Tuesday, September 8, 2015

Social Media Marketing တို့အတွက် အသုံးဝင်တဲ့ Social Media analysis Tools များ




မြန်မာနိုင်ငံမှာ တွင်ကျယ်လာပြီဖြစ်တဲ့ Social Media Marketer တို့အတွက် Social Media analysis Tools အချို့ကို အသုံးပြုကြရပါတယ်။ ဒီအကြောင်းအရာတွေကို Social Media Marketing နဲ့ပါတ်သက်ပြီး အခုမှ စတင်လုပ်ကိုင်နေကြသူတွေအနေနဲ့ သိကြအုံးမှာမဟုတ်ပါဘူး။ မိမိဟာ ကုမ္ပဏီတစ်ခု တည်းအတွက် သာမန် Social Media သမားတစ်ယောက် အနေနဲ့အလုပ်လုပ် ကိုင်နေတယ်ဆိုရင် အခုလို analysis Tools တွေမလိုအပ်ပဲ အဆင်ပြေကောင်းပြေနေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ မိမိရဲ့ ကုမ္ပဏီဟာ အရမ်းကြီးကျယ်ပြီး ပြိုင်ဆိုင်မှုများတဲ့ ကုမ္ပဏီတစ်ခုဆိုရင်တော့ analysis Tools တွေကိုလိုအပ်ပါတယ်။ Analysis Tools လို့ဆိုတဲ့အတွက်ကြောင့် မိမိရဲ့ Social Media နဲ့ပတ်သက်တဲ့ ရလဒ် အချက်အလက်တွေကို စိစစ်ခြင်းတွေရှိသလို အခြား ကုမ္ပဏီတွေရဲ့ Social Media နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စိစစ်ခြင်းတွေလည်း ရှိပါတယ်။ ဒီလိုအချိန်မှာတော့ မိမိတစ်ယောက်တည်းရဲ့ အင်အားနဲ့ တစ်ခုချင်းစီ လိုက်လံ စုဆောင်း လုပ်ဆောင်နေဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပါ။

ဒီအတွက် Digital Marketing ကုမ္ပဏီအများစုက အချက်အလက်စိစစ်တဲ့ Website တွေကို  ဝန်ဆောင်မှုပေးထားပါတယ်။ များပြားလွန်းတဲ့  Website တွေထဲကမှ အကောင်းဆုံးနဲ့ လူသုံးအများဆုံး Website တွေကတော့ Fanpage Karma (www.fanpagekarma.com ) ၊ Hootsuite (www.hootsuite.com) နှင့်  Buffer (www.buffer.com) တို့အပြင် အခြား Website တွေဖြစ်ပါတယ်။  ဒါတွေက  မြန်မာနိုင်ငံက Social Media သမားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ Website တွေဖြစ်ပါတယ်။ Analysis Tools ဆိုတာ မိမိရဲ့ Social Media Website အတွက် အချက်အလက်တွေထုတ်ပေးတဲ့ Tools တွေကို ဆိုလိုတာပါ။ ဒီလို အချက်အလက်စိစစ်ခြင်း လုပ်ဆောင်ချက်တွေအတွက် အကောင်းဆုံး Tools တစ်ခုကတော့ Fanpage Karma ဖြစ်ပါတယ်။

Fanpage Karma ဟာ မိမိ Social Media Website ရဲ့ အချက်အလက်တွေအပြင် အခြား Social Media Website တို့ရဲ့  အချက်အလက် ရလဒ်တွေကိုပါ ထုတ်နိုင်ပါတယ်။ အခြား Hootsuite နဲ့ Buffer တို့ဟာ မိမိတာဝန်ယူဆောင်ရွက်ပေးနေတဲ့ Social Media Website တွေရဲ့  မှတ်တမ်း အချက်အလက်များ ထုတ်ပေးခြင်း နဲ့ မိမိတာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ Social Media Website တွေမှာ Content တင်ဖို့ အချိန်ဇယားစွဲကာ အလိုအလျောက် တင်ခြင်းတွေကိုသာ လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ Fanpage Karma  မှာတော့ ဒီလို မရှိပဲ  မိမိရယူလိုတဲ့ အခြားပြိုင်ဘက်ကုမ္ပဏီတို့ရဲ့ အချက်အလက်များကိုလည်း ထုတ်ယူနိုင်ပါတယ်။ ဒါဟာ Fanpage Karma ရဲ့ အားသာချက်တစ်ချက်ဖြစ်ပါတယ်။

Fanpage Karma ကို အသုံးပြုကာ Social Media Website များဖြစ်တဲ့ Facebook , Youtube , Twitter , Instagram , Google + နဲ့ Pinterest  စတဲ့ Website များအတွက်လည်း အချက်အလက် စိစစ်ခြင်းအလုပ်ကို လုပ်ဆောင်နိုင်ပါတယ်။ အကယ်၍ Fanpage Karma ကို စတင် စမ်းသပ် အသုံးပြုလိုသူများအနေနဲ့ Social Media Website တစ်ခုကို အခမဲ့ အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ပြီဆိုမှသာ professional version များကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းများကိုလည်း Fanpage Karma ရဲ့ Pricesing List ထဲမှာ ကြည့်ရှုနိုင်ပါတယ်။

Aung Ko Htet  (www.winkabarkyaw.net)

#aungkohtet_wkk

No comments:

Post a Comment