Friday, April 29, 2016

Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခု (ဇူးနစ်)


Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခုကို
မအားလပ်တဲ့အချိန်တွေကြားမှ ကြိုးစားပြီး အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ခေါင်းစဉ်လေးကြည့်မိတာနဲ့ သိုင်းလောကထဲ အသားကျနေပြီဖြစ်တဲ့ ဆရာ့ဆရာတွေနဲ့
လေ့လာဆဲ လေ့လာပြီးသူတိုင်း ဘာဆိုတာကို သဘောပေါက်လောက်မယ်ထင်ပါတယ်။
ဟုတ်ပါတယ်၊ စမတ်ဖုန်းကိုင်ဘာကြောင့်သုံးစွဲနေကြတာလဲ ဆိုတဲ့ အမေးထက် ၀ယ်ယူ
အသုံးပြုနေကြတဲ့ နေ့စဉ်ဘ၀မှာ မရှိမဖြစ် Communation အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ စမတ်ဖုန်းများထဲတွင် မိမိ ကိုယ်ပိုင် ကိုင်ဆောင်ထားတဲ့ ဖုန်းလေးတစ်လုံးရဲ့ ဆိုးကျိုး ကောင်းကျိုးလေးကိုတော့သိထားပြီး ဆောင်ကွက် ရှေင်ကွက်တွေကို လေ့လာထားသင့်ပါတယ်။
ယခုဖေါ်ပြနည်းလမ်းများသည် မိုဘိုင်းဖုန်းပြုပြင်နည်းကို အထူးလေ့လာလိုက်စားနေကြတဲ့
ညီအစ်ကိုများအတွက် အထူးရည်ရွယ်ပါတယ်၊ သင်တန်းလာမတက်နိုင်တဲ့ သူတွေလည်း 
လွယ်လင့်တကူ လေ့လာနိုင်အောင်ဆိုပြီး PDF Version ဖြင့်လုပ်ပေးလိုက်ပါတယ်။
သင်တန်းတက်နိုင်မယ့်သူတွေကတော့ ဇူးနစ်(နည်းပညာ) မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း မှ
လိုက်လှဲစွာဖြင့် ကြိုဆိုပါကြောင်း အချိန်ရတုန်းလေ (ကြော်ငြာ) လေးဝင်ပါရစေ....။
Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခုကိုမပြောပြမီ
Android ဖုန်းတစ်လုံးတွင် Nandroid Backup ဆိုတာဘာလဲ ဆိုတာကို အရင်လေ့
လာထားသင့်ပါတယ်။
What is Nandroid Backup? 
မေးခွန်းထုတ်ရန်အတွက် လွယ်ကူပါတယ်၊ အဖြေအတွက် 100% မှန်ကန်ဖို့ Developer 
တစ်ယောက်ရဲ့ ရှိထား ရှိသင့်တဲ့ အရည်အချင်းမရှိလေတော့လည်း အနီးစပ်ဆုံးအဖြေကိုပဲ
ဖေါ်ပြလိုက်ပါတယ်၊ ပညာရှင်များကတော့ Research ပြုလုပ်ကြဖို့ကို ပြောကြားလိုပါတယ်။
Android ဖုန်းမှာ Nandroid Backup ဆိုတာ စမတ်ဖုန်းမှန်သမျှအားလုံးအတွက် 
Firmware ကို အကောင်းဆုံး Backup ပြုလုပ်ထားရန်အတွက် အဆင့်မြှင့်ဆုံး 
လမ်းညွှန်စာအုပ် (သို့) နည်းလမ်း ဖြစ်ပါတယ်။
ဘာကြောင့် Nandroid Backup ပြုလုပ်သင့်တာလဲ
============================
ဒီပိုစ့်တွင် ပိုပြီးပြည့်စုံသွားအောင် အားလုံးတွေးပြီး သိထားသင့်တဲ့
ဘာကြောင့် Nandroid Backup ပြုလုပ်သင့်တာလဲဆိုတာကို တွေးပြီးရေးလိုက်ပါတယ်။
မိမိက သူလို ကိုယ်လို User တစ်ယောက်သာဆိုရင်တော့ ဒီလိုအဆင့်မြင့်တဲ့
နည်းပညာများကို နားလည်ဖို့ ခက်ခဲနေပါလိမ့်မယ်၊ ဒါပေမယ့် ဖုန်းပြုပြင်နည်းနဲ့
ဖုန်းရဲ့ Tip & Trick များကိုလေ့လာနေသူ Developer တစ်ယောက်ကဲ့သို့
စမ်းသပ်ကြိုးစားလိုသူ၊ ဖုန်းရဲ့ အတွင်းပိုင်းကို ကျော်ဖြတ်ပြီး Android hack လုပ်ချင်တဲ့
သူတွေအတွက် သိကိုသိထားရမယ့် tutorial ဖြစ်ပါတယ်၊ ဒါကြောင့် သိုင်းလောက
သားတွေကတော့ ဒီပိုစ့်ကို ကျော်မသွားပဲ ဖတ်ဖြစ်အောင်ဖတ်ထားကြပါခင်ဗျား...
ဖုန်းတစ်လုံးကို ပြမ်းမျှခွဲပြီးပြောရရင်တော့
၁။ Third party custom ROMs များကို ထည့်သွင်းအသုံးပြုလိုတဲ့အခါ

၂။ Unofficial Updates ပြုလုပ်လိုတဲ့အခါ

၃။ Kernels များထည့်သွင်းအသုံးပြုလိုတဲ့အခါ
စသည့် ဖုန်းတစ်လုံးရဲ့ အရေးကြီးပိုင်းကို စမ်းသပ်ပြုလုပ်တော့မယ်ဆိုရင်တော့
မိမိဖုန်းမှာ Nandroid Backup တစ်ခုကို ကြိုပြီး ပြုလုပ်ထားသင့်ပါတယ်။
အဲသလိုပြုလုပ်ထားခြင်းသည် ဖုန်းတစ်လုံးအတွက် Soft bricking တစ်ခ
ုပြုလုပ်တဲ့အခါ အရမ်း အရေးကြီးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီနေရာမှာ recommen အနေဖြင့် အထူးပြောကြားလိုတာကတော့ 
ဖုန်းတစ်လုံးကို Custom / Stock firmwares များကို Flash ပြုလုပ်တော့မယ်
ဆိုရင်တော့ မဖြစ်မနေပြုလုပ်ထားကြဖို့ကို ထပ်လောင်းပြောကြားပါရစေ။
Android Operating system တစ်ခုတွင် system data, user data,
boot image, kernels စတဲ့ အရေးကြီးတဲ့ System ပိုင်းနဲ့ Apps များ Data များ
contacts များကို Full Backup ပြုလုပ်ထားပါမှ ဖုန်းကို စိတ်ချစွာဖြင့်
ကလစ်လို့ရနိုင်သလို အလွယ်တကူ Restore လုပ်နိုင်မှာပါ။

ဒီတော့ ဖုန်းတစ်လုံးကို ပိုင်ဆိုင်နိုင်စွာဖြင့် System ပိုင်း ကိုင်တော့မယ်ဆိုရင်
မိမိအတွက် မပြုလုပ်မှီ အရေးကြီးတာက ဘာဆိုတာကိုသိပြီးရင်တော့ Android ဖုန်းတိုင်းမှ
Nandroid Backup ပြုလုပ်ပုံ နည်းလမ်းရှစ်ခု ကို အောက်မှာ ဆက်ပြီးလေ့လာကြည့်လိုက်ပါ။

ငြင်းဆိုချက်
=======
ဖေါ်ပြပါ နည်းလမ်းများဖြင့် မိမိဖုန်းသည် အကြောင်းအမျိုးမျိုးကြောင့်
ထိခိုက် ပျက်စီးမှုများဖြစ်ခဲ့သော် လုံးဝတာဝန်မယူပါ၊ အဆင်ပြေမှု မပြေမှုသည်ကား
မိမိ၏ ကျွမ်းကျင်မှု Own risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

လိုအပ်ချက်များ
=========
၁။ မိမိဖုန်းရဲ့ ဘက်ထရီအားပမာဏ အနည်းဆုံး 60% လောက်ရှိနေရပါမယ်။

၂။ ဖေါ်ပြပါနည်းလမ်းအားလုံးအတွက် မိမိဖုန်းတွင် Root access ရရှိထားပြီးသားဖြစ်ရပါမယ်။


Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခု
=========================
Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခု ဆိုတာကို
လက်လှမ်းမှီသလောက် အောက်ပါအတိုင်း List လုပ်ကြည့်ထားပါတယ်။

၁။ Using Clockworkmod Recovery

၂။ Using TWRP Recovery

၃။ Using Online Nandroid Backup App

၎။ Using ROM Manager App

၅။ Using Orange Backup App

၆။ Using Onandroid zip File

၇။ Using ADB Commands

၈။ Using Script Manager App


၁။ CWM Recovery ဖြင့် Bakup ပြုလုပ်နည်း


ဖုန်းကို CWM Recovery ဖြင့် Bakup ထုတ်ယူမယ်ဆိုရင်တော့
အောက်ပါ လိုအပ်ချက်များကို အရင်ဖတ်ထားပေးပါ

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root ဖောက်ထားပြီးသားဖြစ်ရပါမယ်

၂။ မိမိဖုန်းမှာ CWM Recovery ထည့်သွင်းထားရပါမယ်။


Procedure (နည်းလမ်း)
==============
၁။ ဖုန်းကို ပါဝါပိတ်ပြီး CWM Recovery Mode သို့ဝင်လိုက်ပါ
(ဒီနေရာမှာ ဖုန်း Brands များလွန်းတာကြောင့် တစ်လုံးနဲ့တစ်လုံးမတူကြပါ)

ဥပမာ။ Samsung Device အတွက်ဆိုရင်တော့ Power/Home key/Volume Up ကီးများ
တစ်ခြား MTK Device များနဲ့ စမတ်ဖုန်းအများစုအတွက်တော့ Power/Volume Up ကီး

၂။ အောက်ပါပုံအတိုင်း CWM recovery menu တွင်
backup and restore ဆိုတာကို ရွေးချယ်နှိပ်လိုက်ပါ။


၃။ အောက်ပါပုံအတိုင်း Backup ဆိုတာကို ထပ်နှိပ်လိုက်ပါ

မှတ်ချက်။ ။ ဖုန်းအမျိုးအစားအလိုက် Option ပိုင်းတည်ဆောက်ပုံသည်
ကွဲပြားခြားနားနိုင်ကြပါတယ် CWM recovery မှန်ရင်တော့ ပြခဲ့ပြီး ပုံတွေအတိုင်းသာ လုပ်ပါ။
၎။ Backup ဆိုတာကို နှိပ်လိုက်တာနဲ့ အောက်ပါပုံအတိုင်း 
Backup process တစ်ခုပြုလုပ်နေပါလိမ့်မယ် ခနစောင့်လိုက်ပါ။
မှတ်ချက်။ ။ ဖုန်းကို Backup ပြုလုပ်ပြီးတဲ့အခါ မိမိဖုန်းရဲ့
internal or external storage ကဒ်တို့မှာ ‘Clockworkmod/backup’
နာမည်ဖြင့် သိမ်းဆည်းထားသားဖြစ်နေပါလိမ့်မယ်။

Backup File အများစုကတော့ external storage လို့ခေါ်တဲ့
မာမိုရီ SD Card ထဲသို့အမြဲရောက်နေပါလိမ့်မယ်၊ Backup file ကို
ကော်ပီကူးပြီး ကွန်ပျူတာမှာ ထပ်မှန်သိမ်းဆည်းထားလိုက်ပါ။
၅။ ဖုန်းမှာ Nandroid backup process ပြီးသွားတဲ့အခါ
reboot system now ဆိုတာကို ရွေးချယ်နှိပ်ပေးပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ၊ ဖုန်းကို CWM Recovery ဖြင့်
Bakup ထုတ်ယူနည်း အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။


၂။ TWRP Recovery ဖြင့် Backup ပြုလုပ်နည်း

ဖုန်းကို TWRP Recovery ဖြင့် Bakup ထုတ်ယူမယ်ဆိုရင်တော့
အောက်ပါ လိုအပ်ချက်များကို အရင်ဖတ်ထားပေးပါ

လိုအပ်ချက်များ
=========
၁။ မိမိဖုန်းကို Root ထောက်ထားရပါမယ်

၂။ ဖုန်းမှာ TWRP (Team Win Recovery Project)
Recovery ထည့်သွင်းထားရပါမယ်။

Procedure (နည်းလမ်း)
=============
၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ၊ WRP recovery mode သို့ဝင်လိုက်ပါ
(ဒီနေရာမှာ ဖုန်း Brands များလွန်းတာကြောင့် တစ်လုံးနဲ့တစ်လုံးမတူကြပါ)

ဥပမာ။ Samsung Device အတွက်ဆိုရင်တော့ Power/Home key/Volume Up ကီးများ
တစ်ခြား MTK Device များနဲ့ စမတ်ဖုန်းအများစုအတွက်တော့ Power/Volume Up ကီး

၂။ TWRP recovery menu တွင် အောက်ပါပုံအတိုင်း Backup ဆိုတာကို နှိပ်လိုက်ပါ၊


၃။ အောက်ပါပုံအတိုင်း Backup Option တွင် မိမိအတွက်
လိုအပ်မယ့် partitions ကိုသာရွေးချယ်ပြီးပေးလိုက်ပါ။

ပြောစရာရှိတာက partitions option တွင်အားလုံးကို အမှန်ခြစ်ပြီး
Backup ပြုလုပ်တာပိုကောင်းပါတယ်။


၎။ အောက်ပါပုံအတိုင်း partition အားလုံးကို အမှန်ခြင်းပေးပြီးရင်တော့
Backup ပြုလုပ်ရန်အတွက် အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
Swipe to Backu Up ဆိုတာကို ညာဘက်သို့ဆွဲလိုက်ပါ။


၅။ အောက်ပါပုံအတိုင်း Nandroid backup process ပြုလုပ်နေတုန်း
ပြီးအောင် စောင့်နေလိုက်ပါ နည်းနည်းကြာမှာပဲဖြစ်ပါတယ်။


၅။ အောက်ပါပုံအတိုင်း Backup Complete (Successful) ဆိုပြနေပါလိမ့်မယ်။


 ဖုန်းကို TWRP Recovery ဖြင့် Bakup ထုတ်ယူနည်း အောင်မြင်စွာဖြင့်
 ပြီးဆုံးပါပြီ Reboot System ကိုနှိပ်ပေးပြီး Reboot ချပေးလိုက်ပါ။


၃။ Online Nandroid Backup App ဖြင့် Backup ပြုလုပ်နည်း


ဖုန်းကို Online Nandroid Backup App ဖြင့် Bakup ထုတ်ယူမယ်ဆိုရင်တော့
အောက်ပါ လိုအပ်ချက်များကို အရင်ဖတ်ထားပေးပါ

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root ထောက်ထားရပါမယ်

၂။ မိမိဖုန်းမှာ CWM/TWRP တစ်ခုခုထည့်သွင်းထားရပါမယ်။


Download Online Nandroid Backup App


Procedure (နည်းလမ်း)
=============
၁။ အပေါ်မှာပေးထားတဲ့ ဒေါင်းလော့လင့်မှ Online Nandroid Backup App ကို
ဒေါင်းလော့ရယူပြီး ဖုန်းမှာ ထည့်သွင်းလိုက်ပါ။


၂။ App ကိုဖုန်းတွင် ထည့်သွင်းပြီးတဲ့အခါ ဖွင့်လိုက်ပါ
အောက်ပါပုံအတိုင်း Supersu request တောင်းခဲ့ရင် Grant ကိုနှိပ်ပါ။



၃။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ Backup File ကို နာမည်ပေးရမှာဖြစ်တဲ့အတွက်
Backup Name (UTC Timezone Name) ဆိုတာကိုနှိပ်လိုက်ပါ။
၎။ အောက်ပါပုံအတိုင်းမြင်နေရရင်တာ့ Backup အမျိုးအစားဖြစ်ပါတယ်
Backup type (Clockworkmod) ဆိုတာကိုနှိပ်လိုက်ပါ၊
 ပြီးရင် TWRP ဆိုတာကိုထပ်နှိပ်လိုက်ပါ။


 ၅။  အောက်ပါပုံအတိုင်းမြင်နေရတဲ့အခါ partitions ကိုရွေးချယ်ပေးရမျာပဲဖြစ်ပါတယ်။
ဒီအတွက် Backup Mode (Normal) ကိုတစ်ချက်နှိပ်ပြီး၊ Normal Backup ကိုရွေးချယ်ပါ။


၆။ Backup File ကိုသိမ်းဆည်းဖို့ရန်အတွက် အောက်ပါပုံအတိုင်း
Save location /sdcard ဆိုတာကိုတစ်ချစ်နှိပ်ပြီး မိမိသိမ်းဆည်းထား
လိုသောနေရာကို ညွှန်ပေးလိုက်ပါ။


၇။ အောက်ပါပုံအတိုင်း အဆင့်ရောက်လာတဲ့အခါ
 Backup Retention (Keep All Backups) ကိုတစ်ချက်နှိပ်၊
 Keep 2 Nandroid Backups ဆိုတာကို ရွေးချယ်ပေးလိုက်ပါ၊
(မိမိကြိုက်နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါတယ်)


၈။ အောက်ပါပုံအတိုင်း နောက်ထပ် option တစ်ခုရောက်ဦးမှာ
ဖြစ်ပါတယ်၊ အဲဒီမှာတော့ dalvik caches ပဲဖြစ်ဖြစ် music files ပဲ
ဖြစ်ဖြစ် အဆင်ပြေပါတယ်၊ တစ်ခုခုကိုရွေးချယ်ပေးလိုက်ပါ။


၉။  အောက်ပါပုံအတိုင်း မြင်နေရရင်တော့ Save ဆိုတာကိုနှိပ်လိုက်ပါ


၁၀။ Quick Backup ဆိုတာကိုနှိပ်ပေးလိုက်ပါ။


၁၁။ အောက်ပါပုံအတိုင်း အနီရောင်ဖြင့် ၀ိုင်းပြထားတဲ့
Start Backup ဆိုတာကိုနှိပ်ပေးလိုက်ပြီး Backup process ကိုစတင်လိုက်ပါ။


၁၂။ အောက်ပါပုံအတိုင်း Backup process တစ်ခုပြုလုပ်နေတုန်း
ပြီးအောင်စောင့်နေလိုက်ပါ၊ အားလုံးပြီးသွားရင်တော့ ဖုန်း အပေါ်
bar notifications မှာ ပြပေးနေပါလိမ့်မယ်။


ဖုန်းကို  Online Nandroid Backup App ဖြင့် Bakup ထုတ်ယူနည်း
အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။


၎။ ROM Manager App ဖြင့် Backup ပြုလုပ်နည်း


ROM Manager App ဖြင့် Backup ပြုလုပ်နည်းကိုမစတင်မှီ
အောက်ပါလိုအပ်ချက်များကို အရင်လေ့လာထားဖို့လိုအပ်တယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root ထောက်ထားရပါမယ်

၂။  ROM Manager App ကိုဖုန်းမှာထည့်သွင်းထားရပါမယ်။


Download ROM Manager App


Procedure (နည်းလမ်း)
============
၁။ အပေါ်မှာ ဒေါင်းလော့လင့်တွင် ROM Manager App ကိုဒေါင်းလော့ပြီးဖုန်းမှာထည့်သွင်းပါ။

၂။ App ကိုဖွင့်လိုက်ပြီး Flash Clockworkmod Recovery ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

ဒီ App ကိုအသုံးပြုမယ်ဆိုရင်တော့ Wifi & Mobiel Data အင်တာနက်လိုအပ်မယ်၊
တကယ်လို့ မိမိဖုန်းမှာ CWM & TWRP Recovery ကိုထည့်သွင်းထားခြင်းမရှိသေးပါက တိုက်ရိုက်ဒေါင်းလော့ပြီးထည့်သွင်းယူနိုင်ပါတယ်၊ တကယ်လို့ ထည့်သွင်းပြီးပါက
CWM & TWRP Recovery ကိုထည့်သွင်းစရာမလိုတော့ပါ။


၃။ Backup current ROM ဆိုတာကိုနှိပ်လိုက်ပါ


၎။ အောက်ပါပုံအတိုင်း Nandroid backup process တစ်ခုပြုလုပ်နေတုန်းပြီးအောင်စောင့်ပါ


၅။ Backup လုပ်ပြီးသွားရင်တော့ SD card ထဲမှာ clockworkmod/backup/ဆိုပြီး
နာမည်ပေးပြီးသိမ်းဆည်းထားလိုက်ပါ၊ ဖုန်းကို ROM Manager App ဖြင့်
 Bakup ထုတ်ယူနည်း အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။

၅။ Orange Backup App ဖြင့် Backup ပြုလုပ်နည်း
Orange Backup App ဖြင့် Backup ပြုလုပ်နည်းကိုမစတင်မှီ
အောက်ပါလိုအပ်ချက်များကို အရင်လေ့လာထားဖို့လိုအပ်တယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root လုပ်ထားရပါမယ်

၂။ ဖုန်းမှာ CWM/TWRP Recovery တစ်ခုခုထည့်သွင်းထားရပါမယ်။


Download Orange Backup App


Procedure (နည်းလမ်း)
=============
၁။ Orange Backup App ကိုဒေါင်းလော့ရယူပြီးဖုန်းမှာ ထည့်သွင်းလိုက်ပါ

၂။ App ကိုဖွင့်လိုက်ပြီး မိမိဖုန်းအမျိုးအစားကိုရွေးချယ်ပေးလိုက်ပါ


၃။ ဒီ App မှာတော့ Cloud service option ပါဝင်လာခဲ့ပါတယ်
ဒါလည်း ဖုန်းအားလုံးနီးပါးမှာ ပါလာပြီးသားဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။

အောက်ပါပုံအတိုင်းမြင်နေရရင်တော့ Google Drive,
Dropbox တစ်ခုခုကိုရွေးချယ်ပေးလိုက်ပါ။


၎။ အောက်ပါပုံအတိုင်း ထပ်တက်လာခဲ့ရင်တော့ magic ပုံလေးနဲ့
အနီရောင်ဖြင့်ဝိုင်းပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ။
၅။ အောက်ပါပုံအတိုင်း backup process ပြုလုပ်နေတုန်းစောင့်နေလိုက်ပါ
၆။ အားလုံးပြီးသွားတဲ့အခါ ဖုန်းရဲ့ bar notifications မှာဖေါ်ပြပေးနေပါလိမ့်မယ်
ဖုန်းကို Orange Backup App ဖြင့်
 Bakup ထုတ်ယူနည်း အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။
၆။ Onandroid zip file ဖြင့် Backup ပြုလုပ်နည်း

Onandroid zip file ဖြင့် Backup ပြုလုပ်နည်းကို မစတင်မှီ
အောက်ပါလိုအပ်ချက်များကို အရင်လေ့လာထားသင့်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root လုပ်ထားရပါမယ်

၂။ မိမိဖုန်းမှာ Custom Recovery (CWM/TWRP) တစ်ခုခုထည့်သွင်းထားရပါမယ်

၃။ Terminal Emulator app ကိုဖုန်းမှာထည့်သွင်းထားရပါမယ်


Download Onandroid zip file

Procedure (နည်းလမ်း)
==============
၁။ Onandroid zip file ကိုအရင်ဒေါင်းလော့ရယူလိုက်ပါ

၂။ ဖုန်းကိုပါဝါပိတ်ပြီး custom recovery (CWM/TWRP) သို့ဝင်လိုက်ပါ

၃။ nstall zip option မှ Onandroid zip file ကို Flash ပေးလိုက်ပါ

၎။ Flash process ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ

၅။ Terminal Emulator app ကိုလည်းဒေါင်းလော့ပြီးဖုန်းမှာထည့်သွင်းပါ

၆။ Terminal Emulator app ကိုဖွင့်လိုက်ပါ

၇။ Terminal Emulator app ပွင့်လာတဲ့အခါ
အောက်ပါစာသားကိုမှန်အောင်ရိုက်ထည့်ပါ

su

၈။ အောက်ပါပုံအတိုင်း superuser permissions ဖြစ်တဲ့
 Windows တက်လာပါလိမ့်မယ် Grant ဆိုတာကိုနှိပ်ပါ

၉။ နောက်ထပ် Command တစ်ခုအနေဖြင့် အောက်ပါစာသားကို
ရိုက်ထည့်ပါ ပြီးရင် Enter ကီးကိုနှိပ်

onandroid

၁၀။ အောက်ပါပုံအတိုင်း Nandroid backup process ပြုလုပ်နေတုန်း
ပြီးအောင်စောင့်နေပေးလိုက်ပါ၊


မှတ်ချက်။  ။ တကယ်လို့ mkyaffs2image မှာပြသနာအချို့ရှိနေခဲ့ရင်တော့
အောက်ပါ zip file ကိုဒေါင်းလော့ရယူပြီး ပြန်လည် Flash ပေးလိုက်ပါ။




တကယ်လို့ dedupe နေရာမှာ ပြနသာအချို့ရှိနေခဲ့ရင်တော့
အောက်ပါ zip file ကိုဒေါင်းလော့ရယူပြီး ပြန်လည် Flash ပေးလိုက်ပါ။




Onandroid zip file ဖြင့် Backup ပြုလုပ်နည်း အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။


၇။ ADB commands ဖြင့် Backup ပြုလုပ်နည်း


ADB commands ဖြင့် Backup ပြုလုပ်နည်းကိုမလေ့လာမှီ
အောက်ပါလိုအပ်ချက်များကို အရင်ဖတ်ထားပေးပါ

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root လုပ်ထားရပါမယ်

၂။ ADB Fastboot zip & Driver ကိုကွန်ပျူတာမှာသေချာအောင်လုပ်ပါ

၃။ ဖုန်းမှာ Busybox app ကိုထည့်သွင်းထားပါ

၎။ ဖုန်းမှာ USB Debugging ကို enable ပြုလုပ်ထားပါ

Procedure (နည်းလမ်း)
=============
၁။ ဖုန်းကို ADB Mode ဖြင့်ချိတ်ဆက်လိုက်ပါ

၂။ Cygwin Terminal ကိုဖွင့်လိုက်ပါ အောက်ပါ code များကိုမှန်အောင်ရိုက်ထည့်ပါ

</>
adb forward tcp:5555 tcp:5555
adb shell
su
/system/xbin/busybox nc -l -p 5555 -e /system/xbin/busybox dd if=/dev/block/mmcblk0

၃။ ဖုန်းက Network Block အတွက်စောင့်နေပါလိမ့်မယ်။

၎။ နောက်ထပ် Cygwin terminal ကိုထပ်ဖွင့်ပြီး အောက်ပါ Code များကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။

</>
adb forward tcp:5555 tcp:5555
cd /path/to/store/the/backup
nc 127.0.0.1 5555 | pv -i 0.5 > mmcblk0.raw

၅။ ဖေါ်ပြပါနည်းလမ်းဖြင့် မိမိဖုန်းကို Full Backup process တစ်ခုကိုပြုလုပ်သွားပါလိမ့်မယ်။

 ADB commands ဖြင့် Backup ပြုလုပ်နည်း အောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ။


၈။ Script Manager App ဖြင့် Backup ပြုလုပ်နည်း

Script Manager App ဖြင့် Backup ပြုလုပ်နည်းကို စတင်လေ့လာ
တော့မယ်ဆိုရင်တော့ လိုအပ်ချက်များကို ကြိုတင်လေ့လာထားသင့်ပါတယ်။

လိုအပ်ချက်များ
=========
၁။ ဖုန်းကို Root လုပ်ထားရပါမယ်

၂။ မိမိဖုန်းမှာ Custom Recovery (CWM/TWRP) တစ်ခုခုထည့်သွင်းထားရပါမယ်

၃။ ဖုန်းမှာ Script Manager App ကိုထည့်သွင်းထားရပါမယ်။






Procedure (နည်းလမ်း)
=============
၁။ Onandroid zip file ဒေါင်းလော့ရယူပြီး Reocvery Mode မှ Flash ပေးလိုက်ပါ

၂။ Script Manager App ကိုဒေါင်းလော့ရယူပြီး ဖုန်မှာ ထည့်သွင်းလိုက်ပါ

၃။ Script Manager App ကိုဖွင့်လိုက်ပါပြီး အောက်ပါပုံအတိုင်း /system/bin/onandroid ဆိုပြီး
တစ်ချက်ချင်းသွားလိုက်ပါ (အနီရောင်ဖြင့်ဝိုင်းပြထားသည့်နေရာ)။


၎။ အောက်ပါပုံအတိုင်း Windows လေးတစ်ခုတက်လာခဲ့ရင်တော့
အနီရောင်ဖြင့်ဝိုင်းပြထားသည့် cript/Executable ကိုရွေးချယ်ပေးလိုက်ပါ


၅။ အောက်ပါပုံအတိုင်း အနီရောင်ဖြင့်ဝိုင်းပြထားသည့် Su ဆိုတဲ့နေရာကိုနှိပ်ပါ


၆။ alias ရဲ့အောက် နာမည်ပေးရမယ့်နေရာတွင် onandroid ဆိုပြီးရေးထည့်လိုက်ပါ
ဒီနေရာမှာ မိမိစိတ်ကြိုက်ပေးထားလို့ရပါတယ်။


၇။ arguments box ထဲတွင်လည်း နာမည်တစ်ခုခုပေးထည့်ရမှာပဲဖြစ်ပါတယ်
တစ်ခုခုကိုရေးထည့်ပေးလိုက်ပါ။


၈။ အထက်ပါလိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ပြီးရင်တော့
အောက်ပါပုံအတိုင်း Save ကိုနှိပ်ပေးလိုက်ပါ။


၉။ Save ဆိုတာကိုနှိပ်ပေးပြီးတာနဲ့ Alias name နေရာမှာ ရေးထားခဲ့တဲ့
onandroid သည် လိမ္မော်ရောင်လေးဖြင့် ပြနေပါလိမ့်မယ်။


၁၀။ အောက်ပါပုံအတိုင်း Run ဆိုတာကိုထပ်နှိပ်ပေးလိုက်ပါ။


၁၁။ Run ဆိုတာကိုနှိပ်ပေးလိုက်တာနဲ့ အောက်ပါပုံအတိုင်း Backup process တစ်ခုကို
စတင်အလုပ်လုပ်နေပါလိမ့်မယ်၊ အချိန်အနည်းငယ်ကြာပါမယ် စောင့်နေလိုက်ပါ။



Script Manager App ဖြင့် Backup ပြုလုပ်နည်း
အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ။


ဖေါ်ပြပါ Backup ပြုလုပ်နည်းများသည် Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ
နည်းလမ်း (၈) ခု ဖြစ်ပါတယ်၊ ၎င်း နည်းလမ်းများတွင် အချို့သော နည်းလမ်းများသည်
 old version ဖြစ်နေပါပြီ ဒါပေမယ့် ပုံသေနည်း လုပ်ဟန်ကိုသာ သိထားရင်
 Update အနေဖြင့် Follow လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။


ဖေါ်ပြပါ နည်လမ်းများအနက် မိမိအတွက် အသင့်တော်ဆုံး အဆင်ပြေဆုံး
Tutorial Guide တစ်ခုကိုသာ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုလုပ်တတ်နေခဲ့ရင်တော့
Box မလိုပဲ ဖုန်းမှာတင် မိမိဖုန်းရဲ့ Stock Rom ကိုအလွယ်တကူ Backup ပြုလုပ်
ထားယူနိုင်မှာဖြစ်သလို အချိန်မရွေး Restore ပြန်လည်လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။


PDF Version ဖြင့် ပြန်လည်မျှဝေသွားဖို့ရှိပါတယ်။




အားလုံးကို ချစ်ခင်လေးစားလျှက်




ဇူးနစ် (YMC)


ဇူးနစ်(နည်းပညာ) 





No comments:

Post a Comment