Wednesday, April 20, 2016

Galaxy S7 ဖုန်းတွေမှာ ယေဘူယျ ဖြစ်တတ်သော error များကို ဖြေရှင်းနည်း





Samsung သည် ၄င်းတို့၏ Company ကို ပိုမို အောင်မြင်ပြီး၊ လူအများကို စွဲဆောင်နိုင်စေရန်အတွက် ယခုနှစ် အစတွင်ပင် အသွင်အပြင်၊ Specification တို့ ပိုမို ကောင်းမွန် မြင့်မားသောGalaxy S7 နှင့် S7 Edge အမျိုးအစားနှစ်မျိုးကို ထုတ်လုပ်မိတ်ဆက်ပေးခဲ့ပါသည်။ လက်ရှိ Android ဖုန်းတွေမှာတော့ ဒီ ဖုန်း၂ မျိုးဟာ ပေါ်ပြုလာ အဖြစ်ဆုံးနဲ့ လူတကာ စိတ်ဝင်စားတဲ့ဖုန်းတွေပါပဲ ။ မြန်မာနိုင်ငံမှာလဲ စတင်ရောင်းချနေပြီဖြစ်တဲ့ ဒီ Galaxy S7 ဖုန်းတွေကို ဝယ်ကိုင်ထားတဲ့သူတွေအတွက် Android ဖုန်းတွေမှာ ဖြစ်တက်တဲ့ ပြသနာ တွေ နဲ့ ဖြေရှင်းပုံနည်းလမ်း တွေကို တင်ပြပေးလိုက်ပါတယ် ။ ဖုန်းတိုင်း မဖြစ်တက်ပေမဲ့ ဖြစ်လာရင် ကိုယ့်ဘာသာကို ဖြေရှင်းလို့ရအောင် တင်ဆက်ပေးရခြင်းဖြစ်ပါတယ် ။(1) Problem – “Warning, Camera Failed” Error
အချို့ User တွေမှာပဲကြုံရတဲ့ Error တစ်ခုပါ။အသုံးပြုသူများအနေဖြင့် Camera ကိုဖွင့်လိုက်သော်လည်း Screen မှာအမဲရောင်မှတက်မလာတော့ပဲခဏအကြာတွင် “Warning, Camera Failed”ဟုဆိုသော Message Box ကြီးပေါ်လာကာပုံမှန် Screen ကိုပြန်ရောက်သွားကာCamera ကိုအသုံးမပြုနိုင်သည့် Error ဖြစ်ပါသည်။
Galaxy-S7-Edge-Camera-Failed-Error-Fix
ဖြေရှင်းနည်း –
၎င်းပြဿာနာကိုအလွယ်တကူဖြေရှင်းနိုင်ရန်အတွက် Smart Stay feature ကိုပိတ်ရမှာဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် Smart Stay သည်၎င်း Feature ကိုကောင်းစွာအလုပ်လုပ်နိုင်ရန်အတွက်Rear Camera ကိုအသုံးပြုရတာကြောင့်၊တကယ်တန်းဓာတ်ပုံရိုက်ရန်အတွက် Camera ဖွင့်သောအခါတွင်ယခုကဲ့သို့ Error တက်ဖြင်းဖြစ်ပါသည်။ထို့ကြောင့် Setting > Display အတွင်းသို့ဝင်ကာ Smart Stay ကိုပိတ်လိုက်ပါ။

(2) Problem – Micro SD Card Error
Samsung သည်၎င်းတို့ပရိသတ်များ၏တောင်းဆိုမှုများကြောင့်၊ expandable SD card Slot Feature ကိုပြန်လည်ထည့်သွင်းအသုံးပြုလာတာပဲဖြစ်ပါသည်။ ၄င်း Feature ကြောင့်Screen ပေါ်တွင် Popups Error များ အဆက်မပြတ်ပေါ်လာခြင်း ဖြစ်စေနိုင်သည့်အပြင် ၊ ဖုန်းကိုsleep mode မှ ပြန်ဖွင့် ရာတွင်လည်း နှေးကွေးစေလာနိုင်ပါသည်။
ဖြေရှင်းနည်း –
Popups များအဆက်မပြတ်တက်သော Error သည် Hardware မှဖြစ်သောပြဿနာဟုယူဆရသော Error တစ်ခုပါ။ထို့ကြောင့်အကောင်းဆုံးဖြေရှင်းနည်းကတော့အခြား sdCard တစ်ခုကိုပြောင်းလဲအသုံးပြုခြင်းပဲဖြစ်ပြီး၊အချို့အသုံးပြုသူများကတော့လက်ရှိ sdCard ကို Format ပြုလုပ်လိုက်ခြင်းဖြင့်၎င်း Error ကိုဖြေရှင်းပြီးသားဖြစ်သွားပါသည်။ ဖုန်းဖွင့်ရာတွင် နှေးကွေး စေ သည့် ပြဿနာအတွက် Samsung မှ Software Update တစ်ခုကို ထုတ်ပေးပြီးသားဖြစ်ပါသည်။ ထို့ကြောင့် ၄င်း ပြဿနာကို ကြုံတွေ့ရပြီဆိုပါက မိမိ ဖုန်း၏ Software Version ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။
(3) Problem – Button များနှင့် capacities keys များ အလုပ်မလုပ်ခြင်း
ဖုန်းမှ Power Button၊ Volume Down Key စသည် button များတစ်ခါတရံတွင်ရုတ်တရတ်အလုပ်မလုပ်သည့်ပြဿနာကိုအချို့ဖုန်းအသုံးပြုသူများအနေဖြင့်ကြုံတွေ့နေရပါသည်။ထို့ပြင်အချို့ဖုန်းများတွင်လည်း Home Button အလုပ်မလုပ်သည့် Error လည်းဖြစ်တတ်ပါသည်။
ဖြေရှင်းနည်း –
အပေါ်မှဖော်ပြထားသော Error နှစ်မျိုးစလုံးဖြစ်နေပါက၊ဖုန်းကို Safe Mode သို့ပြောင်းလဲကာ Restart ပြုလုပ်လိုက်ပါ။ထိုသို့ပြုလုပ်သော်လည်းမကောင်းသေးပါက၊၄င်း Error မတက်ခင်က Install ပြုလုပ်ထားသည့် Application ကို Uninstall ပြုလုပ်ကာပြန်သွင်းကြည့်သင့်ပါသည်။Power Button နှင့် Volume down Button ကိုဖိထားကာဖုန်းကို restart ပြုလုပ်ခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါသည်။၎င်းအခြေအနေသည်အထက်မှဖော်ပြခဲ့သည့် Power Button နှင့် Volume Down Button တို့အလုပ်မလုပ်သည့်အချိန်တွင်တောင်အသုံးပြုနိုင်သည့်နည်းလမ်းပဲဖြစ်ပါသည်။Home Key အလုပ်မလုပ်သည့်ပြဿနာကတော့ Car Mode On ထားသောကြောင့်ပင်ဖြစ်ပါသည်။ထို့ကြောင့် Setting ထဲကနေဝင်ပြီးတော့ Car Mode feature ကိုပိတ်လိုက်ခြင်းဖြင့်၎င်းပြဿနာကိုဖြေရှင်းနိုင်ပါသည်။
(4) Problem – Distorted Audio and “moisture detected” Alert
Galaxy S7 နှင့် S7 Edge ဖုန်းအမျိုးအစားနှစ်ခုလုံးသည် ဖုန် နှင့် ရေဒဏ် ခံနိုင်မှုနှုန်း IP68 ထိရှိထားသော ဖုန်းအမျိုးအစား ဖြစ်ပါသည်။ ထို့ကြောင့် S7 Series သည် 1.5 မီတာရှိသော ရေအနက်တွင် မိနစ် ၃၀ အထိ ရေစိမ်ခံနိုင်သည့် ဖုန်းတစ်ခုဖြစ်ပါသည်။ သို့သော် ထိုသို့ရေထဲမှာသုံးပြီးသည့်အခါ အားသွင်းသည့်အချိန်တွင် အားမဝင်ပဲ “moisture detected” ဆိုသည့် Alert ပေါ်လာခြင်း စသည့် Error များ ဖြစ်လာတတ်ပါသည်။
ဖြေရှင်းနည်း –
၎င်း Error နှစ်ခုစလုံးသည်ရေစိုထားသောဖုန်းကိုအခြောက်ခံလိုက်သည်နှင့်တပြိုင်နက်ပြန်လာကောင်းမွန်သွားသော Error များဖြစ်ပါသည်။ ရေစိုနေပါက ဖုန်းအားသွင်းရာတွင် ပြသနာဖြစ်နိုင်ခြင်းကြောင့် အားမသွင်းနိုင်အောင် Samsung မှ sensor ဖြင့်တားဆီးထားပြီး Error message ပေါ်အောင်လုပ်ထားလို့ဖြစ်ပါတယ် ။ထို့ကြောင့်ဖုန်းကိုရေထဲမှထုတ်လာပြီးပါကချက်ခြင်းခြောက်သွေ့သွားအောင်လုပ်သင့်ပါသည်၊
(5) Problem – Auto correct issue with stock Samsung keyboard
Galaxy S7 နှင့် S7 Edge အသုံးပြုသူများအနေဖြင့် Samsung Stock Keyboard ၏စကားလုံးများအဆုံးတွင် Question Mark များ၊ Exclamation Mark များစသည်တို့ပါဝင်လာခြင်းနှင့်မိမိရိုက်ထားသောစာသားနှင့်လုံးဝမတူသောစကားလုံးများဖြင့် Auto Replace ဖြစ်သွားခြင်းစသည့်Error များကြုံတွေ့နေရပါသည်။
Samsung-Galaxy-S7-Edge-photos-112-1000x667
ဖြေရှင်းနည်း –
၎င်းပြဿနာအတွက်အကောင်းဆုံးဖြေရှင်းနည်းကတော့ Setting —> keyboard setting ထဲကနေ Auto Replace Feature ကိုပိတ်ခြင်းနှင့်၊အခြား Third Party Keyboard များကိုပြောင်းလဲအသုံးပြုခြင်းနည်းလမ်းပဲဖြစ်ပါသည်။
(6) Problem – Connectivity issues
ဖုန်းအမျိုးအစားအသစ်တစ်မျိုးပေါ်ပေါက်လာသည်နှင့်တပြိုင်နက်ကြုံတွေ့ရသောပြဿနာမှာWifi၊ Bluetooth စသည့် Connectivity နှင့်ပတ်သတ်သောပြဿနာများပင်ဖြစ်ပါသည်။
ဖြေရှင်းနည်း –
Wifi Connection ကျဆင်းခြင်း
၎င်းပြဿနာသည် 2.4GHz နှင့် 5GHz bands ကို Support ပြုလုပ်သော wireless routerများနှင့်တွဲဖက်အသုံးပြုစဉ်တွင် အဖြစ်များသော Error တစ်ခုဖြစ်ပါသည်။ ထို Error ကို ကြုံတွေ့ရပါက Setting > WiFi Menu မှ Advanced Setting ထဲသို့ဝင်ကာ WiFi Frequency Band ကိုရွေးချယ်ပြီး Default ကို ပြန်လယ်ရွေးချယ်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖုန်းအများအပြားတွင် ယင်းWifi ပြဿာနာကို ဖြေရှင်းနိုင်သွားသည်ဖြစ်ပါသည်။
Cannot Connect to Wifi (Wifi Connection ကိုချိတ်ဆက်မရခြင်း)
ဖုန်းနှင့် Router ကိုဆယ်မိနစ်လောက်ပိတ်ထားပြီးကာမှပြန်ဖွင့်ပြီး Connect ပြန်လုပ်သင့်ပါသည်။ထို့နောက် Setting > Power Saving သို့သွားကာ၎င်း Option ကိုပိတ်ပါ။ Wifi Analyzer ကိုအသုံးပြုပြီးမိမိချိတ်ဆက်နေသည့် Channel ကိုစစ်ဆေးကြည့်သင့်ပါသည်။ထို့နောက်အသုံးများနေပါကပိုမိုကောင်းမွန်သည့် Channel ကိုရွေးချယ်ပေးသင့်ပါသည်။၎င်း Wifi သည်ယခင်ကချိတ်ဆက်ဖူးသော Wifi ဖြစ်ပါက Forget Wifi ပြုလုပ်ကာပြန် Join သင့်ပါသည်။မိမိချိတ်ဆက်လိုသည့် Wifi Router ၏ Firmware ကိုလည်း Up-To-Date ဖြစ်အောင်ပြုလုပ်ထားရပါမည်။

ref - http://www.myanmarithub.com/
အဆင်ပြေပါစေ..

No comments:

Post a Comment