Saturday, April 23, 2016

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ ♫


မေး - အစ်ကိုရေ ကျွန်တော့် Samsung Note 2 ဖုန်းလေး Touch ဆွဲလို့မရဘူးဖြစ်နေတယ်။ Pin နဲ့ဆွဲရင်တော့ရတယ်။ ဘယ်လိုလုပ် ရင်ကောင်းမလဲ။
ဖြေ - ဒီ Error မျိုးက Touch နဲ့ LCD တွဲလျက်ဖုန်းတွေမှာဖြစ်လေ့ရှိ ပါတယ်။ အပေါ် Glass နဲ့ အောက်က Touch နဲ့ မထိတထိဖြစ်နေလို့ ပါ။ ဖိပြီးသုံးရင်တော့ရပါလိမ့်မယ်။ အဆင်မပြေရင်တော့ နီးစပ်ရာ Service ဆိုင်ပို့ပြီး အပေါ် Glass လဲလိုက်ရင် အဆင်ပြေသွားမှာပါ။

 မေး - ကျွန်တော့် Xiaomi Note 4G Dual ကို Themes နဲ့ မြန်မာစာ ချိန်းချင်ပါတယ်။
ဖြေ - Mi ဖုန်းတွေကို Themes ထည့်ချင်ရင် မိမိဖုန်းရဲ့ ROM ဟာ Developer ROM ဖြစ်နေဖို့လိုပါတယ်။ နောက်ပြီး Myanmar စာအတွက် (themes.mtz) မြန်မာစာပါပြီးသား Themes တစ်ခုလိုပါမယ်။ အစ်ကို့ ဖုန်းဟာ အပေါ်ကပြောခဲ့တဲ့အချက်တွေပြည့်စုံတယ်။ Themes ဖိုင် လည်းရှိတယ်ဆိုရင် မိမိသွင်းမယ့် Themes ကို SD ကတ် (သို့မဟုတ်) Phone Memory ထဲထည့်ပါ။ ပြီးရင် Phone App ထဲက Themes ကိုဖွင့် ပါ။ Offline Themes ကိုသွားပါ။ Import Themes ကိုနှိပ်ပြီး ခုနကသွင်း ထားတဲ့ Themes File လေးကိုရှာနှိပ်ပေးလိုက်ပါ။ Themes ရရုံနဲ့ မြန်မာ စာရသေးမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် Category > Font အတွင်း ၀င်ပြီး Themes မြန်မာစာကိုချိန်းပေးပါ။ MIUI 7 တွမှာဆိုရင် Setting > Font Style အတွင်းမှာ ၀င်ပြီးချိန်းရမှာပါ။ အားလုံးပြီးရင် Keyboard တစ်ခုခ Install လုပ်ပြီး မြန်မာစာရိုက်နိုင်ပါပြီခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းဆက်လို့မရလို့ပါ။ ကျန် တာအကုန်ရတယ်။ သီချင်းလည်းဖွင့်ရတယ်။ Video လည်းဖွင့်ရ တယ်။ Game ဆော့လို့လည်းရပါတယ်ဗျာ။
ဖြေ - အစ်ကိုရေ အစ်ကို့ဖုန်းဘေလေးအရင်စစ်ကြည့်ပါ။ စစ်လို့ပြီး ရင် *#06#* ကိုနှိပ်ပြီး စစ်ကြည့်ပါ။ အဲ့ဒီမှာ IMEI နံပါတ်ရှိနေတယ်ဆို ရင် Hardware အနေနဲ့ဖြေရှင်းရဖို့များပါတယ်။ အဲ့ဒီမှာ သေချာချင်ရင် တော့ အပေါ် Bar ကိုဆွဲချကြည့်ပါ။ No Sim လား၊ No Service လား ပေါ့ဗျာ။ No Sim ဆိုရင် Sim အထိုင်လဲပေးရမှာမို့ ဆိုင်ကိုသွားပါဗျာ။ No Service ဆိုရင်တော့ Emergency Call ခေါ်ပြီး Clear Network လုပ် ကြည့်ပါ။ မရပါက င်္Firmware တင်ရမှာမို့ ဆိုင်သွားပြပေးပါဗျာ။

 မေး - ကျွန်တော့်ဖုန်းက 5S ပါ။ Battery လုံးဝကုန်တဲ့အထိ သုံးမိ လိုက်တယ်။ ဘက်ထရီအားသွင်းပြီးပြန်ဖွင့်လိုက်တော့ Fingerprint Sensor အလုပ်မလုပ်တော့ပါဘူးခင်ဗျ။ Pass-code ခံထားတာလည်း မမှတ်မိတော့ဘူး။ ဘယ်လိုလုပ်ရမလဲ။ ဖြေပေးပါဦးဆရာတို့ရေ။
ဖြေ - ဟုတ်ကဲ့ပါ။ အစ်ကို့ Fingerprint Sensor ပါတဲ့ဖုန်းတော်တော် များများက Battery Down ၍ Power ပိတ်သွားပြီး ပြန်ဖွင့်ရင် Fingerprint Sensor အလုပ်မလုပ်တော့ပါဘူး။ အဲ့ဒီ Error ကိုအကောင်းဆုံးဖြေရှင်း နိုင်တဲ့နည်းလမ်းကတော့ Firmware ပြန်တင်လိုက်တာပါပဲ။ ဖုန်းထဲမှာ ရှိတဲ့ User Data တွေအကုန်လုံးကတော့ ပျက်သွားမှာပါ။ အစ်ကို့ရဲ့ ဖုန်းထဲမှာ iCloud ခံထားရင် ထို iCloud ရဲ့ Apple ID နဲ့ Password ကို မှတ်မိမှ အဆင်ပြေမှာဖြစ်ပါတယ်။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါ။ ဖုန်းမှာက ဖွင့်လို့ရတယ်ဗျ။ ဒါပေမဲ့ Sim ကတ်ထည့်လိုက်ရင် LCD အဖြူရောင် ကြီးပဲပေါ်နေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ဒီ Error မျိုးက Sim ကတ်အထိုင်မှာ Shock ကျနေရင်ဖြစ်တတ်ပါတယ်။ Sim အထိုင်မှာ Shock ရှိနေတဲ့အတွက် Sim ကတ်ထည့်လိုက်တဲ့အချိန်မှာ Sim အထိုင်ငုတ်တွေ ထိပေးသလို ဖြစ်ပြီး Shock ကျတာပါ။ ဘယ်လိုလုပ်ရမလဲဆိုရင် Factory Reset ကြည့်လို့ရရင်ချကြည့်ပါ။ မရဘူးဆိုရင်တော့ နီးစပ်ရာဆိုင်ကိုပြကြည့် ပါဗျ။

 မေး - ကျွန်တော့် Coolpad ဖုန်းက ဖုန်း Icon (Dailer) တစ်ခုပဲ ၀င်လို့ရတော့တယ်။ ကူညီပေးပါ။
ဖြေ - Coolpad တွေမှာ Google Account ၀င်ထားမိပြီး Reset ချမိခဲ့ရင် ခုလို Error တက်တတ်ပါတယ်။ Power တက်လာပြီး Google Account တာင်းပါတယ်။ ကြိုက်တာရိုက်ထည့်ပြီး Phone Login ၀င်လို့ ရပါ တယ်။ ဒါပေမဲ့ Dailer ကလွဲပြီး ဘာကိုမှနှိပ်လို့မရတော့ပါဘူး။ Setting ထဲကိုလည်း အ၀င်မခံပါဘူး။ ဒါကိုဖြေရှင်းဖို့ကတော Firmware အ သစ်တစ်ခုပြန်တင်ရမှာပါ။ Firmware မှာတောင် Official CPB နဲ့တင် လို့မရပါဘူး။ ဒီတော့ MTK တွေဖြစ်တဲ့အတွက် Firmware အမျိုးအစား နောက်တစ်ခုနဲ့ တင်ရမှာပါ။ အဲ့ဒီ င်္ Firmware ကတော့ Scatter.txt နဲ့ လာတာဖြစ်ပါတယ်။ ဒါကြောင့် အစ်ကို့အနေနဲ့ ခက်ခဲနေမယ်ဆိုရင် Service ဆိုင်တစ်ဆိုင်ဆိုင်မှာ Firmware ပြန်တင်ခိုင်းလိုက်ပါ။

NetGuide Journal (Every Wednesday)
ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment