Friday, September 16, 2016

♪ ပြောင်းလဲမှုအများအပြားနဲ့ ထွက်ပေါ်လာတဲ့ iOS 10 ကိုဒေါင်းလုဒ်လုပ်နိုင်ပြီ ♫


Apple ရဲ့ အကြီးမားဆုံး Update iOS ဗားရှင်းအသစ်ဟာ ဒီနေ့မှာ ရှိနေတဲ့ ပစ္စည်းတွေအတွက် ထွက်ပေါ်လာခဲ့ပါပြီ။ iOS 10 ကို iPhone, iPad နဲ့ iPod Touch တွေရဲ့ Setting ထဲကနေ ဝင်ရောက် ဒေါင်းလုဒ်ဆွဲပြီး Update  လုပ်နိုင်ပါတယ်။ ဒါဟာဆိုရင် Digital Assistant ဖြစ်တဲ့ Siri ကို တစ်ခုလုံး ပြင်ဆင်ခဲ့တဲ့အပြင် အသစ်ပါဝင်လာတဲ့ iMessage interface ရဲ့ စတေကာ၊ App နဲ့ ဂိမ်းတွေကို Update လုပ်ခဲ့တာတွေအပါအဝင် Apple ရဲ့ မိုဘိုင်း OS စနစ်တွေထဲမှာ အကြီးမားဆုံး Update လုပ်တာလဲ ဖြစ်ပါတယ်။

တကယ်လို့သင်ဟာ Mac အသုံးပြုသူတစ်ဦးဆိုရင် Apple အနေနဲ့ iOS 10 မှာ Universal Clipboard ကို Enable လုပ်ထားနိုင်တာကြောင့် သင့်အနေနဲ့ iPhone ကနေ Text ဒါမှမဟုတ် Image တွေကို Third Party App မလိုပဲ Copy လုပ်ပြီး Mac မှာ ပြန်လည် Paste လုပ်နိုင်မှာပါ။ Apple အနေနဲ့ iOS 10 မှာ မ,လိုက်တာနဲ့ Wake ဖြစ်စေမယ့် စနစ်ကိုလည်း မိတ်ဆက်ခဲ့ပြီး ဒီလုပ်ဆောင်ချက်အနေနဲ့ သင့်ကို ဖုန်းကိုအိတ်ထဲကနေ ဒါမှမဟုတ် စားပွဲပေါ်ကနေ ကောက်ကိုင်လိုက်တာနဲ့ Lock Screen မှာ Notification တွေကို မြင်နိုင်အောင် ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။

iOS-10-Update1

Apple ရဲ့ အကြီးမားဆုံး အပြောင်းအလဲကတော့ UI ပိုင်းပဲဖြစ်ပါတယ်။ UI အနေနဲ့ Lock Screen ကို iOS 10 မှာ ပိုမိုထင်ရှားမြင်သာစွာမြင်နိုင်မှာပါ။ Apple အနေနဲ့ iOS 10 မှာ Widgets တွေကို အသုံးပြုနိုင်မှုကိုလည်း ချဲ့ထွင်ခဲ့ပြီး သင်ဟာ Notification နဲ့ Widgets တွေကို 3D Touch အနေနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ App တွေကို အပြည့်မဖော်ပြပဲနဲ့ တိုက်ရိုက် တုံ့ပြန်နိုင်မှာပါ။ Notification တွေအနေနဲ့ သင်ဟာ 3D Touch ကိုအသုံးပြုမယ်ဆိုလို့ရှိရင် Replyလုပ်တာ၊ Action ယူတာ၊ Alert လုပ်တာတွေကို App ကိုဖွင့်စရာမလိုပဲ ပိုမိုကြွယ်ဝမြန်ဆန်စွာနဲ့ အသုံးပြုနိုင်မှာပါ။

iOS-10-Update2

Apple အနေနဲ့ သူတို့ရဲ့ Built-in App တွေကို အများအပြားထည့်သွင်းထားပါတယ်။ ယခုအခါမှာတော့ သင်ဟာ Built-in App အတော်များများကို ဖယ်ရှား (တကယ်တမ်းကျတော့ ဖျောက်ထားခြင်းသာဖြစ်) နိုင်ပါပြီ။ Apple အနေနဲ့ Photos, Phone, Maps, Music, News, Home နဲ့ Message App တွေကိုလည်း ပြန်လည်ဆန်းသစ်ထားပါတယ်။ Messages တွေကတော့ အကြီးမားဆုံး ပြင်ဆင်မွန်းမံခဲ့တာဖြစ်ပြီး ဒီအထဲမှာ Emoji တွေ၊ Animations တွေကို Message တွေနဲ့ Apple Music ရဲ့ အတွင်းတွေမှာ ထည့်သွင်းထားနိုင်မှာပါ။ Developer တွေဟာ သူတို့ရဲ့ App တွေကို iMessage အတွက် ပထမဆုံးအနေနဲ့ တန်ဆာဆင်နိုင်မှာပါ။
iOS-10-Update3
Apple Map အနေနဲ့ ကတော့ iOS 10 မှာ အနီးအနားမှာရှိတဲ့ Restaurants ကိုအကြံပြုတာတွေ၊ ယာဉ်လမ်းကြောအခြေအနေတွေနဲ့ သင့်ရဲ့ကားကိုဘယ်နေရာမှာ ပါကင်ထိုးနိုင်တယ်ဆိုတာတွေ ကအစ ပြသပေးနိုင်ဖို့အတွက် ပြန်လည် ဒီဇိုင်းပြုပြင်ရေးဆွဲထားတယ်လို့ သိရပါတယ်။

iOS-10-Update4

Apple Music အနေနဲ့လည်း ကြိုတင်ထွက်ရှိထားခဲ့တဲ့ ပုံစံအတိုင်း ပွယွ၊ ရှုပ်ထွေးနေတဲ့ ပုံစံနဲ့ ပြန်လည်ဒီဇိုင်းပြုပြင်ရေးဆွဲထားတယ်လို့ သိရပါတယ်။ Apple ဟာ သူတို့ရဲ့ သီချင်း app ကို ဒီဇိုင်းအနေနဲ့ ပြင်ဆင်မွန်းမံရာမှာ သီချင်းစာသားတွေကို ပြသပေးတဲ့ ပုံစံကိုပါထည့်သွင်းထားတာပါ။ Apple ရဲ့ News မှာဆိုရင်လည်း လတ်တလော လျှပ်တပြတ်သတင်းတွေကို Notification တွေ Subscriptions တွေနဲ့ ပြသဖို့အတွက် iOS 10 မှာ Update လုပ်ထားတာပါ။ Apple ဟာ HomeKit ကို Home App အသစ်အနေနဲ့ ထည့်သွင်းထားခဲ့ရာမှာ အိမ်မှာရှိနေတဲ့ Smart Home ပစ္စည်းတွေကို တိုက်ရိုက်ထိန်းချုပ်နိုင်ဖို့အတွက် ပြုလုပ်ထားတယ်လို့ ရေးသားထားပါတယ်။

iOS-10-Update6

iOS 10 ကိုယခုအခါမှာ Free အနေနဲ့ Update လုပ်နိုင်ပြီဖြစ်ပြီး ဒီဗားရှင်းကို iPhone တွေမှာဆိုရင် iPhone 5 နဲ့အထက်၊ iPod Touch မှာဆိုရင် ဆဌမမြောက်မျိုးဆက်၊ iPad mini 2 နဲ့အထက်တို့အပြင် iPad တွေရဲ့ စတုတ္ထမြောက်မျိုးဆက်တွေကစလို့ iPad Air နဲ့ iPad Pro မော်ဒယ်တွေမှာလည်း ရရှိနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

iOS ဗားရှင်း Update လုပ်ပုံလုပ်နည်းကို ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment