Saturday, July 25, 2015

♪ အားသွင်းကြိုး မလိုတဲ့ Vinsic Wireless Charger ♫

vinsic 1
Samsung Galaxy S6 နဲ့ Samsung Galaxy S6 Edge တို့မှာပါဝင်လာတဲ့ Wireless Charging Feature ကို Samsung တစ်မျိုးတည်းမှာပဲ ရနိုင်တာဆိုပြီး Smart Phone အသုံးပြု သူတွေ စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီ Feature ဟာ Wireless Charger မရှိပဲ ဘာမှလုပ်လို့မရဘူးဆိုတာ Smart Phone အသုံးပြုသူတွေသိကြတဲ့အခါမှာတော့ Samsung Galaxy s6 နဲ့ Samsung Galaxy S6 Edge တို့အပေါ် Smart Phone အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုက လျှော့ကျသွားခဲ့ပါတယ်။ ဒီလို Wireless Charger တွေအများအပြားရှိတဲ့အထဲကမှ အခုဆိုရင် Vinsic ကလည်း Wireless Charger တစ်မျိုးနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Wireless Charger ကို ၁၅.၉၀ ဒေါ်လာနဲ့ Amazon Website မှာ ၀ယ်ယူနိုင်ပါတယ်။

vinsic 2

Vinsic Wireless Charger ရဲ့ စွမ်းဆောင်ရည်ကတော့ ၃.၅ လက်မ နှင့် ၆ လက်မ ၀န်ကျင်အတွင်းမှာ ရှိတဲ့ Wireless Devices တွေကို အားသွင်း ကြိုးမလိုပဲ အားသွင်းနိုင်ပါတယ်။ Wireless အားသွင်းနိုင်တဲ့ Wireless Devices တွေထဲမှာ Samsung Galaxy Note 4 လည်း အပါဝင်ဖြစ်ပါတယ်။ Vinsic Wireless Charger ရဲ့ အပြင်ကာဗာကိုတော့ ပလပ်စတစ် နှင့် စတီး ပေါင်းစပ်ကာဖုန်းအုပ် ကာကွယ်ထားတာဖြစ်ပြီး အလေးချိန်အနေနဲ့ကတော့ ၃ အောင်စ ၀န်ကျင်လေးပါတယ်။



vinsic 3
Vinsic Wireless Charger မှာ ပါဝင်တဲ့ USB Cable ကြိုးက ၂၈ လက်မ အရှည်ရှိပြီး ပြန်ထုတ်ပေးနိုင်တဲ့ လျှပ်စစ် ဗို့အားကတော့ 1.5 A ဖြစ်ပါတယ်။ အောက်ခြေမှာ LED မီးသီးနှစ်လုံးပါရှိမှာဖြစ်ပါပြီး အကယ်၍ Charger ကို လျှပ်စစ်နှင့် ချိတ်ဆက်လိုက်ရင်တော့ LED မီးသီး အနီရောင်က လင်းနေမှာဖြစ်ပြီး ၊ သင့်ရဲ့ Device ကို Wireless အနေဖြင့် အားသွင်းဖို့ ချိတ်ဆက်လိုက်ရင်တော့ LED မီးသီး အစိမ်းရောင်က လင်းနေမှာဖြစ်ပါတယ်။ ဒီဇိုင်းဆန်းဆန်း နည်းပညာ နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပစ္စည်းတွေကို စွဲလန်းကြတဲ့ အသုံးပြုသူတွေအတွက်တော့ တကယ်အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

Aung Ko Htet (MMAS)
#akh_mmas

No comments:

Post a Comment