သူ့ကို သီချင်း ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့တောင် ပြုလုပ်ထားလိုက်ပါပြီ။ လူတိုင်း အကောင့်ဖွင့်ပြီး သူများသီချင်းများကို နားထောင်နိုင်သလို ကိုယ်ကိုယ်တိုင်လည်း သီချင်းသွင်းနိုင်ပါတယ်။ သံစဉ်နဲ့ စာသားများကို ထောက်ပံ့ထားပါတယ်။ ဥပမာ ကိုယက် need you now သီချင်းဆိုချင်ရင် Duet သို့မဟုတ် တစ်ယောက်တည်း ဆိုမလား ဆိုပြီးတော့ ရွေးစရာပေးထားပါတယ်။ အကယ်၍ တစ်ယောက်တည်း သီးသန့်ဆိုချင်ရင် လစဉ်ကြေး ၂၀ ဒေါ်လာ ကျော်လောက် ပေးပြီး ဆိုရပါတယ်။ အကယ်၍ စုံတွဲဆိုရင်တော့ အခမဲ့ပါ။ ကံကောင်းရင် အချို့ဟာ စုံတွဲ option ဖွင့်ပေးထားပြီး သူတို့ဟာ မဆိုပဲ ထားထားပါတယ်။ ဒီတော့ ကံကောင်းရင် သီချင်းတစ်ပုဒ်လုံး အပြည့်ကို ကိုယ်တစ်ယောက်တည်း ဆိုရတာမျိုးအထိလည်း ရနိုင်ပါတယ်။ ကျွန်တော်ဆိုရင် တစ်ခါမက တိုးပါတယ်။
သီချင်းကို အသံသွင်းတဲ့အခါ Normal လား, Basic လား, Pop star လား အစရှိသဖြင့်လည်း ရွေးပေးပါတယ်။ အဓိကကတော့ အသံပြန်ပြင်ပေးတာပါ။ တကယ်တန်း skill တက်ချင်ရင်တော့ Normal mode မှာဆိုတာ အကောင်းဆုံး ဖြစ်ပါတယ်။ သူ့ကို သုံးမယ်၊ အသံသွင်းမယ်ဆိုရင် headphone သုံးရင် အကောင်းဆုံး ဖြစ်ကြောင်း အကြံပေးထားပါတယ်။ ဒါမှ အသံ ကြည်မှာမို့ပါ။ သူ့ရဲ့ အလုပ်လုပ်ပုံက အင်တာနက်ကနေ သီချင်းကို အသံမပါတဲ့ file ကို အရင်ဒေါင်းပေးပြီးကိုယ်ဆိုပြီးတဲ့အခါ အဲ့ဒါကို ပြန်တင်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်လိုင်း မကောင်းမှာ မစိုးရိမ်ရပါဘူး။ အင်တာနက်လိုင်းမကောင်းလည်း တစ်အိအိနဲ့ လိုအပ်တဲ့ data ကို သူဒေါင်းပြီးတော့ ပြန်တင်ပေးပါတယ်။
သူ့မှာဆိုပြီးရင် မိမိသီချင်း link ကို ယူပြီးတော့ အခြားသူများနဲ့လည်း ရှဲ နိုင်ပါတယ်။ account ကို Facebook နဲ့လည်း ဖွင့်လို့ရပါတယ်။ ပြီးရင် သူက user address တစ်ခုခုကို ပေးပါတယ်။ ဥပမာ smule.com/aungkhamkyaw အစရှိသဖြင့် ပြန်ထုတ်ပေးတာကြောင့် အခြားသူများကို နားထောင်စေချင်ရင် Web link ပေးရုံပါပဲ။ အကယ်၍ app သုံးသူ အချင်းချင်းဆိုရင်တော့ အမည်ရှာပြီးတော့ တိုက်ရိုက်သွားနားထောင်လည်း ရပါတယ်။ မိုဘိုင်းနဲ့ကော၊ ကွန်ပြူတာနဲ့ကော အသုံးပြုနိုင်ပါတယ်။
App က Android, iOS နှစ်မျိုး စလုံး ထွက်ပါတယ်။ အသုံးပြုရန်အတွက် www.smule.com ကနေ app ကို download ဆွဲ နိုင်ပါတယ်။
.
အောင်ခမ်း (MMAS)
No comments:
Post a Comment