Wednesday, September 9, 2015

250 Megapixel အရည်အသွေးရှိတဲ့ Canon ကင်မရာ

sensor

ဂျပန် အခြေဆိုက် Canon ကင်မရာ ကုမ္ဗဏီ အနေနဲ့ 250 Megapixel အရည်အသွေးရှိတဲ့ ကင်မရာကို ကမ္ဘာ့ စံချိန်တင်ရန် ရည်ရွယ်ချက်နဲ့ ဖန်တီးလိုက် ပါတယ်။ 250-megapixel APS-H CMOS sensor ကို အသုံးပြုထားပြီး ၁၂ မိုင် အဝေးနေရာမှာ လက်ရေးနဲ့ ရေးထားတဲ့ စာကိုတောင် ဖတ်နိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။
4K resolution ထပ် အဆ ၃၀ ပိုမို သာလွန်တဲ့ အရည်အသွေးကို ပေးပြီး Full HD Video အရည်အသွေးထပ် ၁၂၅ စ ကျော် သာလွန်တယ်လို့လည်း တွက်ချက် ဖော်ပြ နိုင် ပါတယ်။ သူ့ကို ပရော်ဖက်ရှင်သုံး အတွက် ပြုလုပ်ခြင်း မဟုတ်ပါဘူး။ စစ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာတို့မှာ ပိုမို အသုံးပြုနိုင်ရန် ရည်ရွယ်လို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဘယ်ဘက်ကပုံက ကင်မရာအတွင်းမှာ ပါဝင်တဲ့ Sensor ဖြစ်ပြီး ညာဘက်ကတော့ ကင်မရာကိုယ်ထည် ဖြစ်ပါတယ်။ သူ့ကို စမ်းသပ်ပြဖို့အတွက် ၁၂ မိုင် အဝေးမှာ ပြန်သန်းနေတဲ့ လေယာဉ်ကို ဓာတ်ပုံရိုက်လို့ ဘေးမှာ သေးငယ်တဲ့ စာလုံးကို ဖော်ပြ ဖတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။ 19,580 x 12,600-pixel sensor ဖြစ်တာကြောင့် ကမ္ဘာ့စံချိန်တင် size ဖြစ်ပါတယ်။
ယင်း ultra-high-resolution ကင်မရာများကို ဂျပန်နဲ့ မဟာမိတ်နိုင်ငံများရှိ စစ်တပ်နဲ့ ထောက်လှမ်းရေးများသို့ ရောင်းချသွားဖွယ် ရှိကြောင့် ခန့်မှန်းထားကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment