Tuesday, November 3, 2015

အိုင်ဖုန်းများကို တည်နေရာတိတိကျကျ ရှာလို့ရတော့မည်


image

Apple ဟာ Indoor Survey app လိုမျိုး App ကို ထည့်စရာမလိုတော့ပဲ သူ့မှာ ပါဝင်တဲ့ built in app ဖြင့် ဖုန်းများကို နေရာတိတိကျကျရှာလို့ရအောင် ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ယင်းအတွက် ၂၀၁၃ ခုနှစ်ကတည်းက ကုမ္ဗဏီတစ်ခုကို ဝယ်ယူခဲ့ပြီး ဖြစ်ပါတယ်။
Indoor GPS လို့လည်းခေါ်တဲ့ အိမ်တစ်အိမ်ထဲမှာတောင် ဖုန်းကို ဘယ်နေရာမှာ ရှိတယ်ဆိုတာကို တိတိကျကျရှာဖို့ဟာ သာမန် GPS နဲ့ မဖြစ်နိုင်ပါဘူး။ ယင်းအတွက် hardware အသစ်များ ထပ်ပေါင်းပေးရ ပါတယ်။ ယခုတော့ အိုင်ဖုန်းဟာ ဘာ hardware မှ ထပ်ပေါင်းပေးစရာမလိုပဲ မိမိဖုန်း ဘယ်မှာရှိတယ် ဆိုတာကို တည်နေရာ တိတိကျကျ ပြမှာ ဖြစ်ပါတယ်။ ယင်းအတွက် Radio Frequency နဲ့ အိုင်ဖုန်းရဲ့ ပါဝင်ပြီးသား sensor ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖုန်း ပျောက်တယ်ဆိုရင် ဘယ်နေရာမှာ ရှိတယ် ဆိုတာကို Apple ရဲ့ service နဲ့ပဲ လွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ Apple ရဲ့ Find my iPhone နဲ့ ဆိုရင် လမ်း၊ တည်နေရာတိုက်တို့ ရှာဖွေနိုင်ပေမယ့် ဘယ်အလွှာ၊ အခန်းထဲက ဘယ်ထောင့် အစရှိသဖြင့်တို့ကို ရှာရန် မလွယ်ပါဘူး။
ယခု update လုပ်မယ့် နည်းပညာအရ ဆိုရင် ရှာဖွေလို့ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်း နည်းပညာ ဘယ်လို အလုပ်လုပ်တယ် ဆိုတာ တိတိကျကျ မဖော်ပြသေးပါဘူး။ Apple အနေနဲ့ iOS 10 မှာ ပါဝင်မယ့် built in app တစ်ခု ဖြစ်လေမလား ဆိုတာ စောင့်မျှော်လျက်ရှိကြ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:

Post a Comment