Thursday, November 12, 2015

♪ Facebook က Spotify နှင့် Apple Music တို့မှ သီချင်းများကို News Feed တွင် မျှဝေခွင့်ပြုမည် ♫

Facebook က သူ၏ လူမှုကွန်ရက်ကို တစ်နေရာတည်းတွင် သတင်းအချက်အလက်ပေါင်းမျိုးစုံကို ရရှိနိုင်သည့်နေရာအဖြစ် ပြုလုပ်ရန် ရည်ရွယ်လျှက် ရှိပါသည်။ ယခုအခါတွင်လည်း သီချင်းနမူနာများကို News Feed တွင် မျှဝေနိုင်သော စွမ်းဆောင်ချက်ကို ထည့်သွင်းပေးနေပါသည်။

အဆိုပါ စွမ်းဆောင်ချက်ကို Music Stories ဟု အမည်ပေးထားပြီး Spotify , Apple Music , iTunes တို့မှ သီချင်းများကို စက္ကန့် သုံးဆယ်ကြာ ဖြတ်ထုတ်ပေး၍ News Feed တွင် မျှဝေနိုင်မည် ဖြစ်သည်။ Music Stories ကို လက်ရှိတွင် Facebook iOS App တွင်သာ အသုံးပြုနိုင်ပေးပြီး Facebook ၏ Audio Player အသစ်ဖြင့် ထုတ်လွှင့်ပေးမည် ဖြစ်သည်။

Playlists များကိုလည်း မျှဝေနိုင်ရန် ပြုလုပ်ပေးထားပါသည်။ ဖုန်းတွင် Spotify, Apple Music တို့ကို ထည့်သွင်းထားရန် မလိုအပ်သကဲ့သို့ အဆိုပါ ၀န်ဆောင်မှုများတွင် Subscribe ပြုလုပ်ထားရန်လည်း မလိုအပ်ပါ။ အသုံးပြုသူများက သူတို့၏ Music Collections တွင် သီချင်းများကို သိမ်းဆည်းနိုင်ပါသည်။ သို့မဟုတ် ပို့စ်မှ ခလုတ်ကို နှိပ်၍ iTunes တွင် ၀ယ်ယူနိုင်ပါသည်။ Facebook က အခြား သီချင်း ၀န်ဆောင်မှုများကိုလည်း ထပ်မံဖြည့်တင်းပေးမည်ဟု ပြောပါသည်။

Facebook သည် ၂၀၁၁ ခုနှစ်ကတည်းက Spotify နှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ Facebook နှင့် Spotify ကို ချိတ်ဆက် အသုံးပြုလျှင် Spotify တွင် သီချင်းတစ်ပုဒ်နားထောင်လျှင် အဆိုပါ သီချင်းကို Facebook တွင် အလိုအလျှောက် Share လုပ်ပေးပါသည်။


Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment