ကျွန်တော်တို့ မိုဘိုင်း malware တွေနဲ့ပတ်သက်ပြီး အမြဲပြောကြတဲ့အခါ
Android နဲ့ပါတ်သက်ပြီးပဲ ပြောလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုဘိုင်း
malware တွေကို Android ပေါ်မှာ အများဆုံးတွေ့ရလို့ပါပဲ။ ဒါ့အပြင်
Application တစ်ခုကို မိမိ OS အတွင်းသို့ အလွယ်တကူ သွင်းခွင့်ပြုထားတဲ့
Android ဟာ malware တိုက်ခိုက်မှုကို အခံရဆုံး Platforms
တစ်ခုဖြစ်နေလို့ပါပဲ။ ဒါဆိုဘာကြောင့် iOS မှာတိုက်ခိုက်မှုတွေမတွေ့ရတာလဲ
ဆိုပြီး မေးစရာရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ iOS ဟာ Application
တစ်ခုကို မိမိရဲ့ OS အတွင်းသို့ သွင်းမယ်ဆိုရင် အရင်ဆုံး စစ်ဆေးပါတယ်။
ဒီလိုစစ်ဆေးပြီး ခွင့်ပြုမှသာ မိမိဖုန်းအတွင်းသို့ Application
သွင်းနိုင်တာဖြစ်ပါတယ်။ ဒီလို iOS ရဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြောင့်
malware တွေဟာ ဘယ်လိုမှ မထိုးဖောက်နိုင်ပါဘူး။ဒါပေမဲ့ iPhone အသုံးပြုသူတစ်စုံတစ်ယောက်ဟာ jailbreak လုပ်ကာ Application တွေကို မိမိဖုန်းရဲ့ OS ဆီသို့ သွင်းခဲ့မယ်ဆိုရင် Apple ရဲ့ ခွင့်ပြုချက်ကို တောင်းခံမနေတော့ပဲ အလိုလို ခွင့်ပြုပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါဟာ မိမိရဲ့ iPhone ကို malware တိုက်ခိုက်ခွင့်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။ Jailbreak လုပ်တယ်ဆိုတာ ပိုက်ဆံနဲ့ ပေးဝယ်ရတဲ့ iOS application တွေကို အခမဲ့ ရချင်လို့ပြုလုပ်တာဖြစ်ပါတယ်။
Apple ဟာ Jailbreaking ဖြစ်စဉ်ကို ရင်ဆိုင်ခဲ့ရတာဟာ iPhone OS SDK ကို စတင်မမိတ်ဆက်ခင် ၂၀၀၈ ခုနှစ်ကတည်းက ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် Jailbreaking ကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖို့အတွက် Developer တွေဟာ လုံခြုံရေးအားကောင်းတဲ့ Application တွေကို ဖန်တီးရပါတော့တယ်။ iPhone အတွက် ဒီလိုတွေပြုလုပ်ခဲ့တဲ့အကျိုးကျေးဇူးကတော့ လက်ရှိအချိန်မှာ များပြားလှတဲ့ Feature တွေနဲ့ ကောင်းမွန်လှတဲ့ Application တွေကို ပျော်ရွှင်စွာ အသုံးပြုနေရခြင်းပဲဖြစ်ပါတယ်။ ဒီလိုလုံခြုံရေးကောင်းမွန်လွန်းတဲ့ ဖြစ်စဉ်တွေ ၊ iOS အတွင်းသို့ Application သွင်းတဲ့အခါ iOS မှ လက်ခံ အတည်ပြုချက်များပေးခြင်းဖြစ်စဉ်တွေကို ပထမဦးဆုံးမြင်တွေ့နေရသူတွေကတော့ Jailbreaking အဖွဲ့အစည်းက ဖြစ်ပါတယ်။ သူတို့ဟာ ဒီ ဖြစ်စဉ်တွေကိုကြည့်ပြီး iOS အတွက် jailbreak tools တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ဒီလို Jailbreak ပြုလုပ်ခြင်း ကနေတစ်ဆင့် ရရှိလာတဲ့ ဆိုးကျိုးတွေကတော့ မိမိ iOS အတွင်းသို့ Malware များဝင်ရောက်တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။
Ref : Mashable
Aung Ko Htet (MMA)
No comments:
Post a Comment