Thursday, July 16, 2015

ရန်ကုန်အဝေးပြေး ကားဂိတ်များ၏ လိပ်စာများကို သိရှိနိုင်မည့် WayPyay Application ထွက်ရှိ



ရန်ကုန် အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ရှိ ကားဂိတ်ပေါင်း ၂၀၀ ကျော်၏ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များ ပါရှိသည့် WayPyay (ဝေးပြေး) Application ကို Zwenexsys Int'l Ltd က စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အဝေးပြေးကားဂိတ်များနှင့် ပတ်သက်သည့် Application အား လတ်တလောတွင် Android OS အတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လာမည့်နှစ်လအတွင်း iOS Platform အတွက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Zwenexsys Int'l Ltd ၏ မန်နေဂျင်းဒါရိုက်တာ ကိုသာထက်က ပြောသည်။
“ခရီးသွားလာရင်း ကားဂိတ်ဖုန်းနံပါတ် သိချင်တဲ့အခါ ရှာမရတဲ့အခက်အခဲကို အဓိက ဖြေရှင်းပေးဖို့ပါ။ ကားလိုင်းပေါင်း နှစ်ရာကျော်ရဲ့ရန်ကုန်နဲ့ နယ်ဂိတ် လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ လိပ်စာကတ်တွေကို အင်တာနက်မလိုဘဲ ကြည့်နိုင်တာဖြစ်လို့ အင်တာနက်မရတဲ့ နေရာမျိုးမှာပါ အဆင်ပြေစေနိုင်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

WayPyay Application ၌ အားလပ်ရက် ခရီးသွားကားများ၊ စင်လုံးငှား ကားလုပ်ငန်းများ၏ အချက်အလက်များကိုလည်း ဆက်လက် ထည့်သွင်းသွားရန်ရှိပြီး သုံးစွဲသူ၏ လိုအပ်ချက်အလိုက် အခြားမြို့ကြီးများ၏ ကားဂိတ်လိပ်စာများအား ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal
 

No comments:

Post a Comment