ကမ္ဘာပေါ်က အထင်ကရနေရာစုံကို ဖုန်းထဲကနေ အပြင်မှာတကယ်သွားလာနေရသလို
လျှောက်သွားကြည့်လို့ရမယ့် Google Street View app ထွက်ရှိလာပါပြီ။ ဒီ app လေးဟာ Android အတွက်တော့ထွက်ရှိထားတာနည်းနည်းကြာနေပြီဖြစ်ပေမယ့်

ယခုအခါမှာတော့ Android အတွက်ရော iOS အတွက်ရော Feature အသစ်တွေထပ်မံထည့်သွင်းပြီး
ထွက်ရှိလာတာပါ။
ကမ္ဘာ့နေရာအနှံက ကိုယ်သွားချင်တဲ့ အထင်ကရနေရာတွေ ၊ မြို့ကြီးတွေကို ဒီ Street View app လေးထဲကနေ ၀င်ပြီး ၃၆၀ ဒီဂရီ View နဲ့ ဟိုဟိုဒီဒီလမ်း လျှောက်ပြီးကြည့်ရှုနိုင်မှာပါ။ နောက်ပြီး ကိုယ် ကိုယ်တိုင်လည်း လက်ရှိ ကိုယ်ရောက်နေတဲ့ရှုခင်း မြင်ကွင်းနေရာကို ဒီ Google Street View app ကိုအသုံးပြုပြီး 360 Degree View နဲ့ရိုက် ၊ ပြီးရင် Google Maps ထဲမှာ တိုက်ရိုက်ပြန်တင်နိုင်ပါတယ်။ တခြားသူတွေလည်း ကိုယ်ရောက်နေတဲ့နေရာကို သူတို့ရဲ့ဖုန်းထဲကနေလာရောက်လည်ပတ်လို့ရတာပေါ့။
Google Street View app ကို မိမိတို့ရဲ့ iOS , Android ဖုန်းတွေမှာ စမ်းသပ်အသုံးပြုလိုသူများအတွက် အောက်က link များမှာ Download ရယူနိုင်ပါမယ်။

အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App)
No comments:
Post a Comment