Wednesday, September 14, 2016
Andriod ဖုန်းများ Power ဖွင့်မရတဲ့အခါစမ်းကြည့်စရာအချက် ၅ ချက်
စမတ်ဖုန်းနဲ့ ပဲ အကုန်လုံး လုပ်နေရတဲ့ ဒီနေ့ မျိုးဆက်မှာ စမတ်ဖုန်းများ စက်သေသွားတာလောက် ဆိုတာ အတော်ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုပါ။ အဲသလို စက်ဟန်းသွားပြီး အင်တာနက်သုံးမရနိုင်ခြင်းဟာ အဆိုးဆုံးပါပဲ။
သင့်မိတ်ဆွေတွေနဲ့ ဆက်သွယ်နေတုန်းပဲ ဖြစ်ဖြစ် ဂိမ်းပဲဆော့ချင်တာပဲ ဖြစ်ဖြစ် ကိုယ့်မှာ အင်တာနက် ချိတ်ထားတဲ့ စမတ်ဖုန်းတစ်လုံး လိုအပ်ပါတယ်။ ဒီတော့ အင်တာနက် ရတဲ့အပိုင်းတော့ ကူညီပေးလို့ မရပေမယ့် စမတ်ဖုန်းဖွင့်မရတဲ့ ကိစ္စကိုတော့ ကူညီပေးနိုင်ပါတယ်။သင့်စမတ်ဖုန်း စက်သေသွားတာကို ပြန်ကောင်းလာစေ ဖို့ လုပ်လို့ ရနိုင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။
စမတ်ဖုန်းတစ်လုံး ဖွင့်လို့ မရတဲ့အကြောင်းရင်းတွေ အမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ထုတ်လုပ်မှု ချို့ ယွင်းချက်တစ်ခုကြောင့် ဖြစ်နိုင်ပြီး တစ်ခါတစ်ရံမှာတော့ ဖုန်းကို အသုံးပြုပုံ  မမှန်ကန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ အသုံးပြုပုံ မမှန်ကန်ခြင်းဆိုရာမှာ သင့်ဖုန်းကို ဘယ်လောက်အထိ အားသွင်းထားသလဲ။အားသွင်း charger ရဲ့ အားသွင်းကြိုးတွေနဲ့ တွေ နည်းလမ်းတကျ ရှိမရှိ ။ ဒါမှမဟုတ် ကိုယ့် ဖုန်းမှာ တင်ထားတဲ့ firmware မှားနေသလား ဆိုတာမျိုးကို ဆိုလိုပါတယ်။
အသုံးပြုပုံမမှန်ကန်ခြင်းဆိုတဲ့ ခေါင်းစီးအောက်မှာ လာတဲ့ ဒါမျိုးအကြောင်းရင်းတွေ အများကြီး ရှိထားပါတယ်။ဘယ်လို အကြောင်းနဲ့ ပဲ စက်သေသေ ပြန်ကောင်းအောင် လုပ်လို့ ရပါတယ်။ အောက်မှာ ပေးထားတဲ့အတိုင်း လုပ်ကြည့်ပါက သင့်စမတ်ဖုန်း ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။ Service ဆိုင်မပို့ရသေးခင် ကိုယ်တိုင်စမ်းကြည့်သင့်တာလေးတွေပါ။
(၁) သင့်ဖုန်းကို Charger မှာ တပ်ကြည့်လိုက်ပါ။
တကယ်လို့ သင့်ဖုန်းကို ဖွင့်မရတော့ဘူးဆိုရင် ဒါကို ပထမဆုံးလုပ်ကြည့်သင့်ပါတယ်။ ကံကောင်းရင် အလုပ်ဖြစ်မှာပါ။ တစ်ခါတစ်လေတော့ သင့်ဖုန်းဖွင့်မရဘူးဆိုတာ ဖုန်းမှာ ဘက်ထရီခမ်းသွားတာကြောင့် လည်း ဖြစ်တတ်ပါတယ်။ ဒါလေးများဆိုပြီး မထင်လိုက်ပါနဲ့ ။ တစ်ချို့ လူတွေဆို ဖုန်းပွင့်လာအောင် ဒီလို လုပ်ရတယ် ဆိုတာ မသိတာမျိုး ကြုံတတ်လို့ ပါ။
မကြာခဏဆိုသလို အချိန်အတန်ကြာအောင် မသုံးဘဲထားတဲ့ ဖုန်းတွေဟာ ကာလကြာမသုံးဖြစ်လို့  ဘက်ထရီ ပါဝါဆုံးရှုံးတာမျိုးကြောင့် ဖွင့်မရတာမျိုး ဖြစ်တတ်ပါတယ်။ အံဆွဲထဲမှာ ကာလကြာအောင် မသုံးဘဲ ထားဖြစ်တဲ့ ဖုန်းတစ်လုံးကို ဖွင့်ဖို့ လုပ်နေတယ်ဆိုရင် ပထမဆုံး နာရီအနည်းငယ်လောက် အားသွင်းထားပြီးမှ ဖွင့်ဖို့ လုပ်ပါ။
(၂) သင့်ရဲ့ charger က ကောင်းကောင်းအလုပ်လုပ်သလား စစ်ကြည့်ပါ။
သင့်ဖုန်းကို charger မှာ အားသွင်းထားပြီးရင်တောင်မှ သင့်ဖုန်းက စက်တက်လာပါသလား။ ကြည့်ရတာ charger မှာလည်း ပြစ်ချက်တစ်ခု ရှိနေလို့ ဖြစ်မှာပါ။ အားသွင်းကြိုးမှာ အက်ရာတွေ ပေါက်ပြဲနေ တာတွေ ရှိနေသလားစစ်ကြည့်ပြီး အဲသလို ရှိထားရင် ကြိုးသစ်နဲ့ လဲလိုက်ပါ။တစ်ခါတစ်ရံမှာ အားသွင်းတဲ့ charger မကောင်းတာမျိုးရှိတတ်လို့  တစ်ခြား အားသွင်းcharger တစ်ခု နဲ့ စမ်းကြည့်ပါ။
သူငယ်ချင်းတွေ မိသားစုဝင်တွေဆီက ငှားလို့ ရမယ့် charger သစ်နဲ့ ဖုန်းကို နာရီအနည်းငယ် ကြာအောင် အားသွင်းလိုက်ပါ။ ပြီးတာနဲ့ power button ကို နှိပ်ပြီး ဖွင့်ပါ။ တကယ်လို့ ပွင့်လာရင် ကိုယ့်ရဲ့ charger ကို အသစ်လဲလိုက်ရင် အဆင်ပြေသွားမယ်ဆိုတာ သိသွားမှာပါ။
(၃) Battery ပြောင်းလိုက်ပါ။
အဆင်မပြေသေးဆိုရင် ဘက်ထရီပျက်နေတာ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ စမတ်ဖုန်း ဘက်ထရီတွေ ဟာ ပျက်နေပြီး အရည်ပျော်စပြုနေတာမျိုး ဖြစ်တတ်ပါတယ်။ Samsung ဖုန်းအဟောင်းတွေရဲ့ ဘက်ထရီတွေမှာ ဖောင်းနေတာမျိုးတွေ့ ဖူးမှာပါ။ ဒီဘက်ထရီတွေဟာ ပျက်စီးနေပြီး မှန်းထားသလို အလုပ်မလုပ်တော့ပါဘူး။ အဲသလိုမျိုးဖြစ်နေပြီဆိုရင် ဘက်ထရီဖြုတ်လိုက်ပြီး အသစ်တစ်လုံးနဲ့ အစားထိုးလဲလှယ် လိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ ဒါမှ အဆင်မပြေဘူးဆိုရင် ဖုန်းရဲ့ ဘက်ထရီလဲပေးမယ့် ဖုန်းပြင်ဌာန service center ကို ပို့ ဖို့ လိုအပ်နေပါပြီ။
(၄)official firmware ပြန်သုံးပါ။
ဖုန်းမှာ update ဆွဲ install လုပ်ပြီးနောက် စက်ရပ်သွားပါသလား။ ဒါမှမဟုတ် ကိုယ့်ဖုန်းမှာ ကိုယ့်ဘာသာပြင်သုံးလို့ ရတဲ့ mod/custom ROM မှာ တင်ထားပြီး စက်က အလုပ်မလုပ်တော့ဘဲ ရပ်သွား ပါသလား။ ဒီလိုမျိုး အခြေအနေဖြစ်နေရင် ကိုယ့်ဖုန်းမှာ အရင် stock firmware ပြန်သုံးကြည့်ပါ။ ဖုန်းအမျိုးမျိုး အတွက် ကိုယ့်အန်းဒရိုက်ဖုန်းတွေမှာ Stock Firmware ပြန်သုံးနည်းနဲ့  ပတ်သတ်တဲ့ လမ်းညွှန်မှုတွေ Myanmar Mobile App Website (www.myanmarmobileapp.com) မှာ ရှိပါတယ်။
(၅) ဖုန်းကို ခြောက်သွေ့ အောင်လုပ်ပါ။
စမတ်ဖုန်းရေထဲ ပြုတ်ကျထားပါသလား။ ဒါမှမဟုတ် ရေစိုမခံတဲ့ သင့်စမတ်ဖုန်း အရည်တစ်မျိုးမျိုးနဲ့  စိုသွားပါသလား။ ပုံမှန်အတိုင်းဆို ဖုန်းစက်ပိတ်သွားပြီး ပြန်ဖွင့်မရ ဖြစ်တတ်ပါတယ်။ ဒီတော့ ရေစိုခံဖုန်း တစ်လုံး မရှိရင် ရေကန်ထဲ selfie ရိုက်ချင်တဲ့ စိတ်ကို ထိန်းလိုက်ပါ။
ဒီလိုမျိုး ရေစိုသွားပြီဆိုရင် သင့်ဖုန်း ခြောက်သွေ့ သွားအောင် တစ်ရက်နှစ်ရက် အချိန်ပေးရမှာပါ။ ဖုန်းကို ရေထဲက အမြန်ဆွဲထုတ်နိုင်ရင် ဖုန်းပြန်ဖွင့်ရဖို့ အခွင့်ပိုရှိပါတယ်။ ဒီတော့ အဲသလို ဖုန်းကို ချက်ချင်း ပြန်ဆယ်လို့ ရရင် ရေကို ပြောင်အောင် သုတ်လိုက်ပါ။ ဖုန်းကို ဆန်စေ့တွေနဲ့ တစ်ရက်လောက် ဖုံးအုပ် ထားရင် ဖုန်းမှာပါရှိတဲ့ အစိုဓါတ်ကို အားလုံးကို ဆွဲစုပ်ပေးသွားမှာဖြစ်ပြီး ဖုန်းလည်း ခြောက်သွေ့ စေမှာ ဖြစ်ပါတယ်။
နောက်ဆုံး ထုတ်လုပ်တဲ့ စက်ရုံက ဖုန်းပြင်ဌာနကို ပို့ ပြီး တစ်ခြား ဟာ့ဒ်ဝဲလ်ပိုင်း ထိခိုက်သွားသလား စစ်ဆေးကြည့်ရမှာပါ။ ကံကောင်းရင် ဟာ့ဒ်ဝဲလ်ပိုင်းနည်းနည်းပါးပါးထိတာ ပြဿနာ မရှိပါဘူး။ တစ်ခု ရှိတာက ကိုယ့်ဖုန်းက အာမခံ warranty ကုန်သွားပြီဆိုရင် ဟာ့ဒ်ဝဲလ် အစားထိုးလဲလှယ်ရတာတွေကလည်း အရမ်း ဈေးကြီးတတ်ပါတယ်။ ဒီတော့ အသစ်ဝယ်မလား အဟောင်းပဲပြင်လိုက်မလားဆိုတာကို အမြော်အမြင် လေးနဲ့ ဆုံးဖြတ်ဖို့ သင့်ပါတယ်။
ယခုလမ်းညွှန်ဟာ သင့်ရဲ့ အန်းဒရိုက်ဖုန်းတွေကို ပြန်ဖွင့်လို့ ရစေပြီး ငွေကုန်ကြေးကျ သက်သာစေမယ်လို့ မျှော်လင့်ပါတယ်။
Wai Lin Aung (Myanmar Mobile App)
No comments:
Post a Comment