Tuesday, April 26, 2016

♪ ဂျာနယ်လစ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Philips ရဲ့ Android စနစ်သုံး ဒီဂျစ်တယ်ရီကော်ဒါ SpeechAir ♫


နယ်သာလန်အီလက်ထရောနစ်ကုမ္ပဏီ Philips ဟာ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်ပစ္စည်းတွေကြောင့် လူသိများတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
အခုဆိုရင် Philips ရဲ့ သြစတြေးလျအခြေစိုက်ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Speech Processing Solutions ကုမ္ပဏီဟာ SpeechAir လို့ခေါ်တဲ့ Android စနစ်သုံး၊ ဒီဂျစ်တယ်ရီကော်ဒါတစ်လုံးကို စတင်မိတ်ဆက်လိုက်ပါတယ်။
ရီကော်ဒါဆိုပေမယ့်၊ ရုတ်တရက်ကြည့်လိုက်ရင် စမတ်ဖုန်းတစ်လုံးလို့ထင်ရပြီး၊ တခြား ဒီဂျစ်တယ်အသံဖမ်းစက် တွေနဲ့ မတူတဲ့နောက်တစ်ချက်ကတော့၊ 480×800 pixel touchscreen မျက်နှာပြင်နဲ့ပါ။
စမတ်ဖုန်းတွေလိုပဲ Corning Gorilla Glass နဲ့ အုပ်ထားပြီး၊ ဓာတ်ပုံ၊ဗီဒီယို ရိုက်ဖို့အတွက် 5-megapixel ကျော ကင်မရာတောင် ပါဝင်ပါသေးတယ်။ Touchscreen နဲ့ပဲမဟုတ်ဘဲ၊ ခလုတ် တို့ ဆလိုက်ဒါတို့လည်း ပါပါတယ်။
Android 4.4.2 စနစ်နဲ့ဖြစ်ကာ၊ RAM 1GB နဲ့ ဖုန်းတွင်း storage 16 GB တို့ ပါဝင်တာကြောင့်၊ အသံဖိုင်တွေ အမြောက်အများ စက်ထဲမှာတင် သိမ်းထားနိုင်မှာဖြစ်ပါတယ်။
အစည်းအဝေးတွေမှာအသံသွင်းဖို့အတွက် ၃၆၀ဒီဂရီ မိုက်ခရိုဖုန်းတစ်ခုအပြင်၊ မိုက်ခရိုဖုန်းသုံးမျိုး ပါရှိပြီး၊ ဆော့ဖ်ဝဲပိုင်းမှာလည်း သွင်းထားတဲ့အသံဖိုင်တွေကို 256-bit AES encryption နဲ့ အလိုအလျောက် protect လုပ်ပေးထားတာကြောင့်၊ စက်ပျောက်သွားရင်တောင် ဒေတာလုံခြုံမှုကတော့ လုံးဝစိတ်ချရပါတယ်။
အမိုက်စားဒီဇိုင်း၊ ဖန်ရှင်တွေ စုံလင်တဲ့ SpeechAir ဒီဂျစ်တယ်ရီကော်ဒါရဲ့ ဈေးနှုန်းကိုတော့ Philips က ထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိဘဲ၊ ဈေးနည်းနည်းမြောက်မယ်လို့တော့ ခန့်မှန်းရပါတယ်။
ap_resize.php

Credit to ==> Digital Times

No comments:

Post a Comment