Thursday, August 13, 2015

Twitter ကဲ့သို့ ကြားဖြတ်သတင်းများ ဖော်ပြပေးမည့် app တစ်မျိုးကို Facebook ဖန်တီးနေ





Facebook သည် ကြားဖြတ်သတင်းများကို notification ဖြင့် ဖော်ပြပေးမည့် သီးခြား မိုဘိုင်း news app သစ်တစ်မျိုးကို ဖန်တီးလျက်ရှိကြောင်း သိရသည်။
၎င်း app သစ်သည် Twitter နှင့် ဆင်တူပြီး သုံးစွဲသူ၏ မိုဘိုင်းထုတ်ကုန်ထံ ကြားဖြတ်သတင်း notification များ နှင့် link များကို ပေးပို့ပေးမည်ဖြစ်သည်။

ထိုကဲ့သို့ အသုံးပြုရန် သုံးစွဲသူများက Facebook နှင့် ပူးပေါင်းထားသော သတင်းဌာနများထံမှ news feed များကို ရွေးချယ်ကာ follow ပြုလုပ်ပြီး ကြားဖြတ်သတင်းများကို ရယူနိုင်မည် ဖြစ်သည်။

ကြားဖြတ်သတင်းများနှင့် ပတ်သက်၍ Facebook နှင့် ပူးပေါင်းထားသော သတင်းဌာနများက mobile notification များ ဖန်တီးကာ follower များထံ tweet တစ်ခုကို ပေးပို့သကဲ့သို့ ချက်ချင်း ပို့ပေးနိုင်မည် ဖြစ်သည်။

၎င်းမိုဘိုင်းသတိပေးချက် (notification) တွင် စာလုံးအရေအတွက် ၁၀၀ အထိ ပါဝင်ပြီး သတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်မည့် URL တစ်ခု ပါဝင်မည် ဖြစ်သည်။ သုံးစွဲသူများက ၎င်း URL ကို နှိပ်လိုက်သည့်အခါ သက်ဆိုင်ရာ သတင်းဌာန၏ ဝက်ဘ်ဆိုက်တွင် ကြားဖြတ်သတင်းနှင့် ပတ်သက်သည့် သတင်းဆောင်းပါးကို ဖတ်ရှုနိုင်မည်ဟု သိရသည်။

အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ Facebook မှ ထင်မြင်ချက်ပေးခြင်း မရှိသေးပေ။

Ref: BusinessInsider
Credit=>internetjournal
Thiha Htike(THT)
My Facebook Account Click

No comments:

Post a Comment