Wednesday, September 7, 2016

♪ Android ဖုန်းတွေမှာ အပူလွန်ကဲမှုပြဿနာများကို ဘယ်လိုပြင်ကြမလဲ ♫


စမတ်ဖုန်းတွေဟာ ရေဒီယိုတွေနဲ့ တစ်ခြားလျှပ်စစ်နဲ့  ရေဒီယိုသတ္တိကြွ ဆက်သွယ်ရေးပစ္စည်းတွေကနေ လုပ်ဆောင်ပါတယ်။ စံနမူနာအားဖြင့် အပူထွက်တဲ့အနေအထားကို လျစ်လျှူရှုလို့ ရပြီး ပူနွေးတာထက် မပိုပါဘူး။ တကယ်တော့ စမတ်ဖုန်းအများအပြားဟာ စမတ်ဖုန်း screen ကို အတိုင်းအတာတစ်ခုထက်ပိုသုံးရင် အပူလွန်ကဲ တတ်တာပါပဲ။ အဆင့်အတန်းမြင့်စမတ်ဖုန်းတွေတောင် အပူလွန်ကဲတတ်တယ်ဆိုတာ တွေ့ ရပါတယ်။ စမတ်ဖုန်းတစ်လုံး အပူလွန်ကဲနိုင်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ တစ်ခါတစ်ရံမှာ ဖုန်းက လေး hang သွားပြီး မပျက်မစီးအောင်လို့ သူ့ ဘာသာသူ ပိတ် shut down ကျ သွားတတ်ပါတယ်။

နွေရာသီမှာ နေရောင်ခြည်နဲ့ ရေမစိုအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရသလိုမျိုး ကျွန်တော်တို့ ရဲ့ စမတ်ဖုန်း တွေကိုလည်း ရေနဲ့ ခရမ်တွေ မထိအောင် ဂရုစိုက်သင့်ပါတယ်။ စမတ်ဖုန်းအမျိုးမျိုးနဲ့ နှစ်ပေါင်းများစွာ တွေ့ ခဲ့ကြုံခဲ့ပြီးနောက် ဖုန်းမှာ အပူလွန်ကဲတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့  နည်းလမ်းတွေကိုလည်း တွေ့ ထားပါတယ်။ အခုပြောမယ့် လေ့ကျင့်ခန်းဟာ စမတ်ဖုန်းသုံးသူ သန်းပေါင်းများစွာ နဲ့ သက်သေထူပြီး လေ့ကျင့်ခန်းများဖြစ်ပါတယ်။ ဒီတော့ ကိုယ့်စမတ်ဖုန်းမှာ အပူမလွန်အောင် ထားဖို့ ရိုးရှင်းတဲ့ နည်းလမ်းများကို လိုက်နာကြည့်ပါ။

အပူလွန်ကဲမှုအမြဲတစေ ဖြေရှင်းနိုင်တဲ့ ယေဘုယျပြဿနာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ အပူလွန်ကဲမှု ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းများကို သုံးဖို့ လိုပါတယ်။ ကိုယ့်အနေအထားပေါ်မူတည်ပြီး ဖုန်းမှာ အပူလွန်ကဲမှုကို ဖြေရှင်းဖို့ အောက်ပါ လက်တွေ့ နည်းများကို လိုက်နာလိုက်ပါ။

(၁) ဖုန်းကို အားကောင်းကောင်းသွင်းပါ။
ဖုန်းမှာ အပူလွန်ကဲမှုပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာနေတယ်ဆိုရင် ဒါက ပထမဆုံးသွား ရမယ့် အဆင့်ပါ။ ဖုန်းအတော်များများ ဟာ အားသွင်းနေစဉ်မှာ အပူရှိန်တက်ဖို့ အလားအလာရှိပါတယ်။ ဒါပေမယ့် လည်း အဲသလို ဖြစ်တာဟာ အားကောင်းစွာ မသွင်းလို့ လည်း ဖြစ်နိုင်ပါတယ်။ ဖုန်းကို အားသွင်းစဉ် ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းအားလုံးကို လိုက်နာဖို့ က တော်တော်လေး အရေးကြီးပါတယ်။ ကိုယ့်ရဲ့ လက်စွဲအညွှန်းထဲမှာ ပါချင်မှ ပါမယ့်အောက်ပါ လမ်းညွှန်ချက်တွေကို လိုက်နာပါ။

  • ဖုန်းအားသွင်းစဉ် ဖုန်းကို ကိုယ်ထည်ကနေထုတ်ထားပါ။
  • အားသွင်းပေါက်ထဲ ပလပ်တပ်စဉ် ဖုန်းအနီးအနားမှာ အပူရှိတဲ့ ဘယ်ပစ္စည်းမှ မထားပါနဲ့ ။
  • လိုက်ဖက်သင့်တော်တဲ့ charger တစ်ခုနဲ့ အပူလွန်ကဲမှုကို ပယ်ဖျောက်ဖို့ ကေဘလ်တစ်ခုကိုပဲ အမြဲ သုံးပါ။
  • ကျွန်တော်တို့ အများစု လုပ်လေ့ရှိတဲ့ အားသွင်းစဉ် ဖုန်းသုံးခြင်းမျိုး ဘယ်တော့မှ မလုပ်ပါနဲ့ ။ ဒါမျိုးက သာမန်ထက် ပိုပြီးအပူပိုထုတ်ပေးပြီး ပေါက်ကွဲဖို့ အလားအလာရှိပါတယ်။
  • ညဘက်တွေမှာ ဖုန်းကို အားအပြည့်သွင်းဖို့ အကြံပြုပါတယ်။ နေ့ ဘက်မှာဆို အားကို ၈၀-၉၀ % အထိ သွင်းဖို့ လိုပါတယ်။
(၂) မသုံးတဲ့ features များကို ပိတ်ထားပါ။
ကိုယ့်ရဲ့ status bar မှာ Bluetooth ၊ WiFi ၊ mobile data ၊ hotspot တို့ tethering တို့ လိုမျိုး သင်္ကေတ တွေနဲ့  ပြည့်ကြပ်နေရင် ဒါကလွဲမှားနေပါတယ်။ လူတော်တော်များများဟာ WiFi နဲ့ Bluetooth တို့ ကို အသုံးမလိုတဲ့အခါမှာတောင်ဖွင့်ထားတတ်ပါတယ်။ ဒါတွေ ဖွင့်ထားရင် ဖုန်းဟာ အနီးအနားက ဖုန်းတွေနဲ့  နက်ဝါ့ခ်တွေကို ပုံမှန်စစ်ဆေးနေမှာ ဖြစ်လို့ အပူလွန်ကဲမှုတွေ ဖြစ်စေမှာပါ။ ကိုယ့်မှာ နက်ဝါ့ခ်ကော်နက်ရှင် ကောင်းကောင်းမရှိရင် WiFi ကို အကြာကြီး ချိတ်ဆက်မထားသင့်ပါဘူး။

ဒီတော့ ကိုယ်သာ ဒီ features တွေကို မသုံးရင် ဒါတွေကို ပိတ်ထားလိုက်ပါ။ဒီ features တွေဟာ အပူလွန်ကဲမှုကိုဖြေရှင်းပေးတဲ့  ဘက်ထရီအားအမြန် ခမ်းတာကိုလည်း လျှော့ချပေးမှာပါ။ ကိုယ့်ပတ်ဝန်းကျင်နဲ့  လိုက်ဖက်တဲ့ အလင်းတောက်ပမှု brightness ကို အလိုအလျောက် ညှိယူဖို့ adaptive brightness feature ကို သုံးပါ။

(၃) ကာဗာကို ဖြုတ်ထားပါ။
ဖုန်းအပြင်မှာ ကာထားတဲ့ ကိုယ်ထည်ခွံတို့ ကာဗာတို့ ဟာ ဖုန်းကို မကွဲမရှဘေးကင်းစေတယ်ဆိုတာကို လက်ခံသဘောတူပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဖုန်းရဲ့ ကာဗာဟာ အပူလွန်ကဲမှုကြောင့် စက်ကို အေးနေ အောင်လုပ်ဖို့ ခက်ခဲစေတတ်ပါတယ်။ များသောအားဖြင့် ကိုယ့်ဖုန်းကို ကာဗာတပ်လျက် တလျှောက်လုံး အဆက်မပြတ် သုံးရင် ဖြစ်လေ့ရှိပါတယ်။ ဒီတော့ လုံခြုံစိတ်ချရတဲ့ နေရာရောက်ပြီဆိုရင် ကာလ အတိုင်းအတာ တစ်ခုအထိ ဖုန်းကိုယ်ထည်နဲ့ ကာဗာတို့ ကို ဖယ်ရှားပြီး ဖုန်းချည်းသီးသန့် ထားပေးပါ။

(၄) သင့်ဖုန်းဟာ ဂိမ်းစက်မဟုတ်ပါ။
လက်တွေ့ ကြည့်ပါ။ Samsung Galaxy S7 တို့ Nexus တို့ လို အဆင့်မြင့်ဖုန်းတွေကို ငွေအမြောက်အများ ပေးပြီး ဝယ်ရတယ်ဆိုပေမယ့် ဂိမ်းစက်တွေ DSLR တွေကို လက်လွှတ်လို့ မရနိုင်သေးပါဘူး။ ဒီတော့ ရုပ်ထွက်မြင့်လွန်းတဲ့ ဂိမ်းတွေ အဆက်မပြတ်ဆော့တာမျိုးတို့  မနားတမ်း selfie ဆွဲတာတို့ မလုပ်ပါနဲ့ ။ သင့်ဖုန်းမှာ ပါတဲ့ ဟာ့ဒ်ဝဲလ်ဟာ ရုပ်ထွက်မြင့် ဂိမ်းတွေကို နိုင်တယ်ဆို ပေမယ့် ဖုန်းရဲ့ အရွယ်အစားဟာ အပူလွန်ကဲမှုကို ရှောင်လို့ မလွတ်နိုင်ပါဘူး။ ဖုန်းဘက်ထရီနဲ့  processing စွမ်းအင်ကို အဆက်မပြတ်အမြန် ခမ်းအောင်သုံးခြင်းဟာ အပူထွက်မှုကို မြန်ဆန်စေနိုင်ပါတယ်။

(၅) CPU အသုံးများလွန်းတဲ့ အက်ပလီကေးရှင်းတွေကို ရှာပါ။
CPU အသုံးများလွန်းတဲ့ အက်ပလီကေးရှင်း နဲ့ နောက်ခံကနေ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်ဖုန်းကို ကိတ်မုန့် ဖုတ်လို့ လောက်အောင် အပူတက်စေတဲ့ အဓိက အကြောင်းရင်း တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ဖုန်းမှာ အက်ပ်တွေ အသုံးများတဲ့ နေရာတွေကို ဖြုတ် uninstall လုပ်တာ update တင်တာတွေ လုပ်ဖို့ လို ပါတယ်။သင့်အနေနဲ့  ဘက်ထရီအသုံးလိုမျိုး memory နဲ့ CPU အသုံးလိုမျိုး စနစ်ရဲ့ အနေအထားအမျိုးမျိုးကနေ စဉ်းစားလို့ ရနိုင်ပါတယ်။ အဲသလို အသုံးများလွန်းတယ်ဆိုရင် DU Phone Cooler&Cooler Master လို စောင့်ကြည့်ရေး အက်ပ်တစ်ခုကို သွင်းထား install လုပ်ဖို့ လိုပါတယ်။

ဒီအက်ပ်ဟာ အဲသလိုစားနေတဲ့ တစ်ခြားအက်ပ်တွေအားလုံးနဲ့ ဝန်ဆောင်မှုတွေအားလုံးကို စောင့်ကြည့် မှာပါ။ ဖုန်းရဲ့ အပူချိန်ကိုလည်း စောင့်ကြည့်ပြီး ဖုန်းကို အေးချ cool down လုပ်ဖို့ သင့်ကို အလိုအလျောက် သတိပေးသွားမှာပါ။

(၆) ဖလက်ရှ်မီး Torch ကို မသုံးပါနဲ့ ။
ဖုန်းပေါ်က ဖလက်ရှ်မီး ဟာလည်း အပူမြင့်တက်စေပါတယ်။ ဒါကိုမသုံးဘဲ ရှောင်ပြီး LED မီးထက် ကိုယ့် ဖုန်း screen မှာ သုံးမယ့် Play Store ကနေ screen ဖလက်ရှ်မီး အက်ပ်တွေလို နည်းလမ်းတွေကို သုံးကြည့်ပါ။


No comments:

Post a Comment