Friday, September 4, 2015

ဓာတ်ပုံတစ်ခါတည်း ထုတ်နိုင်တဲ့ ၉၉ဒေါ်လာတန် ဒီဂျစ်တယ်ကင်မရာ Polaroid


polaroid

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပလျက်ရှိတဲ့ IFA 2015 မှာ Polaroid ဟာ ကင်မရာ အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ သူတို့ရဲ့ ယခင်က ဓာတ်ပုံရိုက်ပြီး တစ်ခါတည်း ထုတ်နိုင်တဲ့ ကင်မရာကို ဒီဂျစ်တယ်နည်းပညာဖြင့် ပြန်လည် အဆင့်မြင့် ထုတ်လုပ်အသက်သွင်းခြင်း ဖြစ်ပါတယ်။
10 Megapixel အရည်အသွေးရှိတဲ့ ကင်မရာဟာ 32GB SD ကဒ် ထည့်နိုင်တာကြောင့် ပုံတွေကို ကွန်ပြူတာဖြင့်လည်း ရယူနိုင်ပါတယ်။ သို့တည်းမဟုတ်လည်း တစ်ခါတည်း ထုတ်ချင်တယ်ဆိုရင်လည်း တစ်မိနစ်မကြာပဲ ပုံကို ချက်ချင်း ထုတ်ယူ နိုင်မှာ ဖြစ်ပါတယ်။ ပုံအရွယ်အစားကတော့ ၂လက်မ၃လက်မ (၂x၃) ဖြစ်ပါတယ်။ အကယ်၍ ကြီးကြီးလိုချင်ရင်တော့ ကွန်ပြူတာနဲ့ ထိုးပြီး အခြား printer အကြီးနဲ့ ထုတ်နိုင် ပါတယ်။ ကင်မရာမှာ ပါတဲ့ ကင်မရာ အသေးကတော့ အမြင်များတဲ့ ဓာတ်ပုံ ဆိုဒ်လေးတွေကို တစ်ခါတည်း ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Zero printing technology လို့ခေါ်တဲ့ နည်းပညာ အသစ်ကြောင့် မြန်ဆန်မှု ရှိသလို ပုံထွက်အရည်အသွေးလည်း အင်မတန် ကောင်းပါတယ်။
ထူးခြားတာတစ်ခုက ဈေးနှုန်းသက်သာခြင်းပါ။ ကင်မရာရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာပဲ ရှိတာကြောင့် ဈေးသက်သာတဲ့ ကင်မရာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ကမ္ဘာတစ်လွှား ဈေးကွက်ကို ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment