Friday, April 15, 2016

Facebook Messenger မှာ စစ်တုရင် ကစားမယ်



                                      
Facebook Messenger အသုံးပြုသူများအတွက် Facebook Messenger မှာ စစ်တုရင် ကစားခြင်း ကို command များ အသုံးပြုပြီး ကစားနိုင်မှာဖြစ်ပါတယ်။ Facebook Messenger ကနေ စစ်တုရင် ကစားမယ်ဆိုရင် ကိုယ်နဲ့ ကစားမယ့် ကိုယ့်ရဲ့Facebook ကသူငယ်ချင်း အကောင့်ကို @fbchess play ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရပါမယ်။
ဒါဆိုရင် Chess Game ကို စတင်ပြီဖြစ်ပြီး ဘယ်သူ က ဘယ်အရောင် ဆိုတာကို ဖော်ပြပေးပါ လိမ့်မယ်။ ဒီနေရာမှာ ကိုယ်က မိမိစိတ်ကြိုက်အရောင်ရွေးချယ်မယ်ဆိုရင် @fbchess play white/black နှစ်သက်ရာအရောင်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
ကစားသူဟာ Pawn ကို စရွှေ့မယ်ဆိုရင် @fbchess P ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ ဒီနေရာမှာ P ဆိုတာ Pawn ကို ကိုယ်စားပြုတဲ့ command ဖြစ်ပါတယ်။ အကွက်ရွှေ့မယ်ဆိုရင်တော့ အက္ခရာ a ကနေ h အထိ ပေးထားပြီး ဒေါင်လိုက်အနေနဲ့ နံပါတ် ၁ ကနေ ၈ အထိ ပေးထားပါတယ်။ ဒါကတော့ ကိုယ်ဘယ်အက္ခရာလိုင်းက Chess အကောင်ကို ဘယ်နံပါတ်ကိုရွှေ့မယ်ဆိုတာကို သတ်မှတ်နိုင်ရန်အတွက် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဥပမာ သင်ဟာ ဘုရင် အပေါ်က Pawn ကိုရွှေ့မယ်ဆိုရင် @fbchess Pe3 ဆိုတဲ့ command ကိုအသုံးပြုနိုင်ပါတယ်။ အကယ်၍ အလွယ်တကူ command ကို အသုံးပြုမယ်ဆိုရင် @fbchess e3 ဆိုတဲ့ command နဲ့ ဘုရင်အပေါ်ဘက်က Pawn ကို အပေါ်တစ်ကွက်ရွှေ့နိုင်ပါတယ်။
နောက်တစ်ခုကတော့ Knight ကိုရွှေ့မယ်ဆိုရင် အသုံးပြုရမယ့် Command ကတော့ @fbchess N ကိုအသုံးပြုရပါမယ်။ ဥပမာ အနေနဲ့ အနက်ရောင်ဘက်က Knight ကို အကွက် C နံပါတ် ၆ နေရာကို ရွှေ့ မှာ ဖြစ်တဲ့အတွက် @fbchess Nbc6 ဆိုတဲ့ command နဲ့ Knight ကို ရွှေ့နိုင်မှာဖြစ်ပါတယ်။
ပုံမှာ ပြထားတဲ့အတိုင်းဆိုရင် Knight ဟာ Pawn ကို စားနိုင်တဲ့အကွက်ထဲရောက်နေပြီဖြစ်ပါတယ်။ ဒီတော့ Knight ဟာ Pawn ကို စားမှာဖြစ်တဲ့အတွက် Knight ကိုယ်စားပြုတဲ့ command ကိုအရှေ့မှာ ထားပေးပါ။ ပြီးသွားရင် အကွက် C မှာ ရှိတဲ့အတွက် C ကိုထည့်သွင်းပေးရပါမယ်။ ကိုယ်စားမယ့် Pawn ဟာ d4 မှာရှိတဲ့အတွက် d4 ဆိုတာကို ထည့်သွင်းပေးရပါမယ်။ ဒီနေရာမှာ Pawn ကို စားမှာဖြစ်တဲ့အတွက် Knight ရဲ့ နေရာ နဲ့ စားမယ့်နေရာ ရဲ့ ကြားထဲမှာ X ကိုထည့်သွင်းပေးရပါမယ်။ ဥပမာအနေနဲ့ @fbchess Ncxd4 ဆိုတဲ့ command ကို အသုံးပြုရပါမယ်။
နောက်ထပ် Bishop ကို အသုံးပြုမယ်ဆိုရင် ရိုက်ထည့်ပေးရမယ့် command က B ဖြစ်ပါတယ်။ ဥပမာ @fbchess Bd3 ဒါကတော့ Bishop ကို အကွက် D နံပါတ် ၃ ကိုရွှေ့မှာဖြစ်တဲ့အတွက် ဥပမာပေးတဲ့ command ပဲဖြစ်ပါတယ်။
သင့်ရဲ့ Pawn ဟာ ပြိုင်ဘက်ရဲ့ အထက်ဘက်ကိုရောက်သွားတဲ့အခါမှာ Pawn ကို Promote လုပ်ဖို့ အတွက် = ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ Castle နဲ့ King ကို နေရာချိန်းချင်ရင်တော့ @fbchess O-O ဆိုတဲ့ Command ကို အသုံးပြုနိုင်ပါတယ်။
အကယ်၍ သင်ဟာ ကစားပွဲက ထွက်လိုတယ်ဆိုရင် @fbchess resign ကို ရိုက်ထည့်ပြီး ကစားပွဲကနေ ထွက်ခွာနိုင်ပါတယ်။ ကစားနေ ရင်း Facebook Messenger မှာ စကားပြောနေတယ်ဆိုရင် @fbchess continue ဆိုတဲ့ command ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ်နဲ့ ကစားတဲ့ ကစားဖော်ရဲ့ ပွဲရလဒ်တွေ ကိုကြည့်ချင်ရင်တော့ @fbchess stats ဆိုပြီး ကြည့်ရှုနိုင်ပါတယ်။
ကစားနေရင်းနဲ့ အသုံးပြုတဲ့ command တွေကို သိချင်ရင်တော့ @fbchess help ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။
Ref: Reddit
Internet Journal


No comments:

Post a Comment