Wednesday, July 29, 2015

Facebook သေတမ်းစာ


Mylegacycontact
ကျွန်တော်တို့လူသားတွေဟာ တစ်နေ့မဟုတ် တစ်နေ့ သေကြရမဲ့လူတွေဖြစ်ပါတယ်။ ဒီလို တစ်နေ့ သေကြရ မယ်ဆိုတာကိုသိရှိနေကြတဲ့လူတွေဟာ မိမိတို့ပိုင်ဆိုင်ထားသမျှ စည်းစိမ်တွေကို သေတမ်းစာရေးပြီး မိမိ ယုံကြည်စိတ်ချ ကြည်ဖြူသူကို လွှဲပြောင်းပေးခဲ့ကြပါတယ်။ အခုခေတ်မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ အားလုံးရဲ့ ဘ၀တွေကို Virtual World ထဲမှာ လည်ပတ်နေနိုင်အောင် သိမ်းပိုက်ထားတဲ့ Facebook လည်း ပါဝင်ပါလိမ့်မယ်။ ဒါဆိုရင် မိမိသေဆုံးတဲ့အခါ မိမိရဲ့ Facebook account ကိုလည်း မိမိယုံကြည်စိတ်ချရတဲ့လူတစ်ဦးတစ်ယောက်ဆီကို လွှဲပြောင်းပေးဖို့အတွက် ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။  သာမန်သူတစ်ယောက်အတွက် မလိုအပ်ပေမဲ့ အွန်လိုင်းမှာ Facebook နဲ့ အလုပ်လုပ်နေတဲ့ လူတွေ နဲ့ Facebook ကို ရူးသွပ်စွာ အသုံးပြုနေကြတဲ့ Facebook User တို့အတွက်တော့ လိုအပ်လာပါတယ်။
ဒီတော့ မိမိယုံကြည်စိတ်ချရတဲ့ လူဆီကို မိမိရဲ့ Facebook Account ကိုဘယ်လိုလွဲပြောင်းပေးကြမလဲ ? ဒီအတွက်ဘာမှမပူပါနဲ့။ Facebook က မိမိရဲ့ Facebook Account ကို သေတမ်းစာ သဖွယ် မိမိယုံကြည်စိတ်ချရတဲ့လူဆီလွှဲပြောင်းပေးနိုင်မဲ့ Feature အသစ်တစ်ခုကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီ Feature ကတော့ My Legacy Contact လို့ ခေါ်ပါတယ်။ သေတမ်းစာ လွှဲပြောင်းပေးမဲ့လူဟာ My Legacy Contact ဆိုတဲ့ Feature အသစ်ထဲမှာ မိမိယုံကြည်စိတ်ချရတဲ့လူကို ထည့်သွင်းထားရမှာဖြစ်ပြီး အကယ်၍ မိမိသေဆုံးသွားတဲ့အခါ မိမိလွှဲပြောင်းပေးခဲ့တဲ့လူက မိမိအကောင့်ကို စိတ်ကြိုက်စီမံပိုင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။  ထိုသူဟာ မိမိ Facebook အကောင့်ကို အပြီးပိုင် ဖျက်သိမ်းလျှင် သော်လည်းကောင်း ၊ မိမိ အကောင့်ကိုပဲ ဆက်လက် အသုံးပြုလိုလျှင်သော်လည်းကောင်း စိတ်ကြိုက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီ Feature အသစ်ကိုတော့ ဘယ်သူမှ အသုံးမပြုနိုင်သေးပဲ သတင်းအနေနဲ့သာ ထုတ်ပြန်ထားပါသေးတယ်။ အကယ်၍ အသုံးပြုခွင့်ရလာခဲ့ရင်တော့ မိမိအကောင့်ရဲ့ Setting ထဲမှာတစ်ဆင့် Security Tab ကို နှိပ်ကာ My Legacy Contact ဆိုပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Feature ကို အသုံးပြုလိုသူများအနေဖြင့် My Legacy Contact မှာ မိမိယုံကြည်စိတ်ချ ကြည်ဖြူတဲ့ မိမိအကောင့်ကို လွှဲပြောင်းပေးမဲ့လူကို ထည့်သွင်းပေးရမှာဖြစ်ပြီး Facebook မှ ၄င်းလူ၏ Facebook account ဆီသို့ ဖိတ်ခေါ်စာပေးပို့မှာဖြစ်ပါတယ်။ ထို ဖိတ်ခေါ်စာကို လက်ခံမှသာလျှင် မိမိအကောင့်ကို လွှဲပြောင်းပေးခြင်း အထမြောက်အောင်မြင်မှာဖြစ်ပါတယ်။

Ref: Pocketlint
Aung Ko Htet (MMAS)
#akh_mmas

No comments:

Post a Comment