Wednesday, July 22, 2015

MAB MasterCard စတင် အသုံးပြုနိုင်


 
 
 
 
 မြန်မာ့ရှေ့ဆောင်ဘဏ်၏ MAB MasterCard Prepaid World Money Travel Card ကိုဇူလိုင်လ (၂၇) မှစတင်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
အဆိုပါကတ်မှာ အဓိကအားဖြင့် နိုင်ငံခြားသို့ အားလပ်ရက် ခရီးသွားသူများ၊ ကျောင်းသူကျောင်းသားများ၊ စီးပွားရေးသမားများနှင့် ဆေးကုသခံယူသူများ အတွက်ရည်ရွယ်၍ ထုတ်လုပ် ထားသော ကတ်ဖြစ် ကြောင်း သိရသည်။ “MasterCard ကို နိုင်ငံပေါင်း ၂၁၀ ကျော်ရဲ့ဘဏ်အဖွဲ့အစည်းတွေ၊ ကုန်သည် တွေ၊ အစိုးရပိုင်လုပ်ငန်းတွေ၊ စီးပွားရေး သမားတွေနဲ့ ဆက်သွယ်မှု ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်၊ Merchant ပေါင်း ၃၅ သန်းကျော်နဲ့ ၂.၁ သန်းသော ATM တွေမှာ ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာ့ရှေ့ဆောင်ဘဏ်၏ Cards & Payments Department မှ Head of Card Department ဖြစ် သူ Mr.Benjamin Ng ကပြောသည်။ ယခုထုတ်လုပ်လိုက်သော MAB MasterCard ကိုမြန်မာ့ရှေ့ ဆောင်ဘဏ်များတွင် မှတ်ပုံတင်ဖြင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

စတင်အသုံးပြုမည်ဆိုပါက မှတ်ပုံတင်ကြေး ၁၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး ကတ်အတွင်းသို့ ဒေါ် လာ ၅၀ မှ ၅၀၀၀ အထိထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကတ် ကိုင်ဆောင်သူများ သည် ငွေပေးချေမှု တစ်ခုပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် မိမိတို့၏အရောင်းအ၀ယ်ပြုလုပ်ထားသော ငွေပေးချေမှုမှတ်တမ်းများနှင့် စာရင်းရှင်းတမ်းတို့ကို MAB’s Online Customer Portal တွင် ချက်ချင်း ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ ကတ်ပိတ်ခြင်း၊ ဖွင့်ခြင်းများကို Customer Portal မှတစ်ဆင့် ပြု လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် MasterCard Worldwide တို့ပူး ပေါင်းဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး လက်ရှိ အဆိုပါ ဘဏ်တွင် ဗီဇာကတ်ကိုလည်း အသုံးပြုနိုင်ပြီဖြစ် သည်။ မြန်မာ့ရှေ့ဆောင်ဘဏ်ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိဘဏ်ခွဲပေါင်း (၆၀) ရှိကြောင်းသိရသည်။ MasterCard မှာ ကမ္ဘာ့ငွေပေးချေမှုဆိုင်ရာလုပ်ငန်းများ၏ နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်သည်။



 Credit==>internetjournal

Thiha Htike(THT)

No comments:

Post a Comment