Monday, April 25, 2016

♪ Facebook တွင် ပို့စ်များမှ သုံးစွဲသူများ ငွေကြေးရရှိမည့် feature မကြာမီ ပါဝင်လာဖွယ်ရှိ ♫


Facebook သည် သုံးစွဲသူများကို post များတွင် ဝင်ငွေရှာဖွေခြင်း သို့မဟုတ် ပရဟိတအတွက် ငွေကြေးလှူဒါန်းမှုများအား လက်ခံခွင့်ပေးသွားဖွယ်ရှိသော သုံးစွဲသူစစ်တမ်းသစ်ကို The Verge မှ သတိပြုမိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်တမ်းတွင် လူမှုရေးမီဒီယာကုမ္ပဏီအနေဖြင့် post များရှိ ကြော်ငြာများမှ ဝင်ငွေရရှိမှုကို ဝေမျှခြင်းနှင့် နာမည်ကျော်အမှတ်တံဆိပ် content အပါအဝင် ဝင်ငွေရရှိနိုင်သော အခြားနည်းလမ်းများကို စဉ်းစားထားလျက်ရှိသည်။ လက်ရှိတွင် Facebook သည် စပွန်ဆာ content နှင့်လစဉ်ကြေးများမှတစ်ဆင့် လုပ်ငန်းများကို ကြော်ငြာပေးလျက်ရှိနေသည်။

ယခုအခါ Facebook သည် Google နှင့် ယှဉ်ပြိုင်နိုင်သော ကြော်ငြာလုပ်ငန်းတစ်ခု ဖြစ်လာသည်။ Google သည်လည်း တန်ဖိုးရှိသော content များမှ ဝင်ငွေများ ရရှိစေရန် နည်းလမ်းအမျိုးမျိုးကို စမ်းသပ်လျက်ရှိကြောင်း သိရသည်။
Ref: TheNextWeb

Credit to ==> Internet Journal

No comments:

Post a Comment