Friday, April 29, 2016

♪ “မြန်မာဘာသာဖြင့်ပါ အသုံးပြုနိုင်မည့် Samsung အွန်လိုင်းစတိုးစတင်” ♫


မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Samsung ၏ တရားဝင်စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် မိုဘိုင်းဖုန်း ဆိုင်ရာ ဆက်စပ်ပစ္စည်းများအား ရောင်းချ ပေးမည့် Samsung အွန်လိုင်းစတိုးအား စတင်လိုက်ပြီဖြစ်ကြောင်း Samsung Myanmar မှ သတင်းထုတ် ပြန်ပါသည်။Samsung ၏ တရားဝင် စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် မိုဘိုင်းဖုန်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ အား ရောင်းချရန် Samsung ၏ တရားဝင်ဖြန့်ချိသူများမှ အွန်လိုင်း ပလက်ဖောင်းအား စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်ပြီး အဆိုပါအွန်လိုင်း စတိုး မှ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအား ဆောင်ရွက်ပေးမည်ဖြစ်သည်။
ပစ္စည်းများအားလုံးတွင်လည်း တစ်နှစ်အာမခံသက်တမ်းများ ပါဝင်မည် ဖြစ်ပြီး နောက်ဆုံးပေါ်ထုတ် ကုန်များဖြစ် သည့် Samsung Galaxy S7၊ S7 Edge နှင့် Samsung Galaxy On7 ကဲ့သို့သောအွန်လိုင်းသီးသန့် မော်ဒယ် သစ်များကိုလည်း အီလက်ထရောနစ်ဆိုင်ရာ ကုန်သွယ်မှုအွန်လိုင်းစတိုး တွင်မကြာမီရှိနိုင်တော့မည်ဖြစ်သည်။ အဆိုပါဝက်ဆိုက်အား မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ကြည့်ရှုအသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
စတင်မိတ်ဆက်သည့် ပထမဆုံးအဆင့်တွင် အိမ်တိုင်ရာရောက် ပို့ဆောင်မှု သည် ရန်ကုန်နှင့် မန္တလေးတွင်သာ ရရှိနိုင်မည်ဖြစ်ပြီး အခြားနေရာဒေသ များသို့ ပို့ဆောင်မှုကိုမူ နောက်ပိုင်းအဆင့်များတွင် တိုးချဲ့လုပ်ဆောင်သွား မည်ဖြစ်ပါသည်။အွန်လိုင်းစတိုးမှ ပထမဆုံးစမ်းသပ်ဝယ်ယူလိုသူများ အနေ ဖြင့်လည်း သိရှိလိုသည်များ စုံစမ်းမေးမြန်းနိုင်ရန် Call Centre လည်း ဖွင့်လှစ်ပေးထားပါသည်။
အွန်လိုင်းစတိုးမှ ဝယ်ယူသူများအနေနှင့်လည်း Samsung Brand Shop မှ Samsung ပစ္စည်းများ ဝယ်ယူခြင်းကဲ့သို့ အကျိုးတူခံစားခွင့်များ ပေးထားပါသည်။Samsung ၏ Head of IM and Channel ကိုဇာနည်ဝင်းထက်မှ ''အခုလို အီလက်ထရောနစ်ဆိုင်ရာ ကုန်သွယ်ရေးဝက်ဆိုက်ကို စတင်မိတ်ဆက်ပေးနိုင်တဲ့အတွက် ဖြန့်ချိသူ တွေကို ဂုဏ်ယူဝမ်းသာကြောင်း ပြော ကြားလိုပါတယ်။ မြန်မာနိုင်ငံက သုံးစွဲသူတွေကိုလည်း Samsung ရဲ့ တရားဝင်ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူ သုံးစွဲဖို့ နောက်ထပ်ရွေးချယ်မှုတစ်ခုပေးလိုက်သလိုပါပဲ။
 ဖြန့်ချိသူ တွေ အစပြုလိုက်တဲ့ ကနဦးခြေလှမ်းနဲ့အတူ သုံးစွဲသူတွေကို လွယ်ကူ၊ လျင်မြန်ပြီး အဆင်ပြေစေတဲ့ ဈေးဝယ်မှုအတွေ့အကြုံတွေကို ပံ့ပိုးပေးနိုင် တော့မှာ ဖြစ်ပါတယ်'' ဟု ပြောသည်။အသေးစိတ်သိရှိလိုပါက http://s-estoremyanmar.com/ သို့မဟုတ် contact@sestoremyanmar.com သို့ ဆက်သွယ်မေးမြန်းဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)

No comments:

Post a Comment