Thursday, April 14, 2016

ဖုန်းကိုထိတိုင်း နောက်ခံစကားပြောနေသည့် Talk Back ကိုပိတ်နည်း


သာမန်သုံးသူတွေအတွက်ပါ...မသိရင် ဆိုင်ပြေးရတတ်လို့။
Andorid ဖုန်းတွေရဲ့ setting>acessbility ထဲက Talk back ဆိုတဲကောင်လေးကို on လိုက်မိရင်
ဖုန်းကိုလက်နဲ့ထိသမျှ နောက်ကနေ လိုက်ပြောနေမှာဖြစ်ပါတယ်။ ဥပမာ ဖုန်းကို screen on ရင် onတဲအကြောင်းလိုက်ပြောနေတာဖြစ်ပါတယ်။ တစ်ခုရှိတာက Talk backကို on လိုက်တာနဲ့ ဖုန်းက ပုံမှန် one touch နေရာမှာ double touch လုပ်ဝင်ရပါတယ်။ ဥပမာ.Zapya ကိုဝင်မယ်ဆိုပုံမှန်အတိုင်းက လက်နဲ့ထိလိုက်ရင် တန်းဝင်ပါတယ် Talk back အနေအထားမှာ zapya ကို ပထမ တစ်ချက်ထိ နောက် နှစ်ချက်ဆက်တိုက်နှိပ်ပြီးမှ ၀င်ရပါတယ်။ ဘယ်နေရာကိုပဲ ၀င်ဝင် နှစ်ချက်ထိ Double touch မှရပါတယ်။Screenကို ဘယ်ညာ ရွှေ့တာ Status barကိုဆွဲချတာတွေမှာ screenကို  လက်နှစ်ချောင်းနဲ့ထိပွတ်မှရပါတယ်။ တစ်ချောင်းတည်းနဲ့ပွတ်မရပါ။Double touch ပေါ့။ဒါလေးကိုမသိရင် Talk backကို ပြန်ပိတ်ဖို့ရာ one touchနဲ့ ဘယ်လိုမှအဆင်မပြေပါဘူး။။talk backကို ပိတ်ဖို့အတွက် Double touchတွေနဲ့ setting >accessbility>talk back ထိသွားပြီး off ကိုပေးလိုက်ရမှာဖြစ်ပါတယ်။ဒါဆိုပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။

No comments:

Post a Comment