Wednesday, April 13, 2016

Mp3 သီချင်းတွေကို Upload တင်ပြီး သူငယ်ချင်းတွေကို ပေးဒေါင်းမယ်



ကိုယ်ကြိုက်တဲ့သီချင်းဘဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းတွေ ကြိုက်ကြတဲ့သီချင်းတွေကို Online မှာ Upload တင်ပြီး Link ပို့ ပြီး ပေးဒေါင်းလို့ရမယ့်နည်းလမ်းလေးကိုတင်ပေးလိုက်ပါတယ်။
အောက်မှာပုံနဲ့ တကွလေ့လာနိုင်ပါပြီ။
၁။ အရင်ဆုံး အောက်ကလင့်ခ်ကိုသွားလိုက်ပါ။
၂။ အောက်ကပုံလိုပေါ်လာရင် သီချင်းခေါင်းစဉ်ရေးမယ် အကြောင်းအရာရေးမယ် ဘာမှမရေးလည်းရတယ် ပြီးရင် UPLOAD ကိုနှိပ်ပြီး MP3 သီချင်းကိုထည့်ပါ။
၃။ ဒီအဆင့်မှ သီချင်းကို Upload တင်နေတာကိုတွေ့ ရလိမ့်မယ်။

၎။ Upload လုပ်ပြီးရင် အောက်ပုံလို Link လေးပေးလိမ့်မယ် Url ဆိုတဲ့ Link ကို Copy လုပ်ပြီး သူငယ်ချင်းတွေဆီပို့ ပြီးဒေါင်းခိုင်းလို့ ရပြီးတော့ Embed ဆိုတဲ့ Link ကတော့ ဘလော့တို့  ၀က်ဆိုဒ်တို့ မှာထည့်တဲ့ Code ပါ။
၅။ Url ဆိုတဲ့ Link ထဲကိုဝင်လိုက်ရင် အောက်ကပုံလို Download This File ဆိုတာပေါ်လာရင် နှိပ်ပြီး သီချင်းကိုဒေါင်းယူနိုင်ပါတယ်။

၆။ Download This File ကိုနှိပ်လိုက်တော့ ခဏက ထိုင်းသီချင်းကိုဒေါင်းသွားပါလိမ့်မယ်။
အဆင်ပြေပါစေဗျာ။

အာကာ
Software Guide

No comments:

Post a Comment