Tuesday, April 26, 2016

♪ Samsung ဖုန်းတွေမှာ password ဒါမှမဟုတ် pattern lock မေ့သွားရင် Samsung ID သုံးပြီး ဘယ်လို unlock လုပ်မလဲ ♫

ကိုယ့်ဖုန်းကို သူငယ်ချင်းတွေ၊သူစိမ်းတွေ ယူမသုံးနိုင်အောင်လို့ ဖုန်း lock screen ကို password ဒါမှမဟုတ် pattern lock နဲ့ ပိတ်ထားတတ်ကြတယ် မဟုတ်လား။ လက်ဗွေရာဆန်ဆာပါတဲ့ဖုန်းဆို လက်ဗွေရာနဲ့ပေါ့နော်။ ဒါပေမယ့် တစ်ခါတလေ လက်ဗွေရာဆန်ဆာကြောင်သွားတာမျိုး၊ ဒါမှမဟုတ် ကိုယ်ပေးထားတဲ့ password (or) pattern ကို ကိုယ်ကိုယ်တိုင် မေ့နေတတ်တာမျိုးဆို ဖုန်းထဲဝင်လို့မရဖြစ်ဖူးမှာပါ။
Samsung ဖုန်းတွေမှာ ဒီပြဿနာကို အောက်ပါနည်းလမ်းလေးတွေနဲ့ အလွယ်ကူဆုံးဖြေရှင်းနိုင်ပါတယ်။
တစ်ခုသိထားရမှာက၊ ဒီနည်းလမ်းက ပထမဆုံး ကိုယ့်ဖုန်းမှာ Samsung အကောင့်ရှိဖို့ လိုပါတယ်။ Samsung အကောင့်ဖွင့်ဖို့ ဖုန်း Settings ထဲဝင်၊ Accounts ကနေ Add Account ဆိုတာနှိပ်ပြီး၊ Samsung Account ကို ရွေးပေးလိုက်ပါ။ ဒီမှာ ကိုယ့် Google အကောင့်နဲ့ Samsung အကောင့်တစ်ခုဖွင့်လိုက်ပါ။ ကိုယ့် gmail ထဲကို Verify မေးလ်တစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ မေးလ်ထဲဝင်ပြီး၊ Verify ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆို Samsung အကောင့်လုပ်တာ ပြီးပါပြီ။
add samsung account in Galaxy S4
အကယ်၍ ကိုယ့်ဖုန်းမှာ Password ဒါမှမဟုတ် Pattern ကို မေ့သွားပြီး ၀င်လို့မရတော့ဘူးဆိုရင်
(၁) ကွန်ပြူတာ ‘ဒါမှဟုတ် ဖုန်းနောက်တစ်လုံးကနေ https://findmymobile.samsung.com ကို သွား
Capture
(၂) ကိုယ့် Samsung အကောင့် ID ရယ် Password ရယ် ရိုက်ပြီး Log in ၀င်
(၃) Log in ၀င်ပြီးသွားပြီဆိုရင် ကိုယ့် register လုပ်ထားတဲ့ Samsung ဖုန်းပေါ်နေပါလိမ့်မယ်။ အကယ်၍ ဖုန်းမှာ ဖုန်းလိုင်း ဒါမှမဟုတ် ကွန်နက်ရှင်မရှိဘူးဆိုရင်တော့ ဖုန်းက inactive ဆိုပြီး ပြနေပါလိမ့်မယ်။ ၀က်ဘ်ဆိုဒ်စာမျက်နှာရဲ့ ဘယ်ဘက်ခြမ်းမှာ Connection ၊ Remote Controls တို့ကို On ဖွင့်ထားပေးပါ။
samsung-unlock-myphone
(၄) အောက်နားမှာ Unlock My Device ဆိုတာ ရှိပါတယ်။ နှိပ်လိုက်ရင် ‘Unlock My Screen’ ဆိုတဲ့ လင့်ခ်တစ်ခု ထပ်ပေါ်လာပြီး၊ Unlock ခလုတ်ကို နှိပ်လိုက်တာနဲ့၊ ဖုန်း lock screen ပွင့်သွားပြီဖြစ်ကြောင်း ပေါ်လာပါလိမ့်မယ်။
samsung-unlock-my-device
(၅) အခုဆိုရင် သင့်ဖုန်း Lock screen ပွင့်သွားပြီဖြစ်ပြီး၊ ဖုန်းမှာ lock ပေးထားတာပါ ပျောက်သွားပါလိမ့်မယ်။ နောက်တစ်ခါ lock ပြန်ပေးချင်တယ်ဆိုရင် ပြန်ပေးနိုင်ပါတယ်။ မမေ့အောင်တော့ ဂရုစိုက်ပေါ့။
ဒီ feature လုပ်ဆောင်ပုံက Android ဖုန်းတော်တော်များများမှာပါတဲ့ Android Device Manager နဲ့ တူတူပဲ ဖြစ်ပြီး၊ အင်တာနက်ကွန်နက်ရှင်လိုပါတယ်။ ဒါပေမယ့် Samsung ရဲ့ Find My Mobile မှာက၊ ဖုန်းပျောက်သွားရင် သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ကို ဂါဒီယန်ပေးပြီး၊ သူ့ဖုန်းကနေ ကိုယ့်ဖုန်း ကို Emergency mode လှမ်းပြောင်းနိုင်တာ၊ ပျောက်သွားတဲ့ဖုန်းမှာ SIM ကတ် လဲလိုက်ရင်၊ သတိလှမ်းပေးတာ စတာတွေ ပါဝင်ပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment