Facebook မှာ အခုနောက်ပိုင်း Feature ပိုစုံဖို့ကို ရည်ရွယ်ပြီး
Facebook အသုံးပြုသူတို့ လိုအပ်မယ်ထင်တဲ့ Feature တွေကို
တစ်မျိုးပြီးတစ်မျိုးထည့်သွင်းပေးလျက်ရှိပါတယ်။ အရင်က Facebook
အသုံးပြုသူတို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဆက်သွယ်နိုင်ဖို့အတွက်
ရည်ရွယ်ပြီး မိမိဖုန်းနံပါတ်ကိုထည့်သွင်းစေခဲ့ပါတယ်။ ဒါပေမဲ့
အခုလက်ရှိအချိန်မှာတော့ Facebook အသုံးပြုသူများဟာ မိမိ ပရိုဖိုင်းမှာ
ရှိနေတဲ့ ဖုန်းနံပါတ်ကို အခွင့်ကောင်းယူကာ တစ်ယောက်နဲ့တစ်ယောက်
အနှောင့်အယှက်ပေးခြင်းတွေပြုလုပ်လာကြပါတယ်။ဒါ့အပြင် သင်ပြန်လည်မျှဝေလိုက်တဲ့ သတင်းတွေကို ကြည့်ရှု လေ့လာခြင်းဖြင့်လည်း သင့်ပရိုဖိုင်းမှာရှိနေတဲ့ သင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို သိရှိသွားစေနိုင်ပါတယ်။ ထိုအချက်အလက်တွေကို ကြည့်ရှုပြီး သင့်ကို အနှောက်အယှက်များပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင် Facebook က ကိုယ်ပိုင်အချက်အလက်တွေအတွက် လုံခြုံမှု မရှိဘူးလားဆိုပြီး မေးစရာဖြစ်လာပါတယ်။ Facebook က အင်ဂျင်နီယာတွေက သင့်ရဲ့ ဖုန်းနံပါတ်နဲ့ ကိုယ်ရေး အချက်အလက်တွေလုံခြုံရေးအတွက် အများမသိအောင် Generate လုပ်ထားပေမဲ့ အသုံးပြုသူကိုယ်တိုင်က ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ Data တွေကို အများသိအောင် ဖော်ပြထားမယ်ဆိုရင်တော့ ဘယ်လိုမှ Generate လုပ်ပေးထားလို့ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင် Share ထားတဲ့ သတင်းတွေကို အခြားသူတစ်ယောက်က ကြည့်ခြင်းအားဖြင့်လည်း သင့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေကိုသိသွားစေလို့ပါပဲ။
ဒါကြောင့် Facebook က သင့်ရဲ့ Profile မှာ ဖုန်းနံပါတ်တွေကို ထည့်သွင်းမထားဖို့ထုတ်ပြန်လိုက်ပါတယ်။ အကယ်၍ ဖုန်းနံပါတ်ထည့်ခဲ့မယ်ဆိုရင်လည်း Public မလုပ်ပဲ only me သာလုပ်ထားသင့်ကြောင်းပြောကြားသွားခဲ့ပါတယ်။
Ref : Metro
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment