Saturday, July 4, 2015

♪ မြန်မာ့သတင်း ကဏ္ဍစုံကို ဖတ်ရှုဖို့အတွက် Tha Din App ♫


နောက်ဆုံးရ မြန်မာသတင်းတွေကို ဖတ်ရှုနိုင်မယ့် Android App အသစ်တစ်ခုဖြစ်ပါတယ်။ စီးပွားရေး၊ အားကစား၊ နိုင်ငံရေး၊ ဖျော်ဖြေရေး၊ နည်းပညာ၊ ကျန်းမာရေးနဲ့ ပညာရေး သတင်း ကဏ္ဍစုံကို တင်ဆက်ပေးထားပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ User Interface ရှိတာကြောင့် အသုံးပြုရတာလွယ်ကူပါတယ်။ သတင်းတွေကို သိမ်းဆည်းပြီး နောက်မှ ပြန်ဖတ်နိုင်သလို Facebook , Messenger, Viber တို့မှာ မျှဝေနိုင်ပါတယ်။

Tha Din App ကို အင်စတောလုပ်ပြီးရင် အသုံးပြုနည်းကို ပြသပေးမှာပါ။ ညာဘက်မှ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး နောက်ဆုံး စကရင်မှာ ‘ စသုံးမယ် ‘ ခလုတ်ကို နှိပ်ပါ။

Zawgyi နဲ့ Unicode ဖောင့်နှစ်မျိုးမှာ သင့်ဖုန်းနဲ့ ဘယ်ဖောင့်က သင့်တော်သလဲဆိုတာ စစ်ဆေးမှာပါ။ ဖောင့်အမှန် မမြင်ရရင် No ကို နှိပ်ပါ။ ဖောင့်အမှန် မြင်ရရင် Yes ကို နှိပ်ပါ။

1

နောက်အဆင့်မှာ Login with facebook ကို နှိပ်ပါ။ Facebook နဲ့ မချိတ်ဆက်ချင်ရင် ညာဘက်အပေါ်ထောင့်မှ ကြက်ခြေခတ် ခလုတ်ကို နှိပ်ပါ။

2

နောက်အဆင့်မှာ OK ကို နှိပ်ပြီး Facebook နဲ့ချိတ်ဆက်ပါ။
ဒါဆိုရင် Tha Din ရဲ့ Main Screen ကိုရောက်ရှိမှာပါ။ အပေါ်မှာ ဖော်ပြထားတဲ့ ကဏ္ဍတွေကို သီးခြားစီ ခွဲခြားပေးထားပါတယ်။

34

ကဏ္ဍတစ်ခုထဲ ၀င်ကြည့်ရင် သတင်းတွေကို တွေ့ရမှာပါ။ ဖတ်ချင်တဲ့ သတင်းတစ်ခုကို နှိပ်ရင် Built-In Browser နဲ့ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အောက်ခြေမှာတော့ Like, Save , Share ခလုတ် သုံးခုရှိပါတယ်။ နောက်မှ ပြန်ဖတ်ဖို့ သိမ်းထားချင်ရင် Save ကို နှိပ်ပါ။ Share ကို နှိပ်ရင် Facebook, Messenger, Viber တို့မှာ မျှဝေနိုင်ပါတယ်။

56

သိမ်းထားတာတွေကို ကြည့်ဖို့အတွက် ညာဘက်အပေါ်ထောင့်မှ ပင်အပ်ပုံ ခလုတ်ကို နှိပ်ပါ။ အဲဒီမှာ သိမ်းထားတဲ့ သတင်းအားလုံးကို ပြသပေးထားပါတယ်။

7

ဘယ်ဘက်အပေါ်ထောင့်မှ အလျားလိုက် မျဉ်းကြောင်းကို နှိပ်ရင် Menu ကိုရောက်ရှိမှာပါ။ အဲဒီကနေ ပြင်ဆင်ရန် သို့မဟုတ် Settings ကို နှိပ်ပါ။

8

Notification ကဏ္ဍအောက်မှ အချက်ပြစနစ်ချိန်ရန်မှာ သတင်းအသစ်တွေ ၀င်လာရင် တစ်နေ့မှာ ဘယ်နှစ်ကြိမ် အချက်ပြပေးရမလဲဆိုတာ သတ်မှတ်နိုင်ပါတယ်။

9

သတင်းအလိုက် အချက်ပြရန်မှာ ရွေးချယ်ထားတဲ့ ကဏ္ဍကို အချက်ပြပေးဖို့ သတ်မှတ်နိုင်ပါတယ်။

10

Tha Din App မှာ 7daydaily, popularmyanmar, trend.com.mm, internet journal, shweproperty.com, mizzimaburmese.com, news-eleven.com စတဲ့ ၀က်ဆိုက်များမှ သတင်းများကို အဓိက စုစည်းပေးထားတာ တွေ့ရပါတယ်။

Tha Din App ဟာ Beta အဆင့်သာ ရှိသေးလို့ Android 4.4 အောက် ဖုန်းများမှာ အမှားများ ရှိနိုင်တယ်လို့ Developer များက သတိပေးထားပါတယ်။ ဒါပေမယ့် စာရေးသူရဲ့ Android 4.1 ဖုန်းမှာတော့ အဆင်ပြေတာတွေ့ရပါတယ်။ App ကို အောက်ပါလင့်မှာ အခမဲ့ ရယူနိုင်ပါတယ်။

Download

Myanmar Digital Life Journal

No comments:

Post a Comment