ဖုန်းတွေစပေါ်စတုန်းကတော့ ကွန်ပြူတာကနေ သီချင်းတွေ၊ဗီဒီယိုတွေ၊
ဓာတ်ပုံတွေထည့်ချင်လို့ရှိရင် USB ကြိုးနဲ့ ချိတ်ပြီးထည့်ခဲ့ရပါတယ်။
တစ်ချို့ဆို အခုထိ ကွန်ပြူတာမှာ ဖုန်းကို ကြိုးတပ်ပြီး
ဖိုင်ထည့်နေကြတုန်းပါ။ တကယ်တမ်းတော့ အခုကျနော်တို့
တော်တော်များများသုံးနေတဲ့ ES File Explorer နဲ့တင် ကွန်ပြူတာနဲ့ဖုန်း
ဖိုင်အရွှေ့အပြောင်းလုပ်နိုင်ပါတယ်။
ES File Explorer ဗားရှင်း 3 ကနေ ဒီလုပ်ဆောင်ချက်ပါဝင်လာတာဖြစ်ပြီး၊ အခုနောက်ဆုံးဗားရှင်း ES File Explorer ဆို ဒီဇိုင်းပိုင်း တော်တော်လှလာသလို၊ feature လည်းတော်တော်စုံလာတာကိုတွေ့ရပါတယ်။
ဒီမှာတော့ ES File Explorer သုံးပြီး ကွန်ပြူတာထဲက ဖိုင်တွေကို ဖုန်းကနေ ယူနည်းအဆင့်ဆင့်ကို ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။
(၁) ပထမဦးဆုံး ကွန်ပြူတာက ကိုယ် share လုပ်ချင်တဲ့ဖိုင်ဆီ သွားပြီး၊ right-click နှိပ်၊ properties ထဲ ၀င်လိုက်ပါ။
(၂) Properties ထဲမှာ Sharing ကို ရွေးပြီး၊ ‘Share’ ဆိုတဲ့ခလုတ်ကို ကလစ်လိုက်ပါ။

(၃) ကိုယ် share လုပ်မယ့် user ကို ‘Everyone’ လို့ရွေးပေးပြီး၊ Add နှိပ်လိုက်ပါ။Permission Level ကို Read/Write ပေးထားပါ။ ဒါဆိုရင် ကွန်ပြူတာကနေ လုပ်ဆောင်ရမယ့်အဆင့်ပြီးသွားပါပြီ။

(၄) အခု သင့် Android ဖုန်းထဲက ES File Explorer အက်ပလီကေးရှင်းထဲ ၀င်လိုက်ပါ။ ပြီးရင် app ဘယ်ဘက်အပေါ်ထောင့်က မီနူးကို နှိပ်လိုက်ပါ။
(၅) စာရင်း list တစ်ခုကျလာရရင် ‘Network’ ဆိုတဲ့အောက်က ‘LAN’ ဆိုတဲ့ ကွန်ပြူတာပုံလေးကို နှိပ်လိုက်ပါ။

(၆) ပြီးရင် ‘New’ ဆိုတာကို ထပ်နှိပ်လိုက်ရင်၊ စာဖြည့်ရမယ့် box တစ်ခုကျလာပါမယ်။

(၇) Server မှာ ကိုယ့် ကွန်ပြူတာရဲ့ IP နံပါတ်ကို ထည့်ပေးပါ။ (IP နံပါတ်မသိဘူးဆိုရင် ကွန်ပြူတာမှာ Windows ခလုတ်နဲ့ R ကို နှိပ်ပြီး cmd လို့ ရိုက်၊ ပြီးရင် ipconfig လို့ ရိုက်ထည့်လိုက်ပါ။ အောက်မှာပေါ်လာတဲ့ နံပါတ်တွေထဲက IPv4 Address ဆိုတာ သင့်ကွန်ပြူတာရဲ့ Private IP Address ဖြစ်ပါတယ်။

(၈) Domain ကို မဖြည့်ဘဲထားလို့ရပါတယ်။ ကွန်ပြူတာရဲ့ username နဲ့ password ကို ထပ်ဖြည့်ပေးပါ။ ကွန်ပြူတာမှာ password မခံထားရင်တော့ Anonymous ဆိုတာကို အမှန်ခြစ်ထားလိုက်ပါ။
(၉) အခုဆိုရင် သင့်ကွန်ပြူတာကနေ share လုပ်ထားတဲ့ဖိုင်တွေအကုန်လုံးကို Android ဖုန်းကနေ ယူသုံးနိုင်ပါပြီ။ ဗီဒီိယိုတွေ၊ ဓာတ်ပုံတွေ share ထားတာဆိုရင်၊ copy လုပ်စရာမလိုဘဲ၊ stream ကြည့်နိုင်သလို၊ ဖုန်းထဲကိုလည်း အပြီးကူးနိုင်ပါတယ်။ ဒီ့အပြင် Read/Write ပေးထားတာကြောင့် ဖုန်းထဲကဖိုင်တွေကိုလည်း ကွန်ပြူတာထဲ ပြောင်းထည့်နိုင်ပါသေးတယ်။

အားလုံးပဲ နည်းပညာနဲ့ ပိုမိုအဆင်ပြေနိုင်ပါစေ။
Credit to ==> Digital Times

No comments:
Post a Comment