Friday, April 15, 2016

သက်သာသောဈေးနှုန်းနှင့် ရရှိနိုင်တဲ့ Ooredoo Smart10 စမတ်ဖုန်းအကြောင်း



မြင့်မားသောအရည်အသွေးကို သက်သာသောဈေးနှုန်းနှင့် ရရှိနိုင်အောင် ဖန်တီးထားတဲ့ Smart10 ဖုန်းမှာ ကျယ်ပြန့်သောမျက်နှာပြင်ပါရှိပြီး Facebook ၊ Viber ၊ YouTube ၊ ကင်မရာ စတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်ချက် များပါဝင်ပြီး ဆင်းကဒ်နှစ်ကဒ်အသုံးပြုနိုင်သည့် ဖုန်းဖြစ်ပါတယ်။ ထို့ကြောင့် အရမ်းတန်တဲ့ Smart10 ဖုန်းတို့ကို နီးစပ်ရာ အူရီဒူးအရောင်းဆိုင်များမှာ ၃၀,၀၀၀ ကျပ်တည်းနဲ့ ရယူလိုက်ကြပါစို့။ အကျယ်ပြန့်ဆုံးကွန်ရက်၊ အမြန်ဆန်ဆုံး အင်တာနက်နဲ့အူရီဒူးက သင်နဲ့အတူရှိနေမှာပါ။
Ooredoo Smart10 တွင် ဖုန်း Memory 4GB ပါဝင်မှာဖြစ်ပြီး လိုအပ်ပါက microSD ကဒ်အသုံးကာ ထပ်မံတိုးချဲနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ Processor 1.2GHz ဖြစ်ပြီး အနောက်ဘက်ကင်မရာတွက် 2-megapixel ရှိတဲ့ ပုံရိပ်တွေကို ရိုတ်ကူးနိုင်ပြီး အရှေ့ ကင်မရာတွက် 0.3-megapixel ဖြစ်တဲ့အတွက် Selfie ရိုတ်ကူးလိုသူတွေတွက် အကြိုက်တွေ့ စေမှာမဟုတ်ပါဘူး။ သိုလှောင်သိမ်းဆည်းနိုင်မူမှာ RAM 512MB ပါဝင်မှာဖြစ်ပြီး ဘတ်ထရီ အရည်းသွေးက 1,400mAh ပါဝင်ပါတယ်။ Bluetooth v2.1+ , WiFi 802.11 b/g/n, Wi-Fi hotspot တို့လည်းပါဝင်မှာဖြစ်ပါတယ်။
အရောင်အနေနဲ့ အဖြူ  နဲ့ အမဲရောင် ဆိုပြီးတော့ အရောင် (၂) မျိုးထုတ်လုပ်ထားပြီး ဖုန်းရဲ့ Operating System ကတော့ Android OS v5.1 ကိုထည့်သွင်းအသုံးပြုထားတာကြောင့် အလွန်မြန်ဆန်တဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။ Ooredoo Smart10 ဖုန်းကို နီးစပ်ရာ အူရီဒူးအရောင်းဆိုင်များမှာ ၃၀,၀၀၀ ကျပ်တည်းနဲ့ဝယ်ယူရရှိနိုင်ပါပြီ။
အာကာ
Software Guide
www.swln.info

No comments:

Post a Comment