Thursday, July 30, 2015

MPT ဖြင့် Line Application ကို နှစ်လ အခမဲ့အသုံးပြုနိုင်


 မန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ယနေ့မှစတင်၍ စက်တင်ဘာ ၃၀ ရက်အထိ Line Application ကို အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။


Line Application ကို အခမဲ့အသုံးပြုရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအားလုံး အသုံးပြုနိုင်မည်မဟုတ်ဘဲ SWE ဝန်ဆောင်မှုကို ရယူထားသူများသာ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။

ပရိုမိုရှင်းအနေဖြင့် MPT နှင့် Line Application တို့ ပူးပေါင်းဆောင်ရွက်သော အဆိုပါ အခမဲ့ဝန်ဆောင်မှုကို အသုံးပြုရာတွင် ကန့်သတ်ချက်အနေဖြင့် တစ်လလျှင် 50MB ရရှိမည်ဖြစ်ပြီး အဆိုပါပမာဏထက် ကျော်လွန်အသုံးပြုမည်ဆိုပါက ပုံမှန်အင်တာနက် အသုံးပြုခအတိုင်း ပေးဆောင်ရမည်ဟု သိရသည်။

“တစ်လ 50MB ဆိုတာ လုံလောက်တဲ့ပမာဏလို့ မြင်မိပါတယ်။ နောက်လတွေမှာဆိုရင် Line ကနေပြီးတော့ MPT အတွက် သီးသန့် စတစ်ကာတွေ ထွက်လာပါဦးမယ်” ဟု KDDI မှ ဈေးကွက်ဒါရိုက်တာဖြစ်သူ Mr. Takashi Shigeno က ပြောသည်။

Line Application ကို MPT ၌ နှစ်လအကြာ အခမဲ့အသုံးပြုရာတွင် Chatting ပြုလုပ်ခြင်း၊ စတစ်ကာပေးပို့ခြင်း၊ ဓာက်ပုံမျှဝေခြင်း၊ Update တင်ဆက်ခြင်း၊ အသံနှင့် Video Call များ ပြောဆိုခြင်း စသည်တို့ ပြုလုပ်နိုင်မည်ဟု သိရသည်။

Line သည် လက်ရှိအချိန် ၌ MPT နှင့်အတူ Cony နှင့် Brown ဟူသော စတစ်ကာနှစ်ခုကို မိတ်ဆက်ခဲ့ပြီး Line ပေါ်၌ သီးခြား သတင်းတင်ဆက်ပေးမည့် MPT စာမျက်နှာအသစ်ကိုလည်း မိတ်ဆက်ခဲ့သည်။
နိုင်ငံပေါင်း ၆၉ နိုင်ငံ၌ လက်ခံအသုံးပြုနေသည့် Line Application သည် မြန်မာနိုင်ငံ၌ စမတ်ဖုန်း အသုံးပြုမှု တိုးတက်လာသည့်နောက်ပိုင်း အသုံးပြုသူ အရေအတွက် ၃၀၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

Line Application ကို ၂၀၁၅ ခုနှစ် အစောပိုင်း၌ မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်၌ အသုံးပြုသူ အရေအတွက် ၂၀၅ သန်းခန့်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်း Line အသုံးပြုသူ အရေအတွက်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့သည့် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ချဲ့ထွင်မှုများကို Line အနေဖြင့် ပြုလုပ်ဆောင်ရွက်သွားလိုကြောင်း Line Myanmar ၏ အထွေထွေမန်နေဂျာဖြစ်သူက ပြောသည်။

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

No comments:

Post a Comment