Saturday, April 23, 2016

♪ Play Store မှာ မြန်မာနိုင်ငံကနေဒေါင်းလို့မရတဲ့ CoC အပါအ၀င် ဂိမ်းတွေ၊app တွေကို ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ ♫


Google Play Store ဆိုတာ အကောင်းဆုံးနဲ့ အမိုက်ဆုံး Android ဂိမ်းတွေ၊ app တွေကို စုစည်းထားတဲ့နေရာ ဖြစ်ပြီး၊ Android သုံးသူတွေအတွက် မရှိမဖြစ်နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ မြန်မာနိုင်ငံက Android ဖုန်းသုံးသူတွေအနေနဲ့ Clash of Clans တို့ Hay Day တို့လို ဂိမ်းတွေကို Play Store မှာ တရားဝင်ဒေါင်းလုဒ်လုပ်ဖို့မပြောနဲ့၊ ရှာလို့တောင်မရပါဘူး။
ဒါဆို ကျွန်တော်တို့ မြန်မာနိုင်ငံကနေမရတဲ့ ဂိမ်းတွေ၊ app တွေကို Google ရဲ့ တရားဝင် Play Store မှာပဲ လွယ်လွယ်ကူကူနဲ့ download ဆွဲချင်ရင် ဘယ်လိုလုပ်မလဲ။ နည်းလမ်းကတော့ အရမ်းကို လွယ်ကူပါတယ်။
(၁) ပထမဦးဆုံး ကျွန်တော်တို့ Hot Spot Shield ဆိုတဲ့ app လိုပါမယ်
VPN proxy ကျော်ပေးနိုင်မယ့် Hot Spot Shield ဆိုတဲ့ app ကို Google Play Store မှာ သွားရှာပါ။ ဒီ app ကတော့ မြန်မာနိုင်ငံကနေ လွယ်လွယ်ကူကူပဲ Play Store search box မှာ ရိုက်ရှာပြီး၊ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
Screenshot_20160309_173926
(၂) Hot Spot Shield နဲ့ VPN ကျော်မယ်

Hot Spot Shield အက်ပလီကေးရှင်းကို install လုပ်ပြီးသွားရင်၊ ဖုန်းထဲကနေ အဲဒီ app ထဲ ၀င်လိုက်ပါ။
Screenshot_20160309_174206
-app ထိပ်ဆုံးမှာ Connect ဆိုတဲ့ ခလုတ်ပါရှိပြီး၊ အောက်ဘက်မှာ Add apps ဆိုတဲ့ အစိမ်းရောင်ခလုတ်လေး ပါရှိပါတယ်။
-Adds apps ကို နှိပ်လိုက်ရင် ကိုယ့်ဖုန်းထဲမှာသွင်းထားတဲ့ app တွေ စာရင်းပေါ်လာပါလိ့မ်မယ်။ Google Play Store app ကို ရွေးပေးလိုက်ပါ။Screenshot_20160309_174230
–  ပြီးရင် back ပြန်ထွက်ပြီး ‘Connect’ ဆိုတာကို နှိပ်ပေးလိုက်ရင် VPN proxy ကျော်တာအောင်မြင်သွားပါပြီ။ ( ကြော်ငြာတစ်ခုပေါ်လာရင် ခဏစောင့်ပြီး back ပြန်နှိပ်ပေးလိုက်ပါ)
Screenshot_20160309_180423
(တကယ်လို့ စာဖတ်သူအနေနဲ့ youtube မှာ မြန်မာနိုင်ငံကနေကြည့်လို့မရတဲ့ဗီဒီယိုတွေ ကြည့်ချင်တယ်ဆိုရင်၊ Youtube app ကို Add လုပ်ထားပေးလိုက်ပါ)
(၃) Play Store ထဲက ဒေတာတွေကိုဖျက်ပါမယ်။
VPN ကျော်ပြီးသွားရင်၊ Play Store ထဲက cache ဖိုင်တွေကို ဖျက်ဖို့ လိုပါတယ်။ Hot Spot Shield ကနေ Home ကီးနှိပ်ထွက်ပြီး –
– ဖုန်း Settings ထဲ ၀င်ပါ။
– Applications ကို သွားပြီး၊ Google Play Store ကို နှိပ်လိုက်ပါ။
Screenshot_20160309_180609
– ‘ Clear Cache’ ဆိုတာကို အရင်လုပ်ပြီး၊ ‘Clear Data’ ဆိုတာကိုပါ ထပ်လုပ်လိုက်ပါ။
Screenshot_20160309_180614
(၄) Play Store app ထဲ ပြန်ဝင်ပါ။
Play Store ထဲ ပြန်ဝင်လိုက်ရင်၊ Clear Data လုပ်ထားတာကြောင့် Play Store app ထဲ ပထမဦးဆုံး ၀င်ဝင်ချင်းအဆင့်ကို ပြန်ရောက်သွားမှာ ဖြစ်ပြီး၊ မိမိ Gmail အကောင့်နဲ့ Play Store ကို ချိတ်ဆက်လိုက်ပါ။
(၅) Play Store မှာ ကိုယ်အရင်က ရှာလို့၊ ဒေါင်းလို့မရတဲ့ ဂိမ်း၊ app ကို ရှာကြည့်ပါ။
Play Store ရဲ့ ထိပ်ဆုံးက Search box မှာ မြန်မာနိုင်ငံကနေ ရှာလို့၊ ဒေါင်းလုဒ်လုပ်လို့မရတဲ့ ဂိမ်းတစ်ခုခု၊ ဥပမာ – Hay Day ၊ Clash of Clans စတာကို ရှာဖွေကြည့်လိုက်ရင်၊ ထိပ်ဆုံးကနေ ထွက်ပေါ်လာတာကို တွေ့ရမှာပါ။
Screenshot_20160309_174311
ဒါဆိုရင်တော့ နောက်တစ်ခါ Clash of Clans update ထွက်ရင်၊ သူများဆီက လိုက်တောင်းနေစရာ၊ ၀က်ဆိုဒ်တွေမှာ လျှောက်ရှာနေစရာမလိုတော့ဘဲ၊ ကိုယ့်ဖုန်းထဲကနေပဲ Play Store ၀င်ပြီး၊ Supercell ကပေးတဲ့ Official update ကို ချက်ချင်း ဒေါင်းလုဒ်ဆွဲယူနိုင်ပြီဖြစ်ပါတယ်။
Screenshot_20160309_174317
ဒီ့အပြင် Spotify တို့လို မြန်မာနိုင်ငံကနေ ဒေါင်းလုဒ်လုပ်လို့မရတဲ့ အမိုက်စား music streaming app တွေကို ဒေါင်းလုဒ်ရယူပြီး သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment