Wednesday, September 7, 2016

♪ iPhone နှင့် iPad များတွင် Stroage နေရာပိုလွတ်ပိုတိုးအောင်လုပ်နည်း ♫





ကိုယ့်ရဲ့ iOS devices တွေမှာ အကြောင်းအားလျော်စွာ သိုလှောင်ဖို့ နေရာ storage space နည်းသွားတတ်တာမျိုး တစ်ချိန်မဟုတ် တစ်ချိန်တွေ့ ရတတ်ကြပါတယ်။ ကိုယ့်ဖုန်းမှာ storage မရှိတော့လို့  ဓါတ်ပုံလေးတစ်ပုံ ၊ ဗွီဒီယိုလေးတစ်ခုမှ မရိုက်ကူးနိုင်တာလောက် ဆိုးတာ မရှိပါဘူး။ ဒီတော့ ဒါမျိုး ဖြစ်တတ်တယ် ဆိုရင် ကိုယ့်ရဲ့ iPhone ၊ iPad တို့ iPod touch တို့ မှာ နေရာလွတ် storage ထွက်လာအောင် လုပ်လို့ ရတဲ့ နည်း လေးတွေကို စမ်းကြည့်ဖို့  သင့်ပါတယ်။
တစ်ခြားပစ္စည်းတွေနဲ့ မတူတာတစ်ခုက iPhone တို့ iPad တို့ မှာ နေရာလွတ် ထွက်လာအောင်လို့ jailbreak လုပ်စရာမလိုပါဘူး။ဒီနည်းလမ်းကတော့ jailbreak ဖောက်ပြီးသား ဖုန်းတွေ အတွက်လည်း သုံးလို့ ရပါတယ်။

လုပ်နည်းကိုတော့ အောက်မှာ တစ်ဆင့်ချင်း ဖော်ပြထားပါတယ်။

အဆင့် (၁) ။ ။ Settings.app ကနေ General ထဲ ကို သွားပြီး Storage & iCloud Usage ကို ရွေးပါ။ ကိုယ့်ဖုန်းပေါ်မှာ storage ဘယ်လောက်ရနိုင်မလဲကို မှတ်ထားပါ။

အဆင့် (၂) ။ ။ ပြီးတာနဲ့ ကိုယ့်ရဲ့ iOS ဖုန်းမှ iTunes Stores ကို ဖွင့်ပါ။

အဆင့် (၃) ။ ။ အောက်ခြေမှာ ရှိတဲ့ tab ဘားထဲက icon ဖြစ်တဲ့ Movies ဒါမှမဟုတ် Films ကို နှိပ်ပါ။ ကိုယ့်ဖုန်းမှာပါတဲ့ storage ထက် file size ပိုကြီးတဲ့ ဗွီဒီယိုတစ်ခုကို ရွေးပါ။ဖိုင်ဆိုက်ဒ်ကို ကြည့်ဖို့ က အရေးကြီး ပါတယ်။ ဒါကိုသိဖို့ တော့ ဗွီဒီယိုရဲ့ အချက်အလက်တွေကို အောက်ဆွဲချ scroll down လုပ်ပြီး Size ဆိုတဲ့ အညွှန်း အောက်မှာ ပါတဲ့ file size ကို စစ်ဆေးကြည့်ပါ။

အဆင့် (၄) ။ ။ စာရင်းထဲမှာ တွေ့ ရတဲ့ Rent ခလုတ်ကို နှိပ်ပြီး Rent HD Movie/Film ကို ရွေးနှိပ်ပါ။



မှတ်ရန် ။ ဒါက ဗွီဒီယိုဖိုင်ကို ဒေါင်းလုပ်ဆွဲဖို့ storage မလောက်တဲ့အကြောင်း system အသိပေးတာ  ဖြစ်လို့  ဒီလိုခဏငှားသုံးတာနဲ့ ပတ်သတ်လို့ ဘာမှ ပြဿနာ မရှိပါဘူး။

အဆင့် (၅) ။ ။ ကိုယ့်ရဲ့ဖုန်းမှာ သိုလှောင်ဖို့ နေရာမလောက်တာကြောင့် အခုရွေးထားတဲ့ ဗွီဒီယိုကို ဒေါင်းလုပ်ဆွဲလို့ မရနိုင်ကြောင်း သတိပေးတဲ့ အပေါ်က Settings ကို နှိပ်ပါ။



အဆင့် (၆) ။ ။ အဲဒီ Settings.app ပွင့်သွားတဲ့အခါ Storage & iCloud Usage ကို နှိပ်ပါ။
ဒါဆိုရင် ကိုယ့်ဖုန်းမှာ အရင်က ထည့်မရတဲ့ အနေအထားကနေ မျက်လှည့်ပြလိုက်သလို သိုလှောင်မှု storage ပိုရလာတာကို ချက်ချင်း တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီ process ဟာ နောက်ထပ် အပို storage space အလွတ်တွေ ထပ်ရလာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ့်ဖုန်းမှာ ဗွီဒီယိုဖိုင် ဒေါင်းလုပ်ဆွဲဖို့ နောက်ထပ် space မလောက်တော့မှ ဒါမျိုး အပိုထပ်ဆောင်း ဆွဲနိုင်တာ ဖြစ်ပါတယ်။

Apple ဟာ တစ်ချို့ ယာယီဖိုင်တွေတို့  မလိုအပ်တော့တဲ့ cache file တို့ ကို ဖျက်ဖို့ ဒေါင်းလုပ်ကို နှိပ်ပြီး စစ်ဆေးရမယ့် အစိတ်အပိုင်းတစ်ခုအနေနဲ့ ဒါမျိုးလှည့်ကွက်ကလေးတစ်ချို့ လုပ်ထားပြီး နောက်မှ ငှားသုံးတာဖြစ်ဖြစ် ဝယ်ယူတာဖြစ်ဖြစ် လုပ်ဖို့ တိုက်တွန်းသွားမှာပါ။



No comments:

Post a Comment