Wednesday, September 14, 2016

Samsung ကုမ္မဏီ မှ Galaxy A9 စမတ်ဖုန်းအားမိတ်ဆက်ကြေညာ


Samsung ကုမ္မဏီက Samsung Galaxy A9 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။
Galaxy A9 လက်ကိုင်မိုဘိုင်းဖုန်းဟာ ပုံမှာတွေ့ မြင်နေသကဲ့သို့  အလွန်သေသပ်လှပသည့် ဒီဇိုင်းဖြင့်ပြုလုပ်ထားတာကိုတွေ့ ရမှာဖြစ်ပါတယ်။ အနားဘေးပတ်လည်း ထောင့်လေးထောင့်ကို ခုံးခုံးလေးဖြစ်နေအောင်ဖန်တီးထားပြီး bezel များမှာ ကျဉ်းမြောင်းသည်။ ကိုင်တွယ်အသုံးပြုရာတွင် အကောင်းဆုံးသောစိတ်ခံစားမူကိုရရှိစေမှာဖြစ်ပါတယ်။
ကင်မရာအရည်အသွေးအလွန်ကောင်းမွန်ပြီး မြင်ကွင်းကျယ်ရိုတ်ကူးနိုင်မယ့် နည်းပညာကိုလည်းအသုံးပြုနိုင်မယ့် စမတ်ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။
မျက်နှာပြင်အကျယ် 6.00" လက်မဖြစ်ပါတယ်။ ယင်ကဲ့သို့  မျက်နှာပြင်အကျယ် ၆လက်မ ကို မည်သည်စမတ်ဖုန်းများမှ ထုတ်လုပ်ထားခြင်းမရှိပါဘူး။ သိုလှောင်သိမ်းဆည်းနိုင်မူမှာ RAM 3GB ပါဝင်မှာဖြစ်ပါတယ်။
ဖုန်းရဲ့ Processor 1.8GHz ဖြစါပြီး Resolution  အနေနဲ့ 1080x1920 pixels ဖြစ်ကာ အနောက်ဘက်ကင်မရာတွက် 13-megapixel ရှိတဲ့ ပုံရိပ်တွေကို ရိုတ်ကူးနိုင်ပြီး အရှေ့ ကင်မရာတွက် 8-megapixel ပုံရိပ်တွေကိုရိုတ်ကူးနိုင်တာကြောင့် Selfie ရိုတ်ကူးလိုသူတွေတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။
အရောင်အနေနဲ့ ရွှေရောင် နဲ့ ပန်းရောင် အဖြူ ရောင် ဆိုပြီးတော့ အရောင် (၃) မျိုးထုတ်လုပ်ထားပြီး ဘတ်ထရီ အရည်းသွေးက 4,000mAh တောင်ပါဝင်တာကြောင့် ဖုန်းကိုအချိန်ကြာကြာအသုံးပြုလိုသူတွေနဲ့ ဂိမ်းကစားသူတွေတွက်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။
Internal storage 32GB ထိပါဝင်မှာဖြစ်ပြီး လိုအပ်ပါက microSD ကဒ်အသုံးပြီး 128 GB ထိတိုချဲနိုင်မှာဖြစ်ပါတယ်။
3G ,4G အသုံးပြုနိုင်ကာ GPS စနစ်ပါဝင်ပြီး Wifi 802.11 b/ g/ n နှင့် Bluetooth v4.1, microUSB v2.0 တို့ ကလည်းဖုန်းအတွက် အထောက်အကူးဖြစ်စေမှာဖြစ်ပါတယ်။
GSM SIM Card အသုံးပြုနိုင်ပြီး SIM Card တစ်ကဒ်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းရဲ့ Operating System ကတော့ Android 5.1 Lollipop ကိုထည့်သွင်းအသုံးပြုထားတာကြောင့် အလွန်မြန်ဆန်တဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။


   အာကာ
Software Guide

No comments:

Post a Comment