Tuesday, August 4, 2015

ရေကြီးတာနဲ့ ပက်သက်လို့ သတင်းပေးတဲ့ မိုဘိုင်း App နဲ့ ဝဘ်ဆိုဒ်




Screen Shot 2015-08-03 at 11.19.47 PM
Myanmar Flood Information (www.myanmarflood.info/)လို့ အမည်ရတဲ့ ဝဘ်ဆိုဒ်နဲ့ မိုဘိုင်း App ဟာ လူတိုင်း သတင်းအချက်အလက် ဖြည့်ပေးနိုင်တဲ့ ဝဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ တည်ထောင်ဖန်တီးလိုက်တာ ဘယ်သူလည်း ဆိုတာ မသိသေးပေမယ့် ယခုလို အချိန်တိုအတွင်းမှာ လူတိုင်း coordinate လုပ်နိုင်မယ့် platform လေးကို ဖန်တီးပေးနိုင်တာ လေးစား ဂုဏ်ယူပါတယ်။
ဝဘ်ဆိုဒ်အပြင် မိုဘိုင်း App ပါပါဝင်ပါတယ်။ အဲ့ဒီမှာ အလှူအတန်းပြုလုပ်တဲ့ အဖွဲ့တွေ၊ ပရဟိတ အဖွဲ့တွေ၊ လုပ်အား အဖွဲ့တွေ အချက်အလက်ကို ကြည့်နိုင်၊ ထည့်နိုင်တဲ့အပြင် သတင်းအချက်လက်များ ယူခြင်း၊ update များကို ကြည့်ခြင်းများလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်း App ကိုလည်း ဝဘ်ဆိုဒ်ထဲက ဖော်ပြပါ link ကို နှိပ်ပြီးတော့ ရယူ နိုင်ပါတယ်။
Facebook မှာ Post တင်တဲ့အခါ #savemyanmar #supportmyanmar တို့လို space bar မခြားတဲ့ hashtag များအသုံးပြုလို့ တင်ခြင်းဖြင့် နိုင်ငံတကာကို သိလာစေမှာ ဖြစ်ပါတယ်။ အဲ့ကျရင်ပိုလို ကူညီထောက်ပံ့မှု အကူအညီများ ရရှိပါလိမ့်မယ်။ နိုင်ငံတကာများကိုလည်း share တဲ့အခါ www.myanmarflood.info ကိုပဲ ညွန်းပေးခြင်းဖြင့် ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (MMAS)

No comments:

Post a Comment