Website တွေမှာကြော်ငြာတွေတက်လာရင်ဖတ်ရတဲ့သူလည်းစိတ်ရှုပ်စရာဖြစ်တတ်ပါတယ်။
အခုတော့ Android နဲ့ iOS အတွက် Ad-Blocker Browser ထွက်ရှိလာပါတယ်။ ဒီ
Browser app လေးကိုသုံးပြီး Website တွေကိုကြည့်ရှုမယ်ဆိုရင် ဘယ် website
ကိုပဲဝင်ကြည့်ကြည့်ကြော်ငြာပုံတွေပေါ်တော့မှာမဟုတ်ပါဘူး ။
အခြားကြော်ငြာနဲ့ပတ်သက်တာမှန်သမျှကိုလည်း ဒီ browser
app လေးကဖျောက်ထားပေးမှာပါ။ ကြော်ငြာတွေကိုမတက်စေတော့တဲ့အတွက်
website တွေကိုကြည့်ရှုရာမှာ သာမန် browser တွေနဲ့ကြည့်ရှုတာထက်
သုံးဆလောက်ပိုမိုမြန်ဆန်သွားစေပါတယ်။ အခြားအားသာချက်တွေအနေနဲ့ကတော့ သာမန်
browser နဲ့ website တွေကြည့်တာထက် Data သုံးစွဲနှုန်းအဆ ၅၀
ခန့်သက်သာစေမှာဖြစ်ပြီး ၊ Battery ကိုလည်း ၂၃
ရာခိုင်နှုန်းလောက်ချွေတာစေမှာဖြစ်ပါတယ်။ Android နဲ့ iOS အတွက် Ad-Blocker
Browser ကိုရယူလိုတယ်ဆိုရင်တော့ အောက်က link များမှာရယူနိုင်ပါတယ်။
No comments:
Post a Comment