iTunesU ဆိုတဲ့ App ကို MacBook ပေါ်မှာရော၊ iPad တွေပေါ်မှာရော, iPhone
မှာကော သုံးလို့ရတာ အတော်လေး ကြာပါပြီ။ iTunesU စပေါ်တာ ပြောရရင်တော့ ၂၀၀၇
ခုနှစ်က ဖြစ်ပြီး iOS app, နဲ့ Mac OS တွေမှာ အသုံးပြု နိုင်ပါတယ်။
စတင်ပေါ်ပေါက်ကတည်းက Apple ဟာ အမေရိကန်၊ နယူးဇီလန်၊ အင်္ဂလန်၊ ကနေဒါ၊
နယူးဇီလန် အပြင် အခြား နိုင်ငံကြီးများက အကြီးဆုံး တက္ကသိုလ်များနဲ့
ချိတ်ထားတာပါ။ ဟားဗတ်စ်၊ အောက်စဖို့၊ ကိန်းဘရိတ်ခ်ျ အပြင် ကမ္ဘာ့ ထိပ်တန်း
တက္ကသိုလ်များဟာ Apple နဲ့ သဘောတူညီမှု ရယူပြီးတော့ Education content
တွေကို အခမဲ့ ပေးနေတဲ့ App ဖြစ်ပါတယ်။အဲ့ဒီကနေပြီးတော့ စာအုပ်တွေ၊ lecture ဗီဒီယိုတွေ ယူနိုင်တယ်။ Asisgment တွေလည်း ပေးတယ်။ သူတို့ဆီမှာဆိုရင် တက္ကသိုလ် enroll လုပ်ပြီး assigment လုပ်၊ စာပေး၊ စာယူ လုပ်နဲ့ ကျောင်းတက်စရာ မလိုလောက်အောင် ဖန်တီးပေးတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လောလောဆယ် ဘာလုပ်နိုင်သလဲဆို စာအုပ်တွေ ဒေါင်းနိုင်တယ်။ ဗီဒီယိုတွေ ဒေါင်းနိုင်တယ်။ assignment တွေလည်း လုပ်နိုင်ပါတယ်။ certificate တို့ ဘာတို့ ရမရတော့ မသိပါ။ ကျွန်တော့ အယူအဆကတော့ certificate တွေထက် တကယ် တတ်မြောက်သွားတာက တကယ့် အနှစ်အစစ်ပါ။
iTunesU မှာ Course ပေါင်းများစွာ ရှာဖွေနိုင်ပြီး နည်းပညာ၊ Science, Math, Business အပြင် အခြားသော course ပေါင်း များစွာ ရှိနေပြီး မိမိရဲ့ ပညာရေးအတွက် တကယ် အကျိုးရှိစေ ပါတယ်။ iTunesU ကိုလည်း Apple ရဲ့ App Store မှာ လွယ်တကူ ရှာဖွေ တွေ့ရှိ နိုင်ပါတယ်။ iPhone 6, 6Plus တွေမှာဆိုရင် iOS update လုပ်တဲ့အခါ အလိုအလျောက် ပါဝင် ပါလိမ်မယ်။
.
အောင်ခမ်း (MMAS)
No comments:
Post a Comment