Monday, April 25, 2016

♪ Messenger မှာ သူငယ်ချင်း အယောက် ၅၀ အထိ အုပ်စုလိုက် တပျော်တပါး ဖုန်းပြောနိုင်ပြီ ♫


နေရာတကွဲတပြားမှာ ရောက်နေတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေအချင်းချင်း အုပ်စုလိုက် ဖုန်းခေါ်နိုင်ဖို့အတွက် Facebook Messenger မှာ Group Call ကို ယခု ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Android ကော iOS မှာပါ ဒီ feature ကို အခမဲ့သုံးစွဲနိုင်မှာဖြစ်ပြီး၊ group chat ကနေ တဆင့် သူငယ်ချင်း အယောက် ၅၀ အထိ အုပ်စုလိုက် တပျော်တပါး ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။

ဒီ feature ကို တစ်ကမ္ဘာလုံးအတွက် ထုတ်ပေးသွားမှာဖြစ်ပြီး၊ Messenge အက်ပလီကေးရှင်းကို update လုပ်ပေးဖို့ လိုပါတယ်။

သူငယ်ချင်းတွေ အုပ်စုလိုက်ဖုန်းခေါ်ဆိုချင်တယ်ဆိုရင်၊ group chat မှာ ဖုန်းပုံစံလေးကို နှိပ်ပြီး၊ ကိုယ်ခေါ်ချင်တဲ့လူတွေကို ရွေးလိုက်ရုံနဲ့၊ တခြားလူတွေဆီမှာ Messenger call ချက်ချင်း ၀င်လာမှာ ဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က ပြန်မဖြေမိလိုက်လို့၊ သူများတွေ group call ပြောနေတာကို မမီလိုက်ရင်တောင် Group chat ထဲကနေ ဖုန်း icon လေးကို နှိပ်ပြီး join လို့ ရပါသေးတယ်။

လက်ရှိမှာတော့ အုပ်စုလိုက်ဗီဒီယိုဖုန်းခေါ်ဆိုမှု မရသေးပေမယ့်၊ မကြာခင်တစ်ချိန်မှာ group video call လည်း Messenger သုံးသူတွေ ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times

No comments:

Post a Comment