iPhone/Pad တွေမှာ Unicode ရော Zawgyi ရောမြင်ရမယ့် Unicode Font
Profile လေးပါ။ Unicode 100% အမှန်မြင်ရသလို Zawgyi font
နဲ့ရေးထားတာတွေကိုလည်း 95% နီးပါးအမှန်မြင်ရတာကိုတွေ့ရပါတယ် ။ Myanmar
Unicode Area မှာတွေ့လို့စမ်းကြည့်ဖြစ်တာပါ။ ဖန်တီးသူကတော့ ကို Win Lwin
Moe လို့သိရပါတယ် ။ Unicode သုံးချင်နေသူတွေလည်း ဒီ profile
လေးကိုသွင်းထားခြင်းအားဖြင့် ဇော်ဂျီနဲ့ရေးထားတာတွေကိုပါ
အနီးစပ်ဆုံးမှန်ကန်စွာဖတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် unicode font
ဖြစ်တဲ့အတွက် စာရိုက်ရင်တော့ unicode keyboard layout
နဲ့ပဲရိုက်လို့ရပါမယ်။ ttKeyboard ထဲက Uni-ZG (or) MyanSan Layout
နဲ့ရေးမှအဆင်ပြေပါမယ်။ ဇော်ဂျီ Layout နဲ့ရေးရင် တလွဲတွေပေါ်ပါမယ်။
ယူနီ-ဇော်ဂျီ ၂ မျိုးလုံးနီးပါးဖတ်နိုင်တဲ့ Font Profile
လေးကိုသွင်းလိုတယ်ဆိုရင်တော့ အောက်က link ကို safari browser မှာ ဖွင့်
ပြီး မိမိတို့ရဲ့ iPhone/Pad ထဲမှာ font profile ကိုသွင်းရပါမယ်။
http://goo.gl/sBVzga
(မသွင်းခင်မှာ ယခင်သွင်းထားတဲ့ Zawgyi Font Profile (သို့) သွင်းထားပြီးသား Font Profile ကိုတော့ပြန်ဖျက်ထားဖို့လိုပါမယ်။ Setting>General>Profile ထဲကိုဝင်ပြီး Zawgyi-one profile (သို့မဟုတ်) သွင်းထားပြီးသား Font Profile ကို Delete လုပ်ပါ။)
အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး ။ အဆင်ပြေကြပါစေ။
Ref:Myanmar Unicode Area

Thet Naing Soe (Myanmar Mobile App)
No comments:
Post a Comment