Tuesday, August 11, 2015

အိတ်ထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော WalkCar





ဂျပန်ကုမ္ပဏီတစ်ခုသည် ကျောပိုးအိတ်တွင်ထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်စေမည့် ကားတစ်မျိုးကို ဖန်တီးခဲ့သည်။

အဆိုပါ ကားကို တီထွင်ဖန်တီးသူများကမူ ၎င်းသည် အိတ်ထဲထည့်ကာ အလွယ်တကူ သယ်ဆောင်သွားနိုင်သော ကမ္ဘာ့ပထမဦးဆုံးကား ဖြစ်ကြောင်း ဆိုသည်။
လစ်သီယမ် ဘက်ထရီဖြင့် မောင်းနှင်နိုင်မည့် WalkCar ကို အလူမီနီယံဖြင့် ပြုလုပ်ထားပြီး အရွယ်အစားမှာ laptop တစ်လုံးအရွယ်ခန့်သာရှိကာ အလေးချိန်မှာ ၂ ကီလိုဂရမ်မှ ၃ ကီလိုဂရမ်အတွင်းသာ ရှိကြောင်း Reuters မှ ဖော်ပြခဲ့သည်။

၎င်းကို Cocoa Motors ရှိ အသက် ၂၆ နှစ်အရွယ် ဂျပန်အင်ဂျင်နီယာ ကုနိအာကို ဆာအီတိုနှင့် ၎င်း၏အဖွဲ့က တီထွင်ခဲ့ခြင်း ဖြစ်ပြီး အလေးချိန် ၁၂၀ ကီလိုဂရမ်ရှိသော အရာများကို သယ်ဆောင်နိုင်ကြောင်း သိရသည်။
WalkCar ကို သုံးနာရီ အားသွင်းပြီးနောက် တစ်နာရီ ၁၀ ကီလိုမီတာနှုန်းဖြင့် ၁၂ ကီလိုမီတာအထိ မောင်းနှင်နိုင်မည် ဖြစ်သည်။ စီးနင်းရာတွင်လည်း ရိုးရှင်းပြီး WalkCar ပေါ် ခြေထောက်တင်လိုက်သည်နှင့် အလိုအလျောက် မောင်းနှင်မည်ဖြစ်ကာ ခြေထောက်ချလိုက်သည်နှင့် အလိုအလျောက် ရပ်တန့်သွားမည် ဖြစ်သည်။ ဦးတည်ရာ ပြောင်းလဲရန်အတွက် စီးနင်းသူက ၎င်း၏ ကိုယ်ဟန်အနေအထားကို ဘယ်ညာယိမ်းရုံဖြင့် ပြုလုပ်နိုင်သည်။

WalkCar ကို ယခုနှစ်ကုန်တွင် ရောင်းချနိုင်ရန်အတွက် Kickstarter ဆိုက်တွင် ရန်ပုံငွေတောင်းခံထားပြီး အောင်မြင်မှုရရှိပါက လာမည့်နှစ်တွင် ကန်ဒေါ်လာ ၈၀၀ ခန့်ဖြင့် တင်ပို့ရောင်းချရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ တီထွင်မှုကို အွန်လိုင်းပေါ်ရှိ လူများစွာက ချီးကျူးခဲ့ကြသော်လည်း အချို့ကမူ ၎င်းသည် ကားတစ်စင်းထက် စွမ်းအင်အသုံးပြုထားသော စကိတ်ဘုတ်နှင့် ပိုမိုဆင်တူကြောင်း သုံးသပ်ခဲ့ကြသည်။

Ref: DailyMail
Credit=>internetjournal.
My Facebook Account Click

No comments:

Post a Comment