iPhone/Pad တွေမှာ Unicode ရော Zawgyi ရောမြင်ရမယ့် Unicode Font Profile
လေးပါ။ Unicode 100% အမှန်မြင်ရသလို Zawgyi font နဲ့ရေးထားတာတွေကိုလည်း 95%
နီးပါးအမှန်မြင်ရတာကိုတွေ့ရပါတယ် ။ Myanmar Unicode Area
မှာတွေ့လို့စမ်းကြည့်ဖြစ်တာပါ။ ဖန်တီးသူကတော့ ကို Win Lwin Moe
လို့သိရပါတယ် ။ Unicode သုံးချင်နေသူတွေလည်း ဒီ profile
လေးကိုသွင်းထားခြင်းအားဖြင့် ဇော်ဂျီနဲ့ရေးထားတာတွေကိုပါ
အနီးစပ်ဆုံးမှန်ကန်စွာဖတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် unicode font
ဖြစ်တဲ့အတွက် စာရိုက်ရင်တော့ unicode keyboard layout
နဲ့ပဲရိုက်လို့ရပါမယ်။ ttKeyboard ထဲက Uni-ZG (or) MyanSan Layout
နဲ့ရေးမှအဆင်ပြေပါမယ်။ ဇော်ဂျီ Layout နဲ့ရေးရင် တလွဲတွေပေါ်ပါမယ်။
ယူနီ-ဇော်ဂျီ ၂ မျိုးလုံးနီးပါးဖတ်နိုင်တဲ့ Font Profile
လေးကိုသွင်းလိုတယ်ဆိုရင်တော့ အောက်က link ကို safari browser မှာ ဖွင့်
ပြီး မိမိတို့ရဲ့ iPhone/Pad ထဲမှာ font profile ကိုသွင်းရပါမယ်။
(မသွင်းခင်မှာ ယခင်သွင်းထားတဲ့ Zawgyi Font Profile (သို့) သွင်းထားပြီးသား
Font Profile ကိုတော့ပြန်ဖျက်ထားဖို့လိုပါမယ်။
Setting>General>Profile ထဲကိုဝင်ပြီး Zawgyi-one profile
(သို့မဟုတ်) သွင်းထားပြီးသား Font Profile ကို Delete လုပ်ပါ။)
အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး ။ အဆင်ပြေကြပါစေ။
Ref:Myanmar Unicode Area
Thet Naing Soe (Myanmar Mobile App)
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
No comments:
Post a Comment