေမယ့် Samsumg Galaxy J7 မိတ်ဆက်


သင့်ကို အတွေ့အကြုံသစ်တွေပေးစွမ်းစေမယ့် Samsumg Galaxy J7 မိတ်ဆက်
Samsung နည်းပညာ ကုမ္မဏီမှထုတ်လုပ်လိုက်တဲ့ Samsung Galaxy J7 ဟာပိုမို ထူးခြားတဲ့အမြင်သစ်တွေနဲ ခံစားနိုင်မည့် စမတ်ဖုန်းအမျိုးအစားလည်း ဖြစ်ပါတယ်။
Galaxy J7 တွင်ရုပ်ပုံနှင့် ဗီဒီယိုဖိုင်များကို ကြည့်ရှုရာတွင် အလွန်ကြည်လင်ပြတ်သားတဲ့ အရေအသွေးနဲ ခံစားနိုင်စေမှာဖြစ်ပါတယ်။
ကင်မရာအရေအသွေးအလွန်ကောင်းမွန်ပြီး ထူခြားချက်မှာ ဖုန်း၏အရှေ့ဘက်ကင်မရာတွင် LED Flash မီး ပါ ပါဝင်လာတဲ့အတွက် ညဘက် Selfie ရိုတ်ကူးလိုသူတွေတွက် အထူးအဆင်ပြေစေပါလိမ့်မယ်။ လက်ဖဝါးပြရုံနဲ့ ဓါတ်ပုံရိုက်ကူးနိုင်တဲ့ နည်းပညာများလည်းပါဝင်တာကြောင့် ဟန်မပျက်ဘဲ selfie ရိုက်နိုင်မှာဖြစ်ပါတယ်။
မျက်နှပြင်အကျယ် 5.5 လက်မ ရှိပြီး Display 5.50-inch ဖြစ်ကာ သူ့ ရဲ့ Processor ကတော့ 1.5GHz ဖြစ်ပါတယ်။
နောက်ကျောဘက် ကင်မရာတွက် 13-megapixel ပုံအရေအသွေးတွေကိုရိုတ်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာတွက် 5-megapixel ပုံရိပ်တွေကိုရိုတ်ကူးနိုင်မှာဖြစ်ပါတယ်။
သိမ်းဆည်းနိုင်မှုပမာဏ 1.5 GB ဖြစ်ကာ Internal Storage ကတော့ 16 GB ထိပါဝင်မှာဖြစ်ပြီး လိုအပ်ပါက microSD ထည့်သွင်းကား 128 GB ထိတိုးချဲနိုင်မှာဖြစ်ပါတယ်။ အရောင်နေနဲ အဖြူ , အမဲ , ရွှေရောင် ဟူပြီးသုံးရောင်လို့ သိထားပါတယ်။
Resolution 720x1280 pixels ပါဝင်ပြီး Wifi 802.11 b/ g/ n ,USB 2.0, Bluetooth v 4.10 တို့ ကလည်းအထောက်အပံဖြစ်စေမှာပါ။ GPS စနစ်ပါဝင်ပြီး 3G/4G အသုံးပြုနိုင်ကာ GSM ဆင်းကဒ်အသုံးပြုနိုင်ပြီး ဆင်းကဒ်နှစ်ကဒ်ထည့်သွင်းအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
ဘတ်ထရီ 3000mAh ထိပါဝင်တာကြောင့် ဂိမ်းကစားသူတွေနဲ ဖုန်းကိုအချိန်ကြာကြာအသုံးပြုသူတွေတွက်အဆင်ပြေစေမှာဖြစ်ပြီး တကယ်တမ်းကိုယ်တိုင်သုံးကြည့်တဲ့ခါ ဘတ်ထရီဘယ်လောက်ခံတယ်ဆိုတာသိနိုင်မှာပါ။
သူ့ မှာထည့်သွင်းပေးတဲ့ Android Version ကတော့ OS Lollipop (5.1) ဖြစ်တာကြောင့် အလွန်မြန်ဆန်တဲ့ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။
Galaxy J7 ကို ပြည်တွင်းမိုဘိုင်းဖုန်းအရောင်ဆိုင်များနဲ ပြည်ပမိုဘိုင်းဖုန်းအရောင်ဆိုင်များမှာ ၀ယ်ယူနိုင်ပီလည်းဖြစ်ပါတယ်။
Samsung Galaxy J7 ကို မြန်မာကျပ်ငွေ ၂၈၈,၀၀၀ ၀န်ကျင်ပေးပြီးဝယ်ယူနိုင်မှာဖြစ်ပါတယ်။
    အာကာ
Software Guide





 
 
 
 
ကျွန်တော်ဆီမှာ ဝယ်ယူမယ်ဆိုရင်တော့ အောက်

ကလင့်မှာဝင်ပြီး ဈေးနှုန်းဝင်ကြည့်လိုက်ပါ။


https://www.facebook.com/ttmtlkl7700/posts/1142409492488658
 
 
 
 


No comments:

Post a Comment